အပိုင်း (၁၂)

484 10 0
                                    

မင်းဘုန်းမြတ်​​မောင်​နဲ့ မှူးဆက်​ပိုင်​တို့လည်း ​ရှေ့မှ​ပြေး​လေသည်​။ ​နောက်​မှ သိင်္ဂါလည်း လိုက်​လာ​လေရာ မှူးဆက်​ပိုင်​က အရှိန်​မြှင့်​ကာ ​ပြေး​တော့သည်​။

'အကို.... ညီ့ကိုချစ်​တယ်​ဆို... ညီ့ကိုထားခဲ့မလို့လား။ အကို... မသွားပါနဲ့.... ညီ​တောင်းပန်​ပါတယ်​'

မင်းဘုန်းမြတ်​​မောင်​လည်း ရပ်​ပြီးလှည့်​ကြည့်​လိုက်​​လေသည်​။ သို့​သော်​ မှူးဆက်​ပိုင်​က သူ့လက်​ကိုဆွဲကာ

'အကို အချိန်​မရှိဘူး... အမြန်​လာပါ။ ကျွန်​​တော်​တို့နှစ်​​ယောက်​လုံး ​သေသွားလိမ့်​မယ်​'

သူတို့​ရှေ့မှာ​ရောက်​​နေ​သော ထိုမိန်းက​လေးက အသံနက်​ကြီးဖြင့်​ရယ်​ကာ

'ဟား...ဟား....ဟား.... နင်​က ငါ့လက်​က​နေ လွယ်​လွယ်​နဲ့​ပြေးလို့လွတ်​မယ်​ထင်​​နေတာလား.... ဟား...ဟား...ဟား...'

မှူးဆက်​ပိုင်​လည်း သူမနှင့်​ဆန့်​ကျင်​ဘက်​ကို ​ပြေးရပြန်​သည်​။

'ညီ.... ဒီအတိုင်းဆက်​​ပြေး​နေရင်​ လွတ်​မှာမဟုတ်​ဘူး... ဘယ်​လိုလုပ်​ကြမလဲ'

မှူးဆက်​ပိုင်​လည်း သူစ​ရောက်​ခဲ့​သော​နေရာသို့ ​ခေါ်သွား​လေသည်​။ ထိုမိန်းက​လေးက သူတို့အ​ရှေ့မှာ ကြို​ရောက်​​နေပြန်​သည်​။ မှူးဆက်​ပိုင်​က တခြားလမ်းမှ ​ကွေ့​ရှောင်​ကာ ​ပြေးပြန်​​လေသည်​။ သူတို့နှစ်​​ယောက်​လုံးမှာ အ​တော်​ပင်​​မော​နေကြ​လေပြီ။ သို့​သော်​လည်း ​နေမဝင်​ခင်​ အ​ရောက်​ပြန်​ခဲ့ရန်​ အဘိုးအိုကမှာထား၍ ​ပြေး​နေသည်​ကိုမရပ်​ရဲ​ပေ။ ကြာလာ​တော့ မှူးဆက်​ပိုင်​မှာ မ​ပြေးနိုင်​​တော့ဘဲ လဲကျသွား​လေ​တော့သည်​။

'ညီ.... ရရဲ့လား... ညီ'

'အ... အကို... ညီ... အရမ်း​မော​နေပြီ။ ညီ... ဆက်​...မ​ပြေး... နိုင်​​တော့ဘူး... အကို... လွတ်​​အောင်​... ​ပြေး... ​ပြေးပါ​တော့...'

'မ​ပြေးဘူး... ညီမပါဘဲ အကိုမသွားနိုင်​ဘူး'

မင်းဘုန်းမြတ်​​မောင်​လည်း မှူးဆက်​ပိုင်​ကို ​ကျောပိုးကာ ​ပြေး​လေသည်​။ မှူးဆက်​ပိုင်​မှာ မလှုပ်​နိုင်​​တော့​ပေ။

အမုန်းနယ်​နိမိတ်​ကို လွန်​​သော်​.....(Completed)Where stories live. Discover now