Extra Gift

27.7K 1.3K 175
                                    

နှင်းခဲထုများဖုံးနေသော တောင်စောင်းထက်ဝယ် မြက်ခင်းစိမ်းတို့ကြား နှင်းများနေရာယူထားလေပြီ။အေးခဲသော ဒီဇင်ဘာလ၌ ဆရာဝန်များတောင်တက်အသင်းသည် တက်ညီလက်ညီတောင်တက်လာကြသည်။

ဆေးရုံအုပ်:မိန်ဟော့ အိမ်ကဖက်တီးတွေကို ဘယ်မှာထားခဲ့လဲ။

မိန်ဟော့ သွားဖြူဖြူတို့ အတန်ငယ်မြင်ရသည်အထိ ရယ်ရင်း "ဖက်တီးတွေကို အဘွားနဲ့ကျိုးအော်ဆီထားခဲ့တယ်ဆရာ"။ မိမိတို့ဆရာဦးလေးအား အပေါ်တက်လှမ်းရန် လက်ဖြင့်ကမ်းရင်း မိန်ဟော့တွဲပေးလိုက်သည်။မိန်ဟော့ခြေထောက်သည်မသန်တော့သော်လည်း မင်ထန်နှင့်အခြားဆရာဝန်တို့ဂရုစိုက်မှုကြောင့် သည်​ထိရောက်လာပေပြီ။အထူးသဖြင့်မင်ထန်မှာ မျက်လုံးနှစ်လုံးကို မိန်ဟော့ဆီသို့သာအာရုံပို့ထားလေသည်။ပြုတ်ကျမှာလည်းစိုးသလို ညောင်းညာကြွက်တက်မှာစိုးပြီး အဖွဲ့ခေါင်းဆောင်ပီပီ ခဏခဏနားသည်။မိန်ဟော့က အခြားလူများကိုအားနာမိပါသော်လည်း အားလုံးကနားလည်ပေးကြသလို တောင်တက်သမားဝါရင့်များမဟုတ်သည်ကြောင့် ခဏခဏနားလိုကြသည်။

ရှေ့ကမင်ထန်သည် ရေသန့်နွေ့နွေးအား သောက်ရင်းမိန်ဟော့ထံ ကြည့်လျက် "မိန်အော် ရော့" ကမ်းပေးလာသော ရေနွေးဘူးငယ်ကို မိန်ဟော့ယူရင် ဝက်သစ်ချပင်စည်အောက်ထိုင်နားနေသည်။

မင်ထန်သည် မိန်ဟော့အား 'မိန်အော်(မိန်လေး)'ဟု မကြာခဏခေါ်သည်။ကိစ္စရပ်တို့ဖြစ်ပွားခဲ့ပြီးနောက် မတက်ဖြစ်ခဲ့သော ဤနှင်းတောင်အား လူပျိုလေးများသဖွယ် ငယ်ဘဝပြန်ခံစားလို၍ တက်ခဲ့ခြင်းပေ။မိန်ဟော့ကား အားကစားမလုပ်သလို မင်ထန်ကဲ့သို့ခန္ဓာဗလမရှိ။တစ်ချက်မှ မညည်းညူပဲ ကြိုးစားလျှောက်ရှာသည်။

မိန်ဟော့နား ဝင်ထိုင်လိုက်ပြီး မိန်ဟော့ခေါင်းစွပ်သိုးမွှေးအား မျက်စိဖုံးနေသည်ကို ပြင်ဝတ်ပေးနေမိသည်။ပါးပြင်တို့အေးခဲမှုကြောင့် စတော်ဘယ်ရီရောင်သန်းနေသည်။မင်ထန် ထိုပါးအား ဆွဲညှစ်လိုက်ပြီး ရုပ်တည်နှင့် မိန်ဟော့၏ပြေကျနေသောမာဖလာကိုလည်းပြန်ပတ်ပေးနေလေသည်။

မင်ထန်:သူများတွေကိုပဲ ဂရုစိုက်မနေနဲ့။ကိုယ့်ကိုယ်ကိုဘာလိုနေလဲ လည်းသေချာကြည့် မိန်အော်။

Smile But Cry [ Own Creation,BL Chinese Characters &Mpreg ]ZawgyiunicodeWhere stories live. Discover now