15(mature words )

27.3K 2K 58
                                    

စောစောထ၍ဂျူတီဝင်ရမည်ဖြစ်သော မိန်ဟော့နှင့်မင်ထန်သည် နှိုးစက်ပင်မလိုပဲ မျက်စိများautomaticပွင့်လာကြပေသည်။မိန်ဟော့ဆိုဖာမှ ထလိုက်စဉ် မင်ထန်သည် မိန်ဟော့ထက်စောစွာအဝတ်အစားပင်လဲပြီး၍ နာရီဝတ်နေပေပြီ။မင်ထန်ဝတ်ထားသည်မှာ shirtအဖြူရောင်ပေါ်တွင်အနက်ရောင်ကုတ်အရှည်​ဝတ်ထားပြီး အောက်မှ ခဲနက်ရောင်ဘောင်းဘီရှည်ဖြင့် ခန့်ညားသန့်ရှင်းနေလေသည်။ချွန်နေသော နှာတံသည် ကျက်သရေရှိစွာပင် မင်ထန်၏ဖြူဝင်းသောအသားရည်၊မျက်ခုံးတန်းခပ်နက်နက်နှင့် ညှို့မျက်ဝန်းစုံတို့အား ပိုမို ခမ်းနားစေသည်။

ပေကျင်း၏အတော်ဆုံးဆေးကျောင်းသားဖြစ်ခဲ့သည်ဟု ပြောစရာမလိုအောင်ပင် လုံ့လ၊ဝီရိယကောင်းတုန်းပင်။မိန်ဟော့သည်လည်း စာတော်ခဲ့သည်။သို့သော် မင်ထန်၏စိတ်ကြံ့ခိုင်မှု၊ကျန်းမာရေးအားကောင်းမှုကိုမမီနိုင်ပေ။ညဆိုင်း ရက်ဆက်ဆင်းဆိုလည်း တစ်ချက်မညည်းညူပဲ သူငယ်ချင်းများအား ကူဆင်းပေးသူ မင်ထန်။လူနာတစ်ချို့က အသေးအမွှားကိစ္စသေးသေးလေးကိုပင် နာစ့်မအား မခေါ်ပဲ မင်ထန်အား လှမ်းခေါ်သည့်တိုင် စိတ်ရှည်စွာဖြင့် အစစအရာရာ လူနာရှင်အားရှင်းပြတတ်သော မင်ထန်။သူ့အနီးနားရှိလူတိုင်းအား ​အေးချမ်း​သောအပြုံးမြမြနှင့်​ ​ချွေချနိုင်​​သော ​ဒေါက်​တာကြီးဖြစ်​သည်​။ မင်ထန်ကို ဆေးလောကတစ်ခုလုံးက ဒေါက်တာမင်ထန်၏ အပြုံးသည် ရောဂါတစ်ဝက်သက်သာသည်ဟု အမွှန်းတင်ကြသေးသည်။

မိန်ဟော့မင်ထန်လှုပ်ရှားသမျှကို မျက်တောင်မခတ်ကြည့်နေရင်းသူ့မင်ထန်ကိုအမှတ်ပေးနေလေသည်။ သို့သော်မင်ထန်သည် မိမိဘက်အား တစက်လေးမျှ့ မကြည့်လာပေ။မိန်ဟော့လည်း လုပ်စရာရှိသည်များကို ပြင်ဆင်ရန် ပိုက်ထားသောခေါင်းအုံးလေးအား ကုတင်ပေါ်ပြန်တင်လိုက်သည်။မင်ထန်ကား အခန်းထဲရှိ တစ်ခြားသောဆိုဖာ၌ခြေချိတ်ထိုင်ကာ စာအုပ်ဖတ်နေလေပြီ။ဆောင်းရာသီအအေးဓာတ်ကြောင့် အိမ်တော်ရှိHeaterများမြှင့်ထားသော်လည်း ထိုဆရာဝန်နှစ်ယောက်၏အခန်းသည် နွေးထွေးမလာခဲ့ပေ။နှစ်ယောက်ကြားရှိအေးစက်သော အခြေအနေသည်ကား သာမန်လူဆို သတ်သေချင်စိတ်ပေါက်လောက်သည်။မိန်ဟော့ မို့သာ ခံနိုင်ရည်ရှိသည်လားမပြောတတ်ပေ။

Smile But Cry [ Own Creation,BL Chinese Characters &Mpreg ]ZawgyiunicodeWhere stories live. Discover now