သီချင်းလေးအရင်နားထောင်ကြည့်ကြပါ။
ကင်ဆာဆောင်ထဲသို့ ဝင်လျှောက်သွားလေသော ဒေါက်တာမိန်ဟော့ကို လူနာနှင့် နာ့စ်များက ဝေ့ကြည့်နေကြသည်။ခါတိုင်းလို ဆေးရုံရှိလူတိုင်း၏ သူငယ်ချင်းကဲ့သို့အကန့်သတ်မရှိပြုံးရယ်ပြတတ်သော ချစ်စရာအပြုံးတို့ကွယ်ပျောက်နေသည့် မိန်ဟော့၏မျက်နှာသည် သွေးဆုတ်နေပေသည်။နေမကောင်းမှန်းသိသာနေသည့် မျက်နှာပုံပန်း ထော့နင့်သောခြေတစ်ဖက်အပြင် အဖျားကြောင့် သူ၏ခြေလှမ်းတို့သည် နှေးကွေးလေးလံနေပုံရသည်။
Nurses:ဒေါက်တာမိန်ဟော့ ကိုကြည့်ရတာ ဟိုတခါဖြစ်သလိုနဲ့ပုံစံတူနေတယ်။
Other nurse:ဟမ် ဘယ်ဟာလဲ။
Nurses:ဟိုတစ်ခါelevatorထဲမေ့လဲတုန်းက ငါကြားမိတာ သမာရိုးကျမဟုတ်ဘူးတဲ့ဟ။.......
Other nurse:oh my god.ဒါကြောင့် အဘွားလီက ဖုံးထားတာကိုး ။အေးလေ သူ့လို ရုပ်ပဲရှိပြီး ဘာမှဂုဏ်ကျက်သရေမတက်တဲ့ ကောင်ကို ငါ့ရဲ့မင်ထန်က ဘယ်သဘောကျမလဲ။အဲ့နေရာပဲ ရမှာပေါ့ ခိခိ အိပ်ယာပေါ်ခဏတက်ရ နည်းလား ဟားဟား။မိန်ဟော့ကြားနေသော်လည်း မကြားချင်မမြင်ချင်ယောင်ဆောင်ရသည်ကို အလေ့အကျင့်ရနေပေပြီ။သူ့ကို မထီမဲ့မြင်ပြောလေ့ရှိသော စကားကြမ်းများကို နားနှင့်မဆံ့ကြားဖူးနေကျပေမဲ့ ကြားရတိုင်းလည်း မင်ထန်အား နာကြည်းစိတ်ဝင်မိသည်။သို့သော် နှလုံးသားသည် ထိုသူကိုပင် ခွင့်လွှတ်နေဆဲပင်။နာကျင်မှုကိုလည်း သုခဟု အမှတ်မှားနေလေရော့သလား နှလုံးသားရယ်။လက်သီးဆုပ်သေးသေးလေးများကို ဆုပ်ထားကာ ခြေလှမ်းအရှိန်မြှင့်ရင်း ထိုအသံများကို အလျင်အမြန် ဝေးကွာစေလိုက်သည်။
သောက်လက်စကော်ဖီခွက်လေးတစ်ခုသည် အဆုံးထိမကုန်ခမ်းသေးမီပင် အမှိုက်ပုံးထဲသို့ ပစ်ခံလိုက်ရသည်။တိတ်ဆိတ်စွာ ကျောခိုင်းထွက်သွားသော ကျောပြင်ကျယ်နှင့်ခြေလှမ်းကျယ်တို့သည် nurseမများအုပ်စုအနောက်မှ လျင်မြန်စွာ ဝေးကွာသွားလေသည်။
သွေးဖောက်စစ်ခံနေကျအခန်းထဲ၌ ဖေးနှင့် မိန်ဟော့ သည် ဆရာဝန်ကြီးအား စောင့်ဆိုင်းနေလေသည်။
ဖေး:မိန်ဟော့ ဖျားနေတာ ဖြစ်ပါ့မလား။အခုပုံနဲ့ဆို သွေးပေါင်ကျနေမှာနဲ့။resultက မကောင်းလောက်ဘူးနော်။အားပြည့်မှ ပြန်လာစစ်ရင် ပိုသေချာတယ်။
YOU ARE READING
Smile But Cry [ Own Creation,BL Chinese Characters &Mpreg ]Zawgyiunicode
Randomပေးဆပ်ခြင်းအမုန်း ဥပေက္ခာပြုခြင်း။လူတစ်ယောက်ရဲ့ရင်ထဲမှာ အချစ်ဘယ်ကစတင်ဝင်ရောက်လာလဲအတိကျမပြောနိုင်ကြပေမဲ့ အပြုမူတွေက သက်သေပြနေလေရဲ့။နာကျင်ခြင်းတွေကို ရပ်တန့်ဖို့မတောင်းဆိုမိသလို သူချစ်လာမယ့်နေ့မတိုင်ခင်ထိ နာကျင်နေရမယ်ထင်ပါရဲ့လေ။