အပိုင်း (၆)

752 22 0
                                    

'ဒီက ငါ့ညီနာမည်​က မင်းဘုန်းမြတ်​​မောင်​​နော်​´

'ဟုတ်​ပါတယ်​ခင်​ဗျ´

'အကိုက​တော့ ရိုက်​ကူး​ရေးဒါရိုက်​တာပါ။ နန္ဒ​ကျော်​စွာလို့​ခေါ်ပါတယ်​´

သူတို့လက်​ဆွဲနှုတ်​ဆက်​ပြီး​နောက်​ ရိုက်​ကူး​ရေးစမည့်​​နေ့တွင်​ ​ပြောရန်​ Dialogue စာရွက်​နှင့်​ ဇာတ်​ညွှန်းကို သူ့အား​ပေး​လေသည်​။

'အကိုတို့ရိုက်​မယ့်​ကားက Boy Love သ​ဘောမျိုးဘဲ။ ညီသရုပ်​​ဆောင်​ရမယ့်​​နေရာက ခပ်​ဆိုးဆိုးအ​ပေအ​တေ​ကောင်​​လေး​နေရာက​ပေါ့။ ဇာတ်​ကား နာမည်​က ​ကြေးစား တဲ့´

ထို့​နောက်​ ဇာတ်​ညွှန်းကို အကြမ်းဖျင်းဖတ်​ခိုင်းသည်​။ ပြီး​နောက်​ သရုပ်​ရမည့်​​နေရာအတွက်​ အဝတ်​အစားပိုင်းကိုလည်း ​သေချာရှင်းပြ​လေသည်​။ ဒီလိုနဲ့ ည​ရောက်​​တော့ ဇာတ်​ညွှန်းကို ​သေချာဖတ်​​နေ​လေ​တော့သည်​။ ​တော်​​တော်​​လေးကြာမှ မီးမှိတ်​ကာ အိပ်​ရာဝင်​ခဲ့​တော့သည်​။

'သား​ရေ ဒီ​နေ့ အလုပ်​သွားဦးမှာလား´

'အလုပ်​ကထွက်​​တော့မလို့​ဖေ​ဖေ​ရေ။ ဇာတ်​ကားအတွက်​လည်း အဝတ်​အစား​တွေ Accessories ​တွေ ပြင်​ဆင်​ရဦးမယ်​​လေ´

ထို့​နောက်​ အလုပ်​သို့ ထွက်​စာတင်​ရန်​ ထွက်​ခဲ့​တော့သည်​။ ဒီတစ်​ခါ​တော့ အိမ်​ကလိုက်​ပို့သည့်​ ​နောက်​ဆုံး​ပေါ်ကားနှင့်​ အလုပ်​သို့သွားသည်​။ ကား​ပေါ်ကဆင်းလိုက်​ပြီး အလုပ်​ထဲသို့ တစ်​လှမ်းချင်းဝင်​လိုက်​သည်​။

'ဟယ်​ ​မောင်​​လေး ခွင့်​လာတိုင်​တာလား´

'မဟုတ်​ဘူးအမရဲ့ ထွက်​စာလာတင်​တာပါ´

'ဟယ်​​တော့ ဘာအဆင်​မ​ပြေလို့လဲ ​မောင်​​လေးရဲ့´

'မဟုတ်​ဘူးအမရဲ့ ကျွန်​​တော်​က အခုနာမည်​ကြီး​နေတဲ့ ​မော်​ဒယ်​ မင်းဘုန်းမြတ်​​မောင်​နဲ့ မ​ဟော်​ရုပ်​ရှင်​ထုတ်​လုပ်​​ရေးက ရိုက်​မယ့်​ဇာတ်​ကားမှာ သရုပ်​​ဆောင်​ရမှာ​လေ´

'ဟယ်​​တော့ အမတို့​တောင်​မသိရပါလား´

'ကဲပါ ​နောက်​မှ ​အေး​ဆေးလာခဲ့ဦးမယ်​။ အမတို့အတွက်​ မုန့်​လည်းလာပို့ရင်းနဲ့´

အမုန်းနယ်​နိမိတ်​ကို လွန်​​သော်​.....(Completed)Where stories live. Discover now