Unicode (zawgyi below)
Yuta's POV
"ကျွန်တော် Yuta San ကိုချစ်တယ် အင်းးး ချစ်လို့ "
ကျွန်တော့်ကိုတိုက်ခတ်နေတဲ့လေအေးတွေကနေရာပြောင်းပြီး ကျွန်တော့်ရင်ထဲကိုရောက်ကာဝင်ရောက်တိုက်ခတ်နေသလိုခံစားလိုက်ရတယ်
သူဒီစကားပြောပြီးတော့ အမှားတစ်ခုခုကိုသူကျူးလွန်လိုက်မိတဲ့ပုံစံမျိုးနဲ့ ကျွန်တော့်ကိုထားပြီး ထွက်သွားတယ်။
ကျွန်တော် Win Win ရဲ့အနောက်ကနေဆက်ကပ်လိုက်မနေတော့ဘဲ သူထားခဲ့တဲ့နေရာမှာတင်ဆက်ရပ်နေခဲ့တယ်
Win Win ကတော့ကျွန်တော့်ကိုတောင်နောက်ပြန်လှည့်မကြည့်တော့ဘဲ ခြေလှမ်းကျဲကျဲတွေနဲ့အမြန်လျှောက်သွားတာ ပန်းခင်းရဲ့အလယ်တောင်ကျော်သွားပြီ။ တဖြည်းဖြည်းဝေးသွားတဲ့ Win Win က ခရမ်းရောင်ပန်းခင်းတွေထဲမှာ သေးငယ်လွန်တဲ့ပျားပုတုန်းတစ်ကောင်လိုတဖြည်းဖြည်းပျောက်ကွယ်သွားတယ် နောက်ဆုံးသူ့ရဲ့ကျောပြင်ကိုလုံးဝမမြင်ရတော့တဲ့အထိပေါ့
ကျွန်တော်ဘာကြောင့်များ လှည့်ထွက်သွားတော့မယ့်သူ့လက်တွေကိုလှမ်းမဆွဲဘဲ အခုလိုပန်းခင်းထဲလုံးဝပျောက်ကွယ်သွားတဲ့အထိပစ်ထားလိုက်မိတာလဲ
မမြင်ရ ကိုင်တွယ်လို့မရဘဲကျွန်တော့်ကိုပြုံးပျော်စေတဲ့ အချစ် ဆိုတဲ့လက်ဆောင်ကိုပေးခဲ့တဲ့သူ့ကို ၊ ကျွန်တော့်ရဲ့သိပ်ကိုမှောင်ပိန်းလွန်းတဲ့အထီးကျန်နေ့စဉ်ဘဝတွေကိုထူးခြားပြောင်းလဲစေခဲ့တဲ့သူ့ကို ကျွန်တော်ကအခုတော့ ကျွန်တော့်ဆီကထွက်ခွာပြီးပျောက်ကွယ်သွားတဲ့အထိလွှတ်ထားလိုက်မိတယ်
ခဏငြိမ်သွားတဲ့လေအေးကနောက်တစ်ကြိမ်ထပ်တိုက်လာတော့ဘေးက Lavender ပန်းပွင့်ကကျွန်တော့်ရဲ့အသားတွေကိုလာထိတွေ့တယ်
လာထိတွေ့တဲ့ ပန်းပွင့်ကိုကျွန်တော်မကြွေအောင်သတိထားကိုင်လိုက်တယ်
ပန်းကိုကိုင်လိုက်တဲ့ကျွန်တော့်လက်မှာ ကျွန်တော်ပြန်မြင်လိုက်ရတာက Win Win ဆံပင်ထည့်ကျစ်ထားတဲ့လက်ကောက်လေး
"အင်း မင်းချစ်သလိုငါလည်းမင်းကိုချစ်တာပေါ့"
ကျွန်တော့်ဆီကထွက်သွားပြီးမှ သူမကြားနိုင်တော့တဲ့အချိန်မှာမှ ကျွန်တော်ဒီစကားကိုရေရွတ်ခဲ့တယ်

YOU ARE READING
I'll Sleep Beside You
FanfictionThis fic is written in both Unicode and Zawgyi Unicode ကျွန်တော်ကသူ့ကိုချစ်တယ် သူကကျွန်တော့်ကိုအဝေးကနေပဲချစ်ချင်တယ် ကျွန်တော်ကသူ့အတွက်စွန့်စားတယ် သူကကျွန်တော့်ကို အဝေးကိုတွန်းထုတ်တယ် ကျွန်တော်ကသူ့အတွက်မိုက်ရူးရဲဆန်တယ် သူကကျွန်တော့်ကိုနာကျင်မှုတွေနဲ...