36 (Part_1)

22.1K 1.9K 102
                                    

စည်စည်ကားကသိုက်သိုက်ဝန်းဝန်းဖြစ်နေသော အိမ်တော်ကြီးသည် နန်းတော်ပြင်ကျယ်ကဲ့သို့ နှစ်သစ်ကူးရိုးရာကန်တော့ပွဲဆင်နွှဲနေကြသည်။မိသားစု၊မိတ်ဆွေအစုံအညီနှင့် အေးနေသောဆောင်းဒဏ်ကို လူငွေ့တို့ဖြင့်နွေးထွေးစေလိုက်သည်။

အိမ်တော်နတ်နန်းက နတ်ဆရာမကလည်း ကန်တော့ပန်းဆင်ရန် တိုင်တည်ပြောဆိုပြီးနောက် အမွှေးနံသာတိုင်များ၊စက္ကူရှို့ခြင်းများပြုကြသည်။ယောကျာ်းသားများရှေ့ဆုံးမှနေရသည်မို့ လီအမျိုးသမီးများနောက်မှ ဦးညွှတ်ရန်နေရာယူကြသည်။ကိုယ်စီအမွှေးတိုင်နှင့်ကွမ်ရင်၊ဘိုးဘွားတို့အား ပူဇော်ကြလေသည်။မိန်ဟော့နောက်ကပ်ရပ်တွင်ဟေပင်းသည်လည်း ဘေးလူတို့လုပ်သမျှသာ လိုက်လုပ်နေလိုက်သည်။အတော်လေးကို ထုံးတမ်းအဆင့်များသောအိမ်တော်ဟုလည်း စိတ်ထဲကတွေးနေမိလေသည်။ဒူးထောက်လိုက် ပြန်ထလိုက်လုပ်ရသည်က မနည်းမနောအရေအတွက်မကပေ။မိန်ဟော့သာ wheelchairပေါ်ရှိမနေလျှင် သူလည်းမနှစ်ကအတိုင်းလုပ်နေရလောက်သည်။နှစ်တိုင်းမိန်ဟော့နှင့်ဤအိမ်တော်၌နှစ်ကူးဆုံချိန်တိုင်း ညည်းညူမိလေသော ပြသနာပေ။

အားလုံးပြီးစီးသွားတော့ အိမ်တော်အလုပ်သမားများမှာမနားရသေး။စားရင်းသောက်ရင်း သိမ်းဆည်းရင်းနှင့်တစ်နေကုန်သွားကြလေသည်။

လီသခင်မ:ကျိုးအော် မင်းgeကိုတွေ့မိသေးလား။ခုနတည်းက မင်းအဘွားနဲ့တူတုစကားပြောနေသေး။အခုပျောက်နေတယ်။

မင်ကျိုး:ကျွန်တော်မသိဘူးလေ။ဟုဆိုရင်း နောက်ဆုံးလက်ကျန် ကြက်ပေါင်အား ခံတွင်းထဲသွင်းလိုက်လေသည်။

လီသခင်ကြီးမှာ ပွဲပြီးပြီးချင်း အေးအေးလူလူသာ နယ်ဝေးအမျိုးဆွေတချို့နှင့်သက်တူရွယ်တူချင်း ရှေးဟောင်းနှောင်းဖြစ်များ ပြောနေလေသည်။နှစ်ကူးချိန်ခါသည် အမှန်အကန် ပျော်ရွှင်ချမ်းမြေ့စရာ မိသားစုပတ်ဝန်းကျင်ကိုဖန်တီးဆုံဆည်းပေးသော အချိန်ပင်။

ဟေပင်းနှင့်မိန်ဟော့မှာ အလုပ်သမားများကြားရောရောနှောနှောနှင့် စကားစမြည်ပြောရင်း အလွမ်းသယ်နေကြသည်။ကြက်ရိုးတစ်ပုံနှင့်မင်ကျိုးမှာ စကားစမြည်လွတ်လွတ်လပ်လပ်ပြောရန်မိဘနှစ်ပါးအားတွေးမိသော်ငြား စီးပွားရေးရာသာလေတိုက်လာမည်မှန်းသိ၍ ငြီးငွေ့ဖွယ်ရာသဘောတရားကို ရှောင်လာခဲ့သည်။သူသည် အေးခဲခဲအနောက်တိုင်းတစ်နေရာတွင် projectများ၊master degreeများယူနေရသောကြောင့် အိမ်တွင် အပြည့်အဝအပျင်းထူဇိမ်ခံရန် ဆုံးဖြတ်ထားဟန်တူသည်။ဆုံးဖြတ်ချက်ကြီးမားသောကြောင့် တော်ရုံနှင့်နဂိုCEOပြန်ဖြစ်မည်မဟုတ်သလို တော်ရုံနှင့်ဌာနေပြန်မည်မဟုတ်သေးပေ။ယခုဆို တူ၊တူမလေးများကိုပင်စောင့်ရန်အတွေးယူနေပြီလားမသိပေ။

Smile But Cry [ Own Creation,BL Chinese Characters &Mpreg ]ZawgyiunicodeDonde viven las historias. Descúbrelo ahora