အပိုင်း (၃)

1K 36 0
                                    

မြားနတ်​​မောင်​သည်
မိမိပစ်​​သောမြားအား
သေချာချိန်​၍ပစ်​ပါ​သော်​လည်း
ကြားခံဝင်​သွား​သောအခါ
ပစ်​ချက်​မှာတလွဲဖြစ်​ပြီး
အရှက်​ကွဲ​ရ​လေ၏......

မိုးမြင့်​ထွဋ်​​ခေါင်​ သူတို့​နောက်​မှလိုက်​လာ​သော​ကောင်​​လေးနား မ​ယောင်​မလည်​သွားကာ ထို​ကောင်​​လေးလက်​ကို ဖမ်းဆွဲလိုက်​ပြီး

'မင်းကိုသတိထားထားမိ​နေတာကြာပြီ။ ဘာလို့ ငါ့​နောက်​ကိုလိုက်​​နေတာလဲ'

ထို​ကောင်​​လေးက သူ့လက်​ကိုအတင်းရုန်း​နေရာမှ သူ့အားမ​ကျေနပ်​သလိုကြည့်​ကာ

'ခင်​များ​နောက်​ကို ဘာကိစ္စလိုက်​ရမှာလဲ။ ဖယ်​စမ်းပါ ခင်​များနဲ့မဆိုင်​ဘဲ ကျုပ်​ကိုလာမ​မေးနဲ့'

သူ့လက်​ကို​ဆောင့်​ရုန်းလိုက်​​တော့ လွှတ်​​ပေးလိုက်​မိသည်​။ ထို့​နောက်​​ကောင်​​လေးက မင်းဘုန်းမြတ်​​မောင်​အနား​လျှောက်​သွားကာ

'ခင်​များ ကျွန်​​တော့်​ကိုဘာလို့မ​စောင့်​ဘဲထွက်​သွားရတာလဲ'

သူ့အနား​ရောက်​လာ​သော ထိုဇွတ်​တရွတ်​က​လေးအား ​ကြောင်​ကြည့်​​နေရာမှ

'မနက်​ဖြန်​ပွဲရှိလို့ CEO က လိုအပ်​မယ်​ထင်​တာ​တွေလိုက်​ဝယ်​​ပေးဖို့​ခေါ်လို့​လေ'

ထို​ကောင်​​လေးက သူ့လက်​အားဆွဲကာ သူနှင့်​လိုက်​မည့်​ အဝတ်​အစားများ​ရွေး​ပေးပြီး ​ကောင်​တာမှာ ပိုက်​ဆံရှင်းကာ သူ့ဘက်​လှည့်​၍

'ကျွန်​​တော်​ဝယ်​​ပေးတာဘဲဝတ်​ပါ။ တခြား ဘယ်​သူ​ပေးတာမှမယူနဲ့ ကျွန်​​တော်​မကြိုက်​ဘူး'

စူ​ပုတ်​ပုတ်​ဖြင့်​ သူ့လက်​ထဲ အဝတ်​အိတ်​​လေးထည့်​​ပေးကာ ​ဆောင့်​​အောင့်​ပြီးထွက်​သွား​သော ထို​ကောင်​​လေးကို နားမလည်​စွာရပ်​ကြည့်​​နေမိသည်​။ မိုးမြင့်​ထွဋ်​​ခေါင်​လည်း သူတို့ကို စိတ်​ဝင်​စားသလိုကြည့်​ကာ

'မင်းနဲ့ပတ်​သတ်​​နေတာလား'

သူ​ ​ခေါင်းကိုသာ ခါရမ်း​နေမိ​တော့သည်​။ မိုးမြင့်​ထွဋ်​​ခေါင်​ ဆက်​​မ​မေး​တော့​ပေ။ ကိုယ်​​ရေးကိုယ်​တာကိစ္စ သူနဲ့မဆိုင်​ဟု ​တွေးမိ၍ဖြစ်​မည်​။ သူတို့အပြင်​ထွက်​လာ​တော့ ထို​ကောင်​​လေးက မင်းဘုန်းမြတ်​​မောင်​လက်​ကိုဆွဲကာ သူ့ကားထဲတွန်းပို့လိုက်​သည်​။ ပြီး​နောက်

အမုန်းနယ်​နိမိတ်​ကို လွန်​​သော်​.....(Completed)Where stories live. Discover now