အပိုင်း ( ၂၄ )

2.1K 36 1
                                    


ဇာတ်​သိမ်းပိုင်း

မှူးဆက်​ပိုင်​က​တော့ မင်းဘုန်းမြတ်​​မောင်​​နှင့်​ မပတ်​သတ်​မိ​စေရန်​ တတ်​နိုင်​သမျှ​ရှောင်​​သော်​လည်း ကံကြမ္မာက သူတို့ကိုဆုံစည်း​စေသည်​။ သိင်္ဂီ့အတွက်​ စိတ်​မ​ကောင်းဖြစ်​မိ​ပေမယ့်​ သူ့သိက္ခာကို ​စော်​ကားလာလျှင်​​တော့ ​ခေါင်းငုံ့ခံ​နေမည်​မဟုတ်​မှန်း သူ့ကိုယ်​သူသိ​နေသည်​။

မင်းဘုန်းမြတ်​​မောင်​ ဆုံးဖြတ်​ချက်​တစ်​ခုကို ခိုင်​မာစွာချမှဖြစ်​​တော့မည်​။ သူ့စိတ်​​တွေကို စုစည်းလိုက်​ပြီး သူ့ကိုယ်​သူပြန်​​မေးလိုက်​မိသည်​။

'မင်းမချစ်​တဲ့သူကို လက်​ထပ်​ပြီး မင်းနှလုံးသားကို စ​တေး တစ်​သက်​လုံး​နောင်​တ​တွေနဲ့​နေမလား။ ဒါမှမဟုတ်​ အားလုံးကိုရင်​ဆိုင်​ပြီး မင်းချစ်​တဲ့သူနဲ့ ​ပျော်​ရွှင်​တဲ့ဘ၀​လေးကို အတူတူတည်​​ဆောက်​မလား။ ငါမချစ်​တဲ့သူနဲ့​တော့ တစ်​သက်​လုံး​နောင်​တ​တွေနဲ့ ​ရှေ့မဆက်​​တော့ဘူး။ ဟုတ်​တယ်​ ပတ်​ဝန်းကျင်​ဆိုတာ ချီးမွမ်းခုနစ်​ရက်​ ကဲ့ရဲ့ခုနစ်​ရက်​ဘဲ။ ငါ သတ္တိရှိရမယ်​။ ဘာကိုမှဂရုမစိုက်​​တော့ဘူး´

သူ ပြတ်​သားစွာ ဆုံးဖြတ်​လိုက်​ပြီး​နောက်​ သိင်္ဂီတို့အိမ်​ကိုထွက်​ခဲ့​တော့သည်​။ သိင်္ဂီက​တော့ မှူးဆက်​ပိုင်​ကို အပြတ်​ရှင်းရန်​ကြံစည်​​နေ​လေသည်​။ သူမအတွက်​ မင်းဘုန်းမြတ်​​မောင်​နှင့်​ ပတ်​သတ်​လာပါက ဘယ်​လိုအရာမျိုးမဆို လုပ်​ရဲသည်​။

'ဪ မင်းကိုး... ​ပြောပါဦး အန်​တီ့သမီးနဲ့ လက်​ထပ်​ဖို့ အားလုံး အဆင်​သင့်​ဘဲလား´

'စိတ်​မ​ကောင်းပါဘူးအန်​တီ.... ကျွန်​​တော်​ အဲ့ဒီလက်​ထပ်​ပွဲကို ဖျက်​သိမ်းပါရ​စေ။ ကျွန်​​တော်​ သတ္တိနည်းခဲ့လို့ ကျွန်​​တော်​ချစ်​ရတဲ့သူနဲ့ ​ဝေးခဲ့ပြီးပြီ။ ဒီတစ်​ခါ​တော့ ကျွန်​​တော်​ သတ္တိရှိစွာနဲ့ဘဲ ပတ်​ဝန်းကျင်​ရဲ့တိုက်​ခိုက်​မှု​တွေကို လျစ်​လျှူရှူပြီး ကျွန်​​တော်​ချစ်​တဲ့သူနဲ့ ​နေ​တော့မယ်​´

အမုန်းနယ်​နိမိတ်​ကို လွန်​​သော်​.....(Completed)Where stories live. Discover now