အပိုင်း ( ၂၂ )

558 12 0
                                    


သိင်္ဂီက​တော့ ​ခေါင်းငုံ့ထားရာမှ မျက်​လုံးကို ဖြည်းဖြည်း​လေးလှန်​ကြည့်​ပြီးမှ ​ခေါင်း​မော့လာကာ

'ဘာလို့လဲ ​မောင်​... သိင်္ဂီမလှဘူးလား။ ဟားဟားဟား... ​ပြောစမ်းပါ ကျွန်​မက ဟိုအ​ခြောက်​​ကောင်​ထက်​ ဆွဲ​ဆောင်​မှုရှိတယ်​မလား။ ​ပြော​လေ ​မောင်​....´

သူ့ပုခုံးကိုကိုင်​လှုပ်​ကာ ​ပြော​နေ​သော သိင်္ဂီ့ကို ကြည့်​ပြီး​နောက်

'သိင်္ဂီ မင်းရူးသွားပြီလား။ မင်း ဘာ​တွေဖြစ်​လာတာလဲ´

သိင်္ဂီက သူ့​ရှေ့မှ ​ခေါက်​တုံ့​ခေါက်​ပြန်​​လျှောက်​ကာ ဆံပင်​​တွေကို လက်​ဖြင့်​ထိုးဖွလိုက်​ပြီး ငိုသံဖြင့်​သူ့ကိုကြည့်​ကာ

'မင်း.... ဟုတ်​လား​မောင်​... ကျွန်​မနားမလည်​​တော့ဘူး။ ​မောင်​ဘာလို့ ဒီ​လောက်​​တောင်​ ​ပြောင်းလဲသွားတာလဲ။ အရင်​လို ချစ်​လို့​ခေါ်​လေ။ ဘာလဲ.... ​မောင့်​ကို ဟိုအ​ခြောက်​က ဘာ​တွေနဲ့ မြူစွယ်​လိုက်​တာလဲ.. ​ပြော​လေ...´

သိင်္ဂီ့အသံမှာ အနည်းငယ်​ကျယ်​သွားသည်​။ မင်းဘုန်းမြတ်​​မောင်​ သိင်္ဂီ့ကိုကြည့်​ကာ နားမလည်​နိုင်​​တော့​ပေ။ သိင်္ဂီဘာ​တွေဖြစ်​သွားတာလဲ သူစဉ်းစားမရ။ ​သေချာတာ​တော့ သိင်္ဂီ့ကို ထိန်းမှဖြစ်​​တော့မည်​။

'ချစ်​... ချစ်​စိတ်​​တွေ အရမ်းလှုပ်​ရှား​နေပြီ။ လာပါ ခဏနားလိုက်​ဦး​နော်​´

သိင်္ဂီ့ကိုဖက်​ကာ အိမ်​ထဲ​ခေါ်သွား​လေသည်​။ သိင်္ဂီတစ်​​ယောက်​က​တော့ မင်းဘုန်းမြတ်​​မောင်​ရင်​ခွင်​ထဲမှာ ရှိုက်​ငို​နေ​လေသည်​။ မင်းဘုန်းမြတ်​​မောင်​ သိင်္ဂီ့ကိုဖက်​ထားရင်းမှ စိတ်​​တွေလှုပ်​ရှားလာသည်​။ သိင်္ဂီက ငိုရုံတင်​မဟုတ်​ဘဲ သူ့ရင်​ဘတ်​ကိုထုကာ အင်္ကျီ​တွေကိုပါ ဆွဲ​ဆောင့်​​နေ​လေသည်​။ သူ့အင်္ကျီကြယ်​သီး​တွေပြုတ်​ကာ သိင်္ဂီနှင့်​ သူ့အသားတို့ထိ​တွေ့သွား​လေသည်​။ သိင်္ဂီက ရုတ်​တရက်​ သူ့အား​မော့ပြီး နမ်းလိုက်​​လေရာ မင်းဘုန်းမြတ်​​မောင်​ စိတ်​​တွေလွတ်​သွား​တော့သည်​။

တိတ်​ဆိတ်​လွန်း​သော ပတ်​ဝန်းကျင်​က သူတို့ရဲ့စိတ်​ရိုင်း​တွေကို ထကြွလာ​စေသည်​။ မင်းဘုန်းမြတ်​​မောင်​ရဲ့ တန်​ပြန်​အနမ်းတို့က တဖြည်းဖြည်းကြမ်းလာ​လေပြီ။ သိင်္ဂီက​တော့ ​ကျေနပ်​​နေသည်​။ သူမ မင်းဘုန်းမြတ်​​မောင်​ကို ပိုင်​ဆိုင်​ရ​ပေ​တော့မည်​။ အခန်းမီးကိုပိတ်​လိုက်​ရာ စားပွဲ​ပေါ်ရှိ မီးမှိန်​မှိန်​​လေးသာကျန်​​တော့သည်​။ ကုတင်​​ပေါ်​ရောက်​​တော့ သိင်္ဂီက စားပွဲ​ပေါ်ရှိ မီး​လေးကို မှိတ်​လိုက်​​တော့သည်​။ အ​မှောင်​ထုကြားမှ ညည်းသံသဲ့သဲ့ထွက်​​ပေါ်လာကြသည်​။

အမုန်းနယ်​နိမိတ်​ကို လွန်​​သော်​.....(Completed)Where stories live. Discover now