အပိုင်း (၁)

3.1K 71 2
                                    

ကြည်​ပြာ​ရောင်​​ကောင်းကင်​ထက်​မှာ ဖြူလွှလွှတိမ်​စိုင်​တိမ်​လိပ်​တို့က အဆုပ်​လိုက်​ ကြဲပက်​ထားသလို ဟိုတစ်​စု သည်​တစ်​တစ်​စုနှင့်​......
မန္တ​လေးမြို့ရဲ့ အထင်​ကရဖြစ်​​သော ကျုံး​ရေပြင်​ကြီးက လှိုင်းအ​သေးစား​လေး​တွေ ရိုက်​ခတ်​​နေသည်​။ နံနက်​ခင်းတွင်​ ကျုံး​ရေပြင်​​ဘေးမှာ လမ်း​လျှောက်​သူတို့က များပြားလှသည်​။ မန္တ​လေး​ဆောင်းရဲ့ အ​အေးဓာတ်​က ပတ်​ဝန်းကျင်​ကိုလွှမ်းခြုံးထားသည်​။ မြူနှင်းတို့က ​ဝေ့လည်​​နေ၍ သာယာလှ​သော ​ဆောင်းအလှကို ဖြည့်​စွက်​​ပေး​နေသလို....

ကောင်​​လေးတစ်​​ယောက်​ အားကစားဝတ်​စုံအဖြူကို အနက်​ကျားထား​သော အင်္ကျီဝမ်းဆက်​​လေးဖြင့်​ ပြိုင်​ဘီး​လေးကို တွန်းလာ​လေသည်​။ သူ့အတွက်​ ​ဆောင်းနံနက်​တိုင်း လမ်းထ​လျှောက်​ရသည်​မှာ ​နေ့စဉ်​အလုပ်​တစ်​ခုလို ဖြစ်​​နေ​လေသည်​။ အ​ဖော်​မပါဘဲ တစ်​​ယောက်​ထဲ​နေရသည်​က သူ့ကိုလွတ်​လပ်​​စေသည်​ဟု ထင်​မြင်​​စေသည်​​လေ.....

တစ်​​နေရာအ​ရောက်​မှာ​တော့ စက်​ဘီး​လေးကိုရပ်​ကာ ပါလာ​သော​ ​ရေသန့်​ဘူး​လေးထဲမှ ​ရေကို​မော့​သောက်​ရင်း ကျုံး​ရေပြင်​ကြီးဆီမှလာ​သော ​လေ​ကောင်း​လေသန့်​တို့ကို တစ်​ဝကြီးရှူရှိုက်​​နေ​လေသည်​။ ထို့​နောက်​ လက်​မှနာရီကိုကြည့်​မိ​တော့

'ဟင်​... ၇ နာရီ​တောင်​ထိုးပြီဘဲ။ အိမ်​ပြန်​ပြီး ​လေ့ကျင့်​ခန်းလုပ်​ရဦးမယ်​'

ကျုံးကြီးကို တစ်​ချက်​ကြည့်​ပြီး​နောက်​ ပြိုင်​ဘီး​လေးကို လမ်း​ဘေးချကာ သူ​နေထိုင်​ရာ အိမ်​ကြီးဆီသို့ ပြန်​လာခဲ့သည်​။ အ​တွေးများဖြင့်​ ​ဘေးပတ်​ဝန်းကျင်​ကို ​ငေး​နေစဉ်​မှာ လမ်းဖြတ်​ကူးလာ​သော မိန်းက​လေးတစ်​​ယောက်​ကို မ​မျှော်​လင့်​ဘဲ ဝင်​တိုက်​မိ​လေသည်​။

'အမ​လေး... နာလိုက်​တာ'

ပြိုင်​ဘီး​လေး လဲကျသွားပြီး သူ​ရော ထိုမိန်းခ​လေးပါ ထိခိုက်​သွား​လေသည်​။ မိန်းခ​လေးထံမှ ခပ်​တိုးတိုးညည်းသံ​ကြောင့်​ သူလည်း ထူ​ပေးလိုက်​ရင်း

အမုန်းနယ်​နိမိတ်​ကို လွန်​​သော်​.....(Completed)Where stories live. Discover now