2

35.8K 2.2K 46
                                    

မနက်ခင်း ကျောင်းကျောပိုးအိတ်လွယ်ထားသော ကောင်လေးတစ်ယောက် တရုတ်ပြည်၏ ချောင်အကျဆုံးသောတိုက်ကြိုတိုက်ကြားမှ စက်ဘီးလေးနှင့်ထွက်လာလေသည်။အနောက်တွင် ကြိုးအပြည့်ချည်နှောင်ထားသော ဟမ်ဘာဂါခြင်းတောင်းပါသည်။

သူနေသောနေရာသည် တိုက်အပေါ်ဆုံးခေါင်မိုးထပ် ဈေးအသက်သာဆုံးနေရာလေး။တစ်ကောင်ကြွက်သူ့အဖို့ အလုံအလောက် အရိပ်ရသော အခန်းလေးပင်။ထိုအမိုးအပေါ်ဆုံးထပ်တွင်ပင် သူ၏ သူငယ်ချင်းမလေးဟေပင်း အခန်းကပ်ရပ်နေသည်။ပန်းပင်များကို ထိုခေါင်မိုးထပ်နေရာတွင်မြေနုမြေပြင် ခင်း၍စိုက်ပျိုးထားကာ lily,roses,orchidစသော ပန်းစည်းတို့ကို ပြင်ဆင်၍ Deliveryလိုက်ပို့သည်။ဆိုင်ခန်းငှါးမနိုင်သေးသောကြောင့် ဖြစ်သည်။၂ယောက်သား မောင်နှမလို အကူညီပေး၍ ဟေပင်းကလည်း Burger packingဝိုင်းထုပ်ပေးသလို မိန်ဟော့ကလည်း ပန်းပင်မြေပြင်မြေခင်းများနှင် အားလျှင် ပန်းဝိုင်းစည်းပေးသည်။ဟေပင်းသည် မိန်းကလေးဖြစ်၍ ပင်ပန်း၍ဖျားနာလျှင် မိန်ဟော့က Delivery Bonqueများလိုက်ပို့ပေးလေ့ရှိသည်။

နှစ်ယောက်မှာ အလွန်ပင် မှီခိုအားထားကြသော မိသားစုလိုပင်။တစ်ယောက်အကြောင်းတစ်ယောက်သိသလောက် အတွင်းကျကျပြောရလျှင် မိန်ဟော့သည် ဟေပင်းနှင့်တူတူ မိန်းကလေး တို့ရာသီစက်ဝန်းဒဏ် တူတူခံစားရချင်းလည်းတူသည်လေ။သူမသည် ထို့ကြောင့်လည်း မိန်ဟော့လို မိဘမဲ့ဂေဟာတစ်ကောင်ကြွက်ကို ယောကျာ်းလေးတန်မဲ့ အားနည်းချက်ရှိနေသည့်အတွက် သနားသည့်သံယောဇဉ်ပိုတွယ်ရခြင်းပင်။အဘွားမရှိတော့တည်းက ဟေပင်းအတွက် မိန်ဟော့သည် အစ်ကိုလို အဖေလို သူငယ်ချင်းလို အားကိုးရသောသူ။

ဟေပင်းတိုက်အပေါ်ထပ်မှနေ၍ မိန်ဟော့စက်ဘီးဆီသို့လှမ်းအော်သည်။
ဟေပင်း: ဝေ့...မိန်ဟော့ရေ ငါတို့ဒီညနေ ပန်းပြင်ဖို့အလုပ်ရှိတယ်နော် ။နင် tutorialမြန်မြန်ဖြေခဲ့နော်။ညနေ နောက်မကျစေနဲ့။
မိန်ဟော့:အော ငါ..မှတ်မိ...တယ်...။တစ်ယောက်တစ်ဝက်နော်(share of the profit) ...။မိန်ဟော့ စက်ဘီးကို ခြေအစုံထောက်ရပ်ကာ အပေါ်ကိုမော့၍ လှမ်းအော်ပြောလိုက်သည်။
____________
ဖေးကို မင်ထန် ဒီနေ့တရားဝင်လက်ထပ်ခွင့်တောင်းရန် လွန်ခဲ့သောအပတ်တည်းက ပြင်ဆင်ထားသည်။
တရုတ်ပြည် ပေကျင်းတက္ကသိုလ်ရှိဆေးကျောင်းသူ ပီပီ အထက်တန်းကျသော ဖေးသည် ဒီနေ့လည်းကျော့မော့၍ Celebrity imageကိုထိန်းထားလျက်ရှိသည်။ကိုယ်တိ ဂါဝန်ကျပ်နှင့် အပြင်ဆရာဝန်ကုတ်အဖြူကို ဝတ်ထားသည်။ ဆေးစိမ်အလောင်းများထားရာ ဒုတိယနှစ်ကျောင်းသားများစုဝေးနေရာ၌ မင်ထန်နှင့်အတူယှဉ်ရပ်စကားပြောနေသောကြောင့် ထင်သာမြင်သာရှိလွန်းလှသည်။

Smile But Cry [ Own Creation,BL Chinese Characters &Mpreg ]ZawgyiunicodeWhere stories live. Discover now