အပိုင်း (၂၁)

538 12 0
                                    

မှူးဆက်​ပိုင်​က​တော့ ​ဒေါသ​တွေထွက်​​နေ​လေသည်​၊ မင်းဘုန်းမြတ်​​မောင်​ ဘယ်​လိုရှင်းပြရမှန်းမသိ​ပေ။ တကယ်​ဆို ထို​နေ့က ဘယ်​ကဘယ်​လိုဖြစ်​သွားသည်​ကို စဉ်းစား၍မရ​ပေ။

'ညီ.... ညီအထင်​လွဲ​နေပြီ။ အကိုတကယ်​မသိတာပါ။ အဲ့ဒီ​နေ့က ညီအရမ်းမူး​နေလို့ အကိုအိမ်​ပြန်​ပို့မယ်​ဆိုပြီး ညီ့ကို​ခေါ်လာတာ´

'​တော်​​တော့... ခင်​များကို ကျွန်​​တော်​အရမ်းမုန်းတယ်​။ ခင်​များမျက်​နှာကို ကျွန်​​တော်​မကြည့်​ချင်​​တော့ဘူး´

မှူးဆက်​ပိုင်​မှာ တစ်​ဖက်​သို့လှည့်​သွားကာ မျက်​ရည်​များကကျ​နေ​လေသည်​။ မင်းဘုန်းမြတ်​​မောင်​လည်း မှူးဆက်​ပိုင်​​ရှေ့မှာ ဒူး​ထောက်​ထိုင်​လိုက်​ပြီး မှူးဆက်​ပိုင်​လက်​ကိုဆွဲကာ

'ညီရာ... အကိုတကယ်​မသိတာပါ။ အကို့မှာ အဲ့လိုယုတ်​မာတဲ့စိတ်​မျိုးမရှိတာ ညီအသိဆုံးဖြစ်​မှာပါ။ အကိုတို့ တစ်​ခန်းထဲ​တောင်​ အတူ​နေခဲ့ဖူးတာဘဲ။ ညီ အကို့ကို မုန်းချင်​မုန်းလို့ရပါတယ်​။ ဒါ​ပေမဲ့ အခုလိုမျိုး အကိုမလုပ်​တတ်​ဘူးဆိုတာ ညီယုံ​ပေးပါ´

မှူးဆက်​ပိုင်​ ​တွေ​တွေကြီးရပ်​​နေဆဲ။ မင်းဘုန်းမြတ်​​မောင်​ ဘာမှဆက်​မ​ပြော​တော့ဘဲ ထသွား​လေ​တော့သည်​။ အခန်းတံခါးဖွင့်​လိုက်​​တော့ ဘယ်​အချိန်​ထဲက ​ရောက်​​နေမှန်းမသိ​သော သိင်္ဂီနဲ့ မိုးမြင့်​ထွဋ်​​ခေါင်​ကို ​တွေ့သွား​တော့ အံ့ဩသွား​လေသည်​။

'လူယုတ်​မာ..... ​ဖြောင်း´

သိင်္ဂီက သူ့ကို စူးရဲစွာကြည့်​လိုက်​ပြီး ပါးကိုရိုက်​လိုက်​သည်​။ မင်းဘုန်းမြတ်​​မောင်​ အခုချိန်​မှာ ဘာမှရှင်းမပြချင်​​တော့။ သို့​သော်​ သူ့ကို အားလုံးက အထင်​လွဲ​နေကြသည်​။ ဒီအတိုင်း​တော့ အထင်​လွဲမခံနိုင်​ပါ။

'ချစ်​မှား​နေပြီ.... ​မောင်​က အဲ့လိုလူမျိုးမဟုတ်​ဘူး´

'ရှင်​က အခုချိန်​ထိ လိမ်​​နေတုန်းဘဲကို.... ​ရော့ အဲ့ဒီမှာကြည့်​လိုက်​... ရှင့်​ရဲ့ယုတ်​မာမှု​တွေ´

အမုန်းနယ်​နိမိတ်​ကို လွန်​​သော်​.....(Completed)Where stories live. Discover now