အပိုင်း (၈)

604 13 0
                                    

မှူးဆက်​ပိုင်​က​တော့ မင်းဘုန်းမြတ်​​မောင်​ကို မျက်​​စောင်းတထိုးထိုးနှင့်​ မကြည်​​ပေ။ ဒီလိုနှင့်​ အင်္ကျီများဝယ်​ပြီး​တော့ ပြန်​လာကြ​လေသည်​။ မင်းဘုန်းမြတ်​​မောင်​ကို အိမ်​အထိလိုက်​ပို့​ပေး​လေသည်​။ ပြီးမှ ပြန်​သွား​တော့သည်​။
ကားရိုက်​နားသည့်​ရက်​မှာ အဝတ်​များပြင်​ဆင်​ပြီး ကားရိုက်​ရမည့်​​နေ့မှာ​တော့ လာကြည့်​သူများနှင့်​ စည်​ကား​နေ​လေသည်​။

'ကဲ ဒီ​နေ့က​တော့ မင်းသား​ရေ ဂျစ်​ကန်​ကန်​​ကောင်​​လေးက ​ကျောင်းမှာရန်​ဖြစ်​ပြီး ​ကျောင်းထုတ်​ခံရတဲ့အခန်းရိုက်​မယ်​။ အားလုံးအဆင်​သင့်​ဖြစ်​ပြီလား။ အို​ကေ အဆင်​သင့်​ဖြစ်​ရင်​စမယ်​။ 5...4....3...2...1 action'

ဒီ​နေ့ ​ဝေမင်းတစ်​​ယောက်​ စိတ်​မကြည်​​ပေ။ အိမ်​က ပ​ထွေးနှင့်​ ပြဿနာတက်​လာသည်​​လေ။ သူလည်း ​ကျောင်းသို့​ရောက်​​တော့ ​ကျောင်းသားသုံး​ယောက်​က သူ့​ရှေ့မှပိတ်​ရပ်​ပြီး

'ဟာ ​စော​စောစီးစီးကွာ ကျက်​သတုံး​ကောင်​နဲ့မှလာ​တွေ့​နေတယ်​'

ဝေမင်း သူတို့အားတစ်​ချက်​လိုက်​ပြီး ဂရုမစိုက်​သလိုလုပ်​ကာ ထွက်​သွား​တော့ ​ကျောင်းသားတစ်​​ယောက်​က ​ခြေထိုးခံလိုက်​၍ လဲသွား​လေသည်​။ ဒူးပြဲသွား၍ စိတ်​တိုသွားပြီး

'​ဟေ့​ကောင်​ မင်းက ရန်​လာစ​နေတာလား'

'အဲ့ဒီ​တော့မင်းက ဘာဖြစ်​ချင်​လဲ'

'ငါဖြစ်​ချင်​တာလား ဒါဘဲ ကဲကွာ'

ထို​ကျောင်းသားကို လက်​သီးဖြင့်​ အားရပါးရ ထိုးပစ်​လိုက်​သည်​။ သုံး​ယောက်​တစ်​​ယောက်​ဖြစ်​​နေ၍ အားမမျှ​ပေ။ ​ဝေမင်းကလည်း အညံ့မခံဘဲ လွယ်​အိတ်​ကို လက်​ဖြင့်​တင်းကြပ်​စွာကိုင်​ကာ လွှဲရိုက်​​လေသည်​။ သူတို့ရန်​ဖြစ်​​နေစဉ်​မှာဘဲ ဆရာမ​ရောက်​လာပြီး

'​ဟေ့ ​ဟေ့... ​တော်​ကြစမ်း ​ကျောင်းထဲမှာ ရန်​ဖြစ်​​နေတာ မင်းတို့အားလုံးအခန်းထဲအခုလိုက်​ခဲ့ကြ'

သို့​သော်​လည်း ​ကျောင်းသားသုံး​ယောက်​က သူတို့ကို ​ဝေမင်းကရန်​စပြီး ထိုးသည်​ဟု လုပ်​ကြံ​ပြောကြသည်​။ ဆရာမကလည်း ​ဝေမင်းအားဆူသည်​။ ​ဝေမင်းလည်း ​ဒေါသထွက်​ကာ ဆရာမကိုပြန်​​ပြော​တော့ ရုံးခန်းသို့အပို့ခံရသည်​။ ​နောက်​ဆုံး ​ဝေမင်း ​ကျောင်းထုတ်​ခံလိုက်​ရသည်​။
ဝေမင်းလည်း ပုဆိုးတိုတိုဝတ်​ကာ လွယ်​အိတ်​ကိုဆွဲလျှက်​ ​ကျောင်းမှ ထွက်​လာခဲ့​တော့သည်​။

အမုန်းနယ်​နိမိတ်​ကို လွန်​​သော်​.....(Completed)Where stories live. Discover now