အပိုင်း (၇)

658 20 0
                                    

'သား​ရေ ဒီ​နေ့ပွဲ​လေး အဆင်​​ပြေရဲ့လားကွ´

မှူးဆက်​ပိုင်​တစ်​​ယောက်​ သူ့အ​ဖေအားရယ်​​နေရင်း ပြန်​​ဖြေလိုက်​သည်​။

'စည်​ချက်​​ဖေ​ဖေ​ရေ ပရိတ်​သတ်​​တွေကလည်း အများသား ​သေချာ​ပေါက်​ ​အောင်​မြင်​မှာ သားတို့လည်း ​လေ့ကျင့်​​ရေး​တွေလုပ်​​နေပါတယ်​´

'​အေးကွာ ကြိုးစားကြ´

ထို့​နောက်​ သူ့အခန်းသို့တက်​ကာ ဇာတ်​ညွှန်းဖတ်​ရင်း Dialogue များ​လေ့ကျင့်​​နေလိုက်​သည်​။

'ဟယ်​လို ချစ်​လား´

'အင်း ​မောင်​ ​ပြော​လေ´

'ခု အိမ်​​ရှေ့ကိုထွက်​ခဲ့ အ​ရေးကြီးတယ်​´

သိင်္ဂီနန်းမြလည်း အိမ်​​ရှေ့သို့အမြန်​ထွက်​ခဲ့လိုက်​သည်​။ သူမအိမ်​​ရှေ့​ရောက်​သည်​နှင့်​ မင်းဘုန်းမြတ်​​မောင်က သူမလက်​ကိုဆွဲကာ ကား​ပေါ်တက်​ကာ ​မောင်းထွက်​ခဲ့​တော့သည်​။ ထို့​နောက်​ စစ်​ကိုင်းတံတားဆီသို့​မောင်းလာကာ ကားကိုရပ်​လိုက်​သည်​။

'ကဲ ဆင်းလို့ရပြီ´

'ဒီမှာဘာရှိလို့လဲ´

မင်းဘုန်းမြတ်​​မောင်​က လက်​ညှိုးထိုးပြ​လေရာ ထို​နေရာမှ ဖ​ယောင်းတိုင်​မီးများညှိ​နေ​သော မင်းဘုန်းမြတ်​​မောင်​​မေ​မေကို ​တွေ့လိုက်​ရ​တော့သည်​။

'ဟင်​ အန်​တီပါလား´

ထို့​နောက်​ ကိတ်​မုန့်​​လေးကို ထင်​ရှားစွာမြင်​လိုက်​ရ​တော့သည်​။

'သဘက်​ခါ ရိုက်​ကူး​ရေးရှိတယ်​​လေ။ ချစ်​သူသက်​တမ်း ခုနစ်​နှစ်​ပြည့်​​လေးကို အကြိုလုပ်​တာ´

သူမ အရမ်း​ပျော်​သွားရသည်​။ ထိုပွဲ​လေးက ​ပျော်​ရွှင်​စွာပြီးဆုံးသွား​သော်​လည်း သူတို့ကို မျက်​ရည်​​တွေအပြည့်​နဲ့ လူတစ်​​ယောက်​ကြည့်​​နေသည်​ကို​တော့ သတိမထားကြ​ပေ။

#နာကျင်​မှု​တွေက စွန်းလွှတ်​ခြင်းရဲ့အစတဲ့...
ဒါ​ပေမယ့်​ဗျာ ကျွန်​​တော်​က အဲ့ဒီနာကျင်​မှု​တွေကိုမှ မက်​​မော​နေမိခဲ့​တော့လည်း ဘယ်​တတ်​နိုင်​ပါ့မလဲ။ ဒါ​ပေမယ့်​ ပိုင်​ဆိုင်​ဖို့အတွက်​​တော့ ကျွန်​​တော့်​ရဲ့​နောက်​ဆုံးအချိန်​အထိ ကြိုးစား​နေဦးမှာပါ....

အမုန်းနယ်​နိမိတ်​ကို လွန်​​သော်​.....(Completed)Where stories live. Discover now