Unicode (zawgyi below)
Yuta's POV
အရင်ဆုံးသွားမိတာက ရထားဘူတာ
လက်မှတ်ဝယ်ပြီးတဲ့အချိန်မှာ ကျွန်တော့်ဘေးကနေဖြတ်ခနဲတွေ့လိုက်ရတာက အဝါရောင်ဆိုတဲ့အရောင်လေးတစ်ခု
အဝါရောင်အင်္ကျီဝတ်ထားတဲ့ကောင်လေးတစ်ယောက်က ကျွန်တော်ပြီးတော့မှလက်မှတ်ဝယ်တာဖြစ်တယ်။ သေချာကြည့်လိုက်မိတော့ ကျွန်တော့်ရဲ့တိုက်ခန်းတန်းလျားမှာတွေ့ခဲ့တဲ့ကောင်လေး။
ဘာမဆိုအရေးမလုပ်တတ်တဲ့ကျွန်တော်ကလည်းအမှုမဲ့အမှတ်မဲ့ပဲနေခဲ့တယ်
သူလည်းသူသွားစရာရှိတဲ့နေရာကိုရောက်ဖို့လက်မှတ်ဝယ်တာပေါ့လေ ဆိုတဲ့ ကိုယ့်ကိစ္စကိုယ် သူ့ကိစ္စသူဆိုတဲ့ အရေးမလုပ်တဲ့ အမှုမဲ့အမှတ်မဲ့မျိုးတွေပေါ့
ကျွန်တော်သွားမယ့် မြို့ထဲတစ်နေရာဟာ ကျွန်တော်နေတဲ့နေရာကနေ bus စီးမယ်ဆိုရင် အနည်းဆုံးတော့မိနစ် ၄၀ လောက်တော့အချိန်ကြာတယ်
တစ်ခါတစ်လေကျရင် စိတ်ရှုပ်နေတဲ့အချိန်တွေ ဘာမဆိုစိတ်မရှည်တဲ့အချိန်တွေမှာဆိုရင် ပိုပြီးမြန်မြန်ဆန်ဆန်နဲ့ရောက်ချင်တယ်လေ
အခုလည်း ကျွန်တော်ကိုယ်တိုင်တောင်မသိတဲ့စိတ်ကတစ်မျိုးခံစားနေရလို့ သွားရမယ့်နေရာကိုမြန်မြန်ရောက်ချင်နေတာကြောင့် မြေအောက်ရထားကိုရွေးစီးမိတာဖြစ်တယ်
လက်မှတ်ဖြတ်ပြီးတော့ စီးရမယ့် ရထားကိုကျွန်တော်စောင့်ဖို့ ပလက်ဖောင်းပေါ်မှာအစဉ်လိုက်တန်းစီရပ်နေတဲ့လူတန်းရဲ့အနောက်မှာ တန်းစီလိုက်တယ်
ကျွန်တော့်အနောက်မှာကပ်လျက်တန်းစီရပ်လာတဲ့လူတစ်ယောက်ကိုကျွန်တော်မလှည့်ကြည့်မိ။
ဒါပေမယ့် ကျွန်တော်လူတန်းအနောက်မှာရပ်လိုက်ပြီး ထိုလူကျွန်တော့်နောက်မှာရပ်လိုက်တဲ့ ကြားအချိန်ကွာခြားမှုဟာစက္ကန့်ပိုင်းမျှသာကွာတယ်
ရထားရောက်တော့ ကျွန်တော်တို့လူတန်းကအတန်းလိုက်ကြီးရထားထဲကိုဝင်လိုက်ကြတယ်
ရထားကလည်းချောင်တော့ ကျွန်တော်တို့ရဲ့လူတန်းရှည်တစ်တန်းစာလောက်ကတော့အသာလေးဆန့်သွားတယ်

YOU ARE READING
I'll Sleep Beside You
FanfictionThis fic is written in both Unicode and Zawgyi Unicode ကျွန်တော်ကသူ့ကိုချစ်တယ် သူကကျွန်တော့်ကိုအဝေးကနေပဲချစ်ချင်တယ် ကျွန်တော်ကသူ့အတွက်စွန့်စားတယ် သူကကျွန်တော့်ကို အဝေးကိုတွန်းထုတ်တယ် ကျွန်တော်ကသူ့အတွက်မိုက်ရူးရဲဆန်တယ် သူကကျွန်တော့်ကိုနာကျင်မှုတွေနဲ...