38

22.1K 1.8K 131
                                    

"ငါ​ပြောတာနားလည်​လား"

မင်​ထန်​အ​မေ​ရှေ့ မျက်​နှာငယ်​နှင့်​ လက်​နှစ်​ဖက်​အသာယှက်​ကာ အမိန့်​နာခံ​နေပုံရ​သော မိန်​​ဟော့ကို wheelchairပေါ်ထိုင်လျက်သား အိမ်​အဝင်​မှပင်​လှမ်းမြင်​လိုက်​ရသည်​။

မင်​ထန်​ ထို​ဧည့်​ခန်းဆီသို့သွားလိုက်​ပြီး"ဘာဖြစ်​​နေတာလဲ မား"။
မင်​ထန်​အ​မေသည် မျက်​နှာလှလှထက်​မှ ခပ်​ရွဲ့ရွဲ့'မ​ပြောချင်​ဘူး'ဟူ​သော အသွင်​ကိုပြလာသည်​။

မိန်ဟော့ကို မင်ထန်ကြည့်လိုက်သော်လည်း အဖြေရှာမရသော မျက်နှာဖြူလေးသည် ငုံ့နေသည်။မိန်ဟော့သည် သက်တမ်းတစ်လျှောက်လုံး တအုံ့နွေးနွေးခံရခက်စွာ နာကျင်ရသမျှ ခေါင်းငုံ့ခံခဲ့သည်ကို မင်ထန်လုံးဝသိသည်။ယခုလည်း လီသခင်မနှင့်မင်ထန်အကြား သူ့ဘက်မည်သူမျှ မပါဘူးဟု အရိုးစွဲနေပုံရသည်ကတစ်ကြောင်း၊အေးဆေးညင်သာသောယောကျာ်းပေမို့ ပြသနာတက်ရသည်ကို မနှစ်မြို့မှန်း မင်ထန်ရိပ်မိသည်။သို့သော် မင်ထန်သည် မိန်ဟော့လို မဟုတ်ပေ။ပြောရဲ ဆိုရဲနှင့် တိတိကျကျ ပုံသွင်းခံခဲ့ရသူ မန်ချူးအနွယ်ဝင်ပေမို့ သည်နေရာတွင် ခင်ပွန်းတာဝန်ကိုမဖြစ်မနေသူလုပ်ရမည်ဟု နားလည်လိုက်သည်။

မင်ထန်သည် မိန်ဟော့ W.Cအား လက်နှစ်ဖက်ဖြင့် သူ့အနားနီးနီးကပ်ကပ် ဆွဲယူကာ အနောက်မှ ရပ်နေရင်း မိခင်အား "မား ဘာဖြစ်နေတာလဲဆိုတာပြောပြပါ။ပြောမှ မားကိုကူရှင်းပေးလို့ရမှာလေ။"မိခင်သည် သားများနှင့်ပတ်သက်လျှင် အစွဲကြီးသူမှန်း သိ၍ သူအလိမ္မာနည်းသုံးကာ မေးလိုက်သည်။မိန်ဟော့ကား ဝင်သက်ထွက်သက်ပင် ရှိုက်နေသေးလား မသဲကွဲအောင် ကြောက်နေဟန်တူသည်။မှန်ပေသည်။မိန်ဟော့ သူ့ကြောင့်နှင့်တပါးသူတွေ ပြသနာတက် စိတ်ဆင်းရဲကြမည်ကို မလိုလားသူ။မေတ္တာကို ကိုးကွယ်သူမိန်ဟော့ပေ။

လီသခင်မ:မား က သူ့ကို စေတနာနဲ့ပြောပြနေတာ။ဘယ်လိုပဲဖြစ်ဖြစ် သူနဲ့ငါ့သား မဖြစ်မယ့်တူတူ သားကိုလက်လျှော့ဖို့ပြောနေတာ။အချိန်တွေလည်းကြာခဲ့ပြီ အခုထိဘာမှမတိုးတက်လာတဲ့ဆက်ဆံရေးက အိမ်တော်ကိုလည်း ဘာမှကောင်းကျိုးမပေးဘူး။သူ့ကိုလည်း ဆေးရုံမှာဆက်ပေးလုပ်မယ်လေ။အိမ်လည်းပေးထားမယ် သူ့ညီမနဲ့နေရအောင်။ငါ့သားကို ဖေးနဲ့လွတ်လပ်ခွင့်ပေးလိုက်ပြီး ဘဝကိုကောင်းကောင်းနေဖို့ ဆွေးနွေးနေတာပါကွယ်။

Smile But Cry [ Own Creation,BL Chinese Characters &Mpreg ]ZawgyiunicodeTahanan ng mga kuwento. Tumuklas ngayon