မင်ထန်ကားမောင်း ဝင်လာရာတွင် အလုပ်ရှုပ်နေကြသော အိမ်တော်အလုပ်သမားများသည် အိမ်တော်ရှေ့ရှိ မြက်ထူထူများကိုစက်များဖြင့် ရိတ်နေကြကာ အကိုင်းရှည်နေသော ထင်းရှူးပင်များကို ခုတ်ထွင်ရှင်းလင်းနေကြသည်။အနောက်ဘက်ခြံဝင်းထဲတွင်လည်း သစ်သီးဥယျာဉ်၌ အလုပ်ပိုများနေမည်မှန်းမင်ထန် ခန့်မှန်းမိသည်။မင်ထန်ကားလေးအား အလုပ်လုပ်သူတို့လွတ်ရာကျွတ်ရာတွက်ရပ်တန့်ကာ ခြေကျင်လျှောက်ကြည့်နေသည်။သူ့စိတ်ထဲတွင်မြင်မြင်သမျှမြင်ကွင်းတိုင်းအတွက် မည် မျှတက်ကြွလန်းဆန်းနေသည်လည်းမပြောတတ်ပေ။ချယ်ရီပန်းလေးများလည်းလှနေသည်။နှင်းဆီရောင်စုံ၊သစ်ခွရောင်စုံဥယျာဉ်ကြီးကိုလည်း လိပ်ပြာအကြီးအသေးများခစားဝန်းရံနေသည်။မြက်ခင်းပြင်စိမ်းစိမ်းနှင့်တွဲလျက်ရှိသော ကြာကန်မှာလည်း ကြာပန်းရောင်စုံများ ဖုံးလွှမ်းလျက် နတ်ဘုံပမာတည်ရှိနေလေသည်။
မင်ထန်အဝင်လမ်းတစ်လျှောက် ပြုံးလျက်နေသည်။အိမ်တော်သို့ အဝင်တွင် မီးပုံးနီနီများချိတ်ဆွဲသည့်မိန်းကလေးအလုပ်သမားများကို ခါးထောက်ကာ ညွှန်ကြားနေသော အမေနှင့်အဘွားကိုတွေ့လိုက်ရသည်။Mid autumn festival အတွက် အဆင်သင့်ဖြစ်လုနီးပါး မြင်ကွင်းမျိုးစုံကို တွေ့ရလေပြီ။
မင်ထန်:အဘွား၊အမေ ကျွန်တော်ပြန်ရောက်ပါပြီ။
အဘွားက ပန်းဆိုင်းအတုအား ချိတ်နေရင်း လှည့်ကြည့်ကာ"မင်ထန် လာပြီလား။မိန်ဟော့ရော မင်းနဲ့ လိုက်မပြန်ဘူးလား။သူဘယ်လိုနေသေးလဲ။"မင်ထန်အဘွားချိတ်နေသော ပန်းဆိုင်းကို လက်တံရှည်တို့ဖြင့်ကူချိတ်ပေးပြီး"သူ နေကောင်းနေပါပြီ။ဂျူတီရှိလို့ ညနေမှပြန်လာလိမ့်မယ်။"
လီကတော်သည် မိန်ဟော့အကြောင်းပြောလျှင် မနှစ်မြို့ပေ။သူမဘာသာ ခပ်ဝေးဝေးတွင်မကြားချင်ယောင်ဆောင်နေလေသည်။အလုပ်များနေသည်မှာလည်း အမှန်ပင်။
မင်ထန်:အဖေရော။မင်ကျိုးကိုသွားကြိုတာပြန်မလာသေးဘူးလား။
အဘွား:အင်း ညနေပြန်ရောက်မယ် လေဆိပ်ကနေ။လေဆိပ်မဝင်ခင် သူ့မိတ်ဆွေတွေကို အိမ်တော်စားပွဲအတွက် ဝင်ဖိတ်မယ်ပြောတယ်။ပင်ပန်းနေပြီမလား။နားတော့လေ။ အော်ညနေ မိန်ဟော့ကို သွားကြိုပြီးမှ ဆေးရုံပြန်သွားနော်။
YOU ARE READING
Smile But Cry [ Own Creation,BL Chinese Characters &Mpreg ]Zawgyiunicode
Randomပေးဆပ်ခြင်းအမုန်း ဥပေက္ခာပြုခြင်း။လူတစ်ယောက်ရဲ့ရင်ထဲမှာ အချစ်ဘယ်ကစတင်ဝင်ရောက်လာလဲအတိကျမပြောနိုင်ကြပေမဲ့ အပြုမူတွေက သက်သေပြနေလေရဲ့။နာကျင်ခြင်းတွေကို ရပ်တန့်ဖို့မတောင်းဆိုမိသလို သူချစ်လာမယ့်နေ့မတိုင်ခင်ထိ နာကျင်နေရမယ်ထင်ပါရဲ့လေ။