မင်ထန် အတတ်နိုင်ဆုံးစိတ်ရှင်းရှင်းပြန်ထားကာ အခန်းထဲဝင်လာလိုက်သည်။ကုတင်နှစ်လုံးကို အခန်း၏တစ်ဖက်တစ်ချက်စီတွင် ခွဲကပ်ထားသည်။အတွင်းဘက်ကုတင်ပေါ်၌အိပ်စက်လဲလျောင်းနေသော မိန်ဟော့သည်မင်ထန်စောင်ခြုံပေးခဲ့သည့်အတိုင်း ပုံမပျက်ပဲငြိမ်သက်စွာအိပ်နေလေသည်။အအိပ်ဆော့လေ့မရှိပဲ ပက်လက်လှန်ကာအိပ်တတ်သော မိန်ဟော့သည် နူးညံ့ပျော့ပြောင်းသောနှလုံးသားပိုင်ရှင်ပီပီ အိပ်နေပုံကလည်း အလွန်အေးချမ်းလှသည်။
မင်ထန်သည် မိန်ဟော့ရင်ဘက်မဖုံးသောနေရာသို့ စောင်ပြန်တင်ပေးလိုက်ပြီး သူ၏ဆရာဝန်ကဒ်နှင့်ကုတ်အား ချွတ်ကာ အိမ်ပြန်မည့်အိတ်ထဲထည့်လိုက်သည်။အိမ်ပြန်မည်ဆိုမှ သူသည်နေ့ဘယ်အိမ်ပြန်ရမည်ကို တွေးမိသွားသည်။
ချွေးစလေးများကပ်နေသော မျက်နှာဖြူဖျောဖျောအား အိတ်ကိုလွယ်ရင်းလည်ပြန်ကြည့်မိသောခဏဝယ် သူသက်ပြင်းချမိပြန်သည်။တော်ရုံမဖျားတတ်သော ဘဝသမားမိန်ဟော့သည် မင်ထန်နားနေပြီးချိန်မှစတင်ကာ ဆေးထိုးအပ်နှင့်မလွတ်သလို ဖြစ်လာနေသည်ကို မင်ထန်သိသည်။
အိတ်ကိုအသာပြန်ပိုက်ရင်း ကုတင်ဘေးထိုင်လျက်သား မိန်ဟော့နဖူးအား သပ်တင်ပေးနေမိသော မင်ထန်သည် စစတွေ့တုန်းကအခြေအနေကိုပြန်ရောက်ရှိသွားသလိုပင်။
နဖူးကြောလေးများတွန့်သွားကာ မျက်တောင်ရှည်ရှည်တို့ ပွင့်လာချိန်တွင် မင်ထန်အသာပြန်ရုတ်လိုက်သည်။
မိန်ဟော့မင်ထန်ဝင်လာစဉ်တည်းက သိနေသော်လည်း အဖျားရှိန်နှင့်တော်ရုံမျက်စိမပွင့်နိုင်ပဲ မင်ထန်ဟုတ်မဟုတ်သိလို၍ ကြည့်လိုက်မိခြင်းပင်။
မိန်ဟော့ ၏ အပူရှိန်ကြောင့် ခြောက်ကပ်နေသောလေသံတိုးဖျဖျသည် မင်ထန်ကြားရုံလောက်သာရှိသည်။
မိန်ဟော့:စီနီယာ?
မင်ထန်:နိုးနေတာလား။အိမ်ကျမှဆက်အိပ်။အိမ်ပြန်ပို့ပေးမယ်။မိန်ဟော့၏နဖူးအား ပွတ်သပ်နေခဲ့သော လက်ချောင်းရှည်တို့၏ပိုင်ရှင်သည် အေးစက်သောမျက်နှာထားမှာမပြောင်းမလဲ အရင်တိုင်းရှိနေသည်။အကြည့်ချင်းလည်း ထုံးစံအတိုင်းမဆုံပေ။
BẠN ĐANG ĐỌC
Smile But Cry [ Own Creation,BL Chinese Characters &Mpreg ]Zawgyiunicode
Ngẫu nhiênပေးဆပ်ခြင်းအမုန်း ဥပေက္ခာပြုခြင်း။လူတစ်ယောက်ရဲ့ရင်ထဲမှာ အချစ်ဘယ်ကစတင်ဝင်ရောက်လာလဲအတိကျမပြောနိုင်ကြပေမဲ့ အပြုမူတွေက သက်သေပြနေလေရဲ့။နာကျင်ခြင်းတွေကို ရပ်တန့်ဖို့မတောင်းဆိုမိသလို သူချစ်လာမယ့်နေ့မတိုင်ခင်ထိ နာကျင်နေရမယ်ထင်ပါရဲ့လေ။