တကယ်တော့ ဒီဝတ္ထုလေးကို ကျွန်တော် စပြီးရေးဖြစ်ခဲ့တာက အမုန်းတွေရဲ့ တခြားတစ်ဖက်မှာ ဘာတွေ ရှိနေနိုင်လဲ။ ဘာတွေဖြစ်လာနိုင်လဲဆိုတာကို ပြောချင်တာ။ အစပိုင်းမှာတော့ ချစ်သူတွေ ပျော်နေကြတယ်။ ဒါပေမယ့်လည်း ကြာရှည်တော့ မပျော်ကြရပါဘူး။ အချစ်စစ်မှန်ရင် အခက်အခဲတွေ၊ အတားအဆီးတွေ၊ အနှောင့်အယှက်တွေ ရှိစမြဲလေ။ အချစ်ရေးကံမကောင်းတဲ့ကျွန်တော့်အတွက် Drama Fic တွေထဲမှာ ကံကောင်းရလည်း မဆိုးဘူးလေ။ Fic အားလုံးထဲက ဇာတ်ကောင်ပုံစံတွေ Character တွေမှာ ကျွန်တော်နဲ့တူတဲ့ အချက်တစ်ခုမဟုတ် တစ်ခုတော့ ပါတတ်တယ်....
သူ့ချစ်သူကောင်မလေးတစ်ယောက်ကလွဲရင် ဘယ်လိုလူမျိုးကိုမှ မချစ်တတ်တဲ့ ကောင်လေးကို ချစ်မိသွားတဲ့သူက သူတို့ချစ်သူကြားကို နှောက်ယှက်ရာကနေ အဲ့ဒီကောင်လေးရဲ့ အမုန်းတွေကို ရခဲ့တယ်။ နောက်မှာတော့ သူ့ရဲ့ချစ်သူက သူ့ကွယ်ရာမှာ တခြားတစ်ယောက်နဲ့ ဖောက်ပြန်နေတာကို သိသွားခဲ့တယ်။ ဒါပေမယ့်လည်း သူကတော့ ဆက်ချစ်နေဆဲပါ...
လက်မလွှတ်နိင်ရင် ခွင့်လွှတ်နိုင်ရမယ်မဟုတ်လား။ သူမှလက်မလွှတ်နိုင်တာ ဒီတော့
ခွင့်လွှတ်ပေးရုံကလွဲပြီး ဘာမှလုပ်စရာမရှိဘူးလေ။ သူ့ချစ်သူကိုလည်း ပျော်စေချင်တယ်။အဲ့ဒါကမှ တကယ့်အချစ်စစ်....
ကိုယ်ချစ်တဲ့သူပျော်ရွှင်ဖို့ နှလုံးသားကို
စတေးပြီး သူ့ရှေ့မှာ အပြုံးလေးနဲ့နေပေးရတာ ဘယ်လောက်ခက်ခဲလဲဆိုတာ ချစ်ဖူးသူတိုင်းသိကြမှာပါ...နောက်ပိုင်း လေးပွင့်ဆိုင်ဇာတ်လမ်းလေးမှာ ဘာတွေဆက်ဖြစ်မလဲ။ သူတို့ရဲ့အချစ်တွေကို ဘယ်လိုပုံဖော်ပြကြမလဲဆိုတာကိုတော့.....
YOU ARE READING
အမုန်းနယ်နိမိတ်ကို လွန်သော်.....(Completed)
Romanceအမုန်းနယ်နိမိတ်ကို လွန်သော် အပြုံးပန်းတို့ ဝေဆာစွာပွင့်လတ္တံ့ ချစ်ခြင်း၏ အလင်းရောင်တို့ ထွန်းတောက်အံ့... ထိုနယ်နိမိတ်၏ တခြားဘက်အခြမ်းတွင် မျှော်လင့်ချင်းကောင်းကင်ကြီး စောင့်ကြိုနေလတ္တံ့....