Unicode (Zawgyi below)
Win Win's POV
ပွဲဈေးတန်းမှာကျွန်တော်တို့အသားကုန်စားသောက်ခဲ့ပြီးတဲ့နောက် ကျွန်တော်တို့တည်းတဲ့ အိမ်ပိုင်ရှင်အဒေါ်ကြီးဧည့်ဝတ်ကျေအောင်လာကျွေးတဲ့မုန့်ကလေးကိုတောင်မှ အားနာပါးနာနဲ့ထပ်မစားနိုင်တော့ဘူး
အပြုံးလေးနဲ့သာ မစားနိုင်တော့ကြောင်းငြင်းလိုက်ရတယ်။
ကျွန်တော်တို့ညသန်းခေါင်မှာလ့တ်တဲ့မီးပန်းရောင်စုံကိုကြည့်ခဲ့ကြပြီး တည်းတဲ့အိမ်ကိုပြန်ရောက်တဲ့အချိန်မှာ မနက် ၂ နာရီလောက်ရှိနေပြီ
ကိုယ့်အိမ်မှာဒီလိုပြန်လာတာနောက်ကျရင်တောင်မှ အဖေအမေရဲ့မျက်နှာရိပ်မျက်နှာကဲကိုကြည့်ပြီးအိမ်ထဲဝင်ရတာ အခုလိုသူများအိမ်မှာတည်းခိုတဲ့အခါကျတော့ အိမ်ပြန်နောက်ကျတာဟာသိပ်ကိုအားနာဖို့ကောင်းတယ်။ ကျွန်တော်တို့ပြန်အလာကိုစောင့်နေရပြီး ကျွန်တော်တို့ပြန်လာရင် တံခါးဖွင့်ပေးဖို့မအိပ်ရသေးတာလေ။ ဒါဟာအားနာဖို့ကောင်းတယ်
ဒါပေမယ့် ကျွန်တော်တို့တည်းတဲ့ Lavender ပန်းခင်းရှိတဲ့အိမ်က အိမ်ရှင်လင်မယားကအတော်ကိုသဘောကောင်းကြတယ်
ပန်းပင်တွေကိုပြုစုပျိုးထောင်ကြလို့လားမသိ သူတို့ရဲ့စိတ်ထားလေးတွေကနူးညံ့ပြီး အရာရာတိုင်းကိုယုံကြည်မှုရှိကြတယ် ဒီလိုစိတ်ထားလေးတွေကြောင့် သူတို့ရဲ့မျက်နှာလေးတွေကအေးချမ်းတယ်။
ကျွန်တော်တို့အိမ်ပြန်နောက်ကျတာတောင်မှ မုန့်လေးတွေထပ်ကျွေးပြီးဧည့်ခံသေးတာ
ကျွန်တော်တို့ ၂ ယောက်အတွက် ခေါက်မွေ့ယာ ၂ ခုကိုလည်းအဆင်သင့်ချပေးထားတယ်
အခန်းကိုလည်းထပ်ရှင်းပေးထားတယ်ထင်ပါရဲ့။ ကိုယ့်အိမ်ကအခန်းမဟုတ်လို့မမှတ်မိပေမယ့် စစရောက်တုန်းက အခန်းကပစ္စည်းတစ်ချို့နဲ့ရှုပ်ထွေးပြီး အခုတော့ပိုကျယ်ပြီးရှင်းသွားသလိုခံစားရတယ်
ကျွန်တော်ခေါက်မွေ့ယာတွေကိုဖြန့်ခင်းလိုက်ပြီး စောင်တွေ ခေါင်းအုံးတွေနဲ့သေသေချာချာနေရာချလိုက်တယ်

YOU ARE READING
I'll Sleep Beside You
FanfictionThis fic is written in both Unicode and Zawgyi Unicode ကျွန်တော်ကသူ့ကိုချစ်တယ် သူကကျွန်တော့်ကိုအဝေးကနေပဲချစ်ချင်တယ် ကျွန်တော်ကသူ့အတွက်စွန့်စားတယ် သူကကျွန်တော့်ကို အဝေးကိုတွန်းထုတ်တယ် ကျွန်တော်ကသူ့အတွက်မိုက်ရူးရဲဆန်တယ် သူကကျွန်တော့်ကိုနာကျင်မှုတွေနဲ...