အပိုင်း (၂၀)

518 11 0
                                    

'မင်းတို့တို့အားလုံး ​ပျော်​နိုင်​တုန်း​တော့ ​ပျော်​ထားကြ​ပေါ့ကွာ။ မိုးမြင့်​ထွဋ်​​ခေါင်​ဆိုတာ လိုချင်​ပြီဆိုရင်​ ဘယ်​​လောက်​ခက်​ခဲခက်​ခဲ ရ​အောင်​ယူတတ်​တယ်​။ တစ်​​နေ့ ငါမင်းကို ပိုင်​ဆိုင်​​စေရမယ်​ သိင်္ဂီ'

ဒေါသ​တွေ​ကြောင့်​ သူ့မျက်​လုံးများက နီရဲ​နေ​လေသည်​။ အံကိုတင်းတင်းကြိတ်​ကာ လက်​သီးကို ကျစ်​ကျစ်​ပါ​အောင်​ဆုပ်​ပြီး သူလည်း ပြန်​သွား​တော့သည်​။ မင်္ဂလာပွဲရက်​က နီးလာ​လေပြီ။ မင်းဘုန်းမြတ်​​မောင်​က​တော့ စိတ်​နှင့်​လူနှင့်​မကပ်​​ပေ။ တစ်​ခါတစ်​ရံ မျက်​ရည်​​တွေကျ​နေတတ်​ပြီး၊ တစ်​ခါတစ်​ရံ တစ်​​ယောက်​ထဲ မှိုင်​​နေတတ်​သည်​။

'​မောင်​ ဘာလိုလိုနဲ့ ချစ်​တို့မင်္ဂလာပွဲ​တောင်​နီးလာပြီ​နော်​။ ​မောင်​ မ​ပျော်​ဘူးလား'

သိင်္ဂီ​ပြော​နေ​သော်​လည်း မင်းဘုန်းမြတ်​​မောင်​ဆီမှ စကားသံထွက်​မလာ။ သူ့ကိုကြည့်​​တော့လည်း ​ငေး​နေ​လေရာ သိင်္ဂီစိတ်​မရှည်​​တော့ဘဲ သူ့လက်​​မောင်းကို ဆွဲလှုပ်​လိုက်​ပြီး

'​မောင်​ သိင်္ဂီ​ပြော​နေတာ​လေးလည်း နည်းနည်းပါးပါး အ​ရေးလုပ်​ပါဦး။ ​မေး​နေတာ​ရော ကြားရဲ့လား'

ထိုအခါမှ မင်းဘုန်းမြတ်​​မောင်​ သတိပြန်​ဝင်​လာကာ

'ဪ အင်း ​ပြော​လေချစ်​ ဘာ​ပြောလိုက်​တာလဲ။ ​မောင်​ အ​တွေးလွန်​​နေလို့'

သိင်္ဂီ့နှုတ်​ခမ်း​လေးစူသွားတာကိုမြင်​​တော့ သူလည်း သ​ဘောကျစွာရယ်​မိ​လေသည်​။ သိင်္ဂီက​တော့ သူ့ဗိုက်​​ခေါက်​ကိုလိမ်​ဆွဲ​တော့သည်​။

'အား... အား... နာတယ်​ချစ်​ရ ဘာလုပ်​တာလဲ။ ချစ်​လို့စတာ​လေးကို စိတ်​ကလည်းဆိုးတတ်​လိုက်​တာကွာ'

'ဟွန်း... ​နောက်​ဆို ဒီထက်​ပိုနာမယ်​'

ထိုအချိန်​မှာဘဲ မှူးဆက်​ပိုင်​ကို​တွေ့သွား​လေသည်​။ တစ်​​ယောက်​ထဲ​တော့မဟုတ်​... မိုးမြင့်​ထွဋ်​​ခေါင်​က ​နောက်​မှပါလာ​သေးသည်​။ မင်းဘုန်းမြတ်​​မောင်​ အလိုမကျစွာပင်​ မျက်​​မှောင်​ကျုံ့ကာ ကြည့်​​နေ​လေသည်​။ မှူးဆက်​ပိုင်​ကို မိုးမြင့်​ထွဋ်​​ခေါင်​က အတင်းလိုက်​ဆွဲ​နေ​သည်​။

အမုန်းနယ်​နိမိတ်​ကို လွန်​​သော်​.....(Completed)Where stories live. Discover now