My name-Day by day.သီချင်းက မင်ထန်ဘက်ကအတွေးတွေပါ။သီချင်းအရင်နားထောင်သင့်ပါတယ် ကလေးတို့။
မိမိဘေးနားလေးမှာ မိန်ဟော့တစ်ယောက်လုံခြုံစွာအိပ်စက် နေသည်ဟူသောအသိနဲ့တင်ကျေနပ်ကာ မင်ထန်ကြိုးစားအိပ်လိုက်သည်။မိန်ဟော့ မိမိအားကျောခိုင်းထားသည်မှာ သူနှင့်ထိုက်တန်သည်ဟု ထင်မိသည်။မိန်ဟော့သူနှင့်စတွေ့စဉ်မှမနေ့ကထိ ရင်ဆိုင်ရရှိခဲ့သော စိတ်ဒဏ်ရာ၊ခန္ဓာကိုယ်ဒဏ်ရာများနှင့်ယှဉ်လျှင် မိမိအဖြစ်သည် မပြောပလောက်ဟု တွေးမိသည်။ဆေးရုံ၌..
ခြေလှမ်းတလှမ်းစီတိုင်းအတွက်အပူစီး ခုန်နေသောနှလုံးစိုင်သည် သွေးကြောများကိုပါ ပေါက်ထွက်စေနိုင်သည့်အလား။နားထင် တစ်နေရာမှလည်း 'ဒုဒု'နှင့် အပူ၏အရှိန်ကြောင့်ဆောင့်တက်နေသယောင်ပင်။ ဦးနှောက်သွေးကြောများ၏ ကျုံ့ဆန့်နှုန်းမှာအရှိန်မြှင့်ပြေးနေသော မြင်းများကဲ့သို့ မင်ထန်နားထဲမှ အတိုင်းသားကြားနေရသည်။
အရေးကြီးခက်ခဲလွန်းသော caseမဟုတ်၍တော်တော့သည်။ဘေးမှလက်ထောက်ဆရာဝန်လေးနှင့်နာ့စ်တချို့ကလည်း ခွဲစိတ်မှုအသေးစားလေးအတွက်နှင့် ချွေးတွေပြန်နေရင်းတွေဝေလေးလံနေသော ဒေါက်တာမင်ထန်အား အထူးအဆန်းဖြစ်နေကြသည်။နေရပ်အချိန်ကာလမရွေးအကြောင်းပြချက်မရှိပေါ်လာနေသော အနက်ရောင်မီးအဆိပ်သည် တစိမ့်စိမ့်နှင့် ခံရခက်စေသည်။မင်ထန်လည်း ဆေးရုံနေ့တဝက်ကြီး၌ခုလိုမျိုးရုတ်တရက်ထဖောက်မယ် မတွေးမိခဲ့ပေ။
မင်ထန် ချုပ်လက်စ ခွဲရာအား အပြီးသတ်ချည်နှောင်လိုက်သည်။Maskပင်မချွတ် လက်ပင်မဆေးနိုင်ပဲ နားနေခန်းသို့ခပ်လောလော နှင့်တည့်တည့်လျှောက်လာမိသည်။မည်မျှပင်စိတ်ရောလူရောမာကျောနေပါစေ မင်ထန်သည် ရွှေဇွန်းကိုက်မွေးလာသူတော်ဝင်သခင်လေးပေမို့ ဤဒဏ်ကိုခံစားနေရမှန်း မသိမသာနှင့် ရိပ်မိကြကုန်သည်။
လက်ထောက်:ထူးဆန်းတယ်..
နာစ့်:ဟုတ်တယ် ဒေါက်တာ့ကိုကြည့်ရတာလေ တခုခုကိုအတင်းတားနေရသလိုမျိုး။ အများကြီးမကျဖူးတဲ့ချွေးစီးတွေလည်း ခဏခဏသုတ်ပေးရသေး ဟိဟိ။သူမမှာ ဒေါက်တာချောချောအား ချွေးသုတ်ပေးရ၍ ပြသနာကြားမှကျေနပ်နေလေသည်။
YOU ARE READING
Smile But Cry [ Own Creation,BL Chinese Characters &Mpreg ]Zawgyiunicode
Randomပေးဆပ်ခြင်းအမုန်း ဥပေက္ခာပြုခြင်း။လူတစ်ယောက်ရဲ့ရင်ထဲမှာ အချစ်ဘယ်ကစတင်ဝင်ရောက်လာလဲအတိကျမပြောနိုင်ကြပေမဲ့ အပြုမူတွေက သက်သေပြနေလေရဲ့။နာကျင်ခြင်းတွေကို ရပ်တန့်ဖို့မတောင်းဆိုမိသလို သူချစ်လာမယ့်နေ့မတိုင်ခင်ထိ နာကျင်နေရမယ်ထင်ပါရဲ့လေ။