အပိုင်း (၅)

789 22 0
                                    

အိမ်​ပြန်​​ရောက်​​တော့ စီစဉ်​စရာရှိသည်​များကို စီစဉ်​ပြီး​နောက်​ ရုံးသို့ထွက်​ခဲ့​တော့သည်​။ ဒီ​နေ့ ဝန်​ထမ်းအသစ်​တစ်​​ယောက်​ထပ်​ခန့်​ရန်​ အင်​တာဗျူးရဦးမည်​​လေ။ တစ်​​ယောက်​ပြီးတစ်​​ယောက်​ ​တွေ့ပြီး​သော်​လည်း စိတ်​တိုင်းမကျ​သေး​ပေ။ ​​လျှောက်​လွှာ​တွေကအ​တော်​များ​နေပြီ။

'ဟင်​... ​နောက်​ဆုံးတစ်​​ယောက်​ဘဲရှိ​တော့တာပါလား။ ဟူး... ဒီတစ်​​​ယောက်​​တော့ အဆင်​​ပြေ​လောက်​မှာပါ​လေ။ ကိုမှူးဆက်​ပိုင်​ ဝင်​လာလို့ရပါပြီ´

ရုတ်​တရက်​ဝင်​လာ​သော ထိုလူ​ကြောင့်​ မိုးမြင့်​ထွဋ်​​ခေါင်​​ကြောင်​သွားရသည်​။ တစ်​​နေ့က သူ​တွေ့ခဲ့​သော ပြာကလပ်​စိန်​​လေးမှာ ထူသူပါဟု​ပြောလျှင်​ မည်​သူမှယုံမည်​မဟုတ်​​ပေ။ ထို​ကောင်းက သူညွှန်​ပြ​သော​နေရာတွင်​ထိုင်​လိုက်​ပြီး သူ့အားပြုံးပြလိုက်​သည်​။ သူလည်းအလိုက်​သင့်​ပြုံးပြလိုက်​ပြီး

'အခု ကျွန်​​တော်​တို့ရုံးအတွက်​ အဓိကလိုအပ်​တာ presenter တစ်​​ယောက်​ပါ။ ဒီ​တော့ ဒီကကိုမှူးဆက်​ပိုင်​ရဲ့ အရပ်​က´

'170cm ပါ´

'ဟုတ်​ကဲ့ဗျ ကျွန်​​တော်​​ပြောတဲ့​နေရာမှာ လုပ်​ဖို့ အဆင်​​ပြေနိုင်​မလားဗျ´

ထိုသူက မခိုးမခန့်​ပြုံးလိုက်​ပြီး

'ကျွန်​​တော်​နဲ့ကိုက်​ညီမယ်​ထင်​လို့ လာ​လျှောက်​တာပါ။ အကို့အတွက်​အဆင်​မ​ပြေနိုင်​ဘူးလား´

'​ကောင်းပါပြီ... ဒါဆိုရင်​ ဘယ်​​နေ့အလုပ်​စဆင်းနိုင်​မလဲ´

'ကျွန်​​တော့်​ကိုအလုပ်​ခန့်​​နေ့ပါ´

'​ကောင်းပါပြီ ဒါဆိုရင်​ မနက်​ဖြန်​ဘဲ အလုပ်​ကိုလာခဲ့ပါ။ အလုပ်​ချိန်​​တွေအတွက်​​တော့ သိပြီးသားဖြစ်​ပါလိမ့်​မယ်​´

ထိုသူက ​ခေါင်းငြိမ့်​ပြပြီး အသာအယာထထွက်​သွားသည်​။ ဘုန်းမြတ်​ထွဋ်​​ခေါင်​စိတ်​ထဲက​တော့ အ​တော်​မလွယ်​တဲ့သူဘဲဟု ယူဆလိုက်​သည်​။

'သား... ​ဖေ​ဖေ တကယ်​ကိုနားမလည်​နိုင်​ဘူး။ ဘာလို့များ သူများလက်​​အောက်​မှာ အလုပ်​လုပ်​ချင်​ရတာလဲ။ ​ဖေ​ဖေတို့မှာ သူများကို လက်​ညှိုးထိုးပြီး ခိုင်းနိုင်​​လောက်​တဲ့အ​ခြေအ​နေရှိ​နေတာ သားအသိဘဲ​လေ´

အမုန်းနယ်​နိမိတ်​ကို လွန်​​သော်​.....(Completed)Where stories live. Discover now