41(part2)

23.3K 1.9K 216
                                    

မင်​ထန်​​သည်​ကားကိုအိမ်​​တော်​ဘက်​သွားရာ လမ်း​ကြောင်း​ပြောင်းပြီး မိမိ​ယောကျာ်း​လေးအားအကဲခတ်​မိ​တော့ ရင်​ခုန်​​နေဟန်​မ​ပြောနှင့်​စိုးစိမျှ တုန်​လှုပ်​ကြည်​နူးသွားဟန်​မပြ​ပေ။

မင်​ထန်​;ဘာလဲ ငါအနှစ်နှစ်​အလလကြာမှ ​သ​ဘော​ပေါက်​ခဲ့တဲ့ အရာတစ်​ခုကို​ပြောလိုက်​တာ​တောင်​သူ ဘယ်​လိုမှမဖြစ်​ဘူးလား​။သေစမ်း မင်​ထန်​ အခုမှ​ပြော​တော့ သူကပြုံး​ပျော်​ပြ​နေရမှာလား။နား​ထောင်​​နေတာပဲ​ကျေးဇူးတင်​စမ်းပါ။မင်​ထန်​သည်​ သူ့ရင်​ထဲမှခံစားချက်​ကို​ဖော်​ထုတ်​​ပြောဆိုရန်​ အ​တွေးများများစားစားမရှိ​သော အချစ်​ငတုံးသမားပင်​။သူတခြား​နေရာများတွင်​ လွန်​ကဲသာလွန်​စွာ ထူးချွန်​ချင်​ထူးချွန်​မည်​။ဤ​နေရာတွင်​​တော့ အ​တော်​​လေးအချိန်​ယူကြိုးစားပြီး သူမိန်​​ဟော့ကိုချစ်​​နေမိခဲ့တာ ​သေချာလားဆိုတာကိုပင်​ မိန်​​ဟော့နှင့်​​ဖေးအ​ကြောင်းသိချိန်​မှ သ​ဘော​ပေါက်​ခဲ့ရသည်​။အဘွား​၏တွန်းအား​ကြောင့်​လည်း ပါသည်​မို့ အဘွားအား​ကျေးဇူးတင်​မိ​သေးသည်​။

နှလုံးသား​ရေးရာသည်​ ဥာဏ်​​ကောင်းဥာဏ်​ထက်​ခြင်းနှင့်​လားလားမျှမဆိုင်​​ပေ။သူ့အချိန်​တန်​လျှင်​ ​မွေးဖွားလာမှသာ ရင်​ခုန်​ခံစားမှု​နောက်​လိုက်​ပါရခြင်းသာ။မင်​ထန်​ကား အချစ်​ကိုနှလုံးသားနှင့်​မရှာ​ဖွေခဲ့ပဲ ​ခေါင်းမာ​နေခဲ့ခြင်း​ကြောင့်​သာ ယခုလို မကြာသင့်​​သောအချိန်​များကုန်​လွန်​ပျက်​စီးခဲ့ရပြီး မထိခိုက်​သင့်​သောသူအချို့ နာကျင်​ခဲ့ရ​လေပြီ။

မိန်​​ဟော့;Ge​ပြောမှ ကျွန်​​တော်​သတိရမိတယ်​။ဖေးကျဲက geကျွန်​​တော့်​ကိုသူ့ထက်​ဂရုစိုက်​​နေလွန်းလို့ အမြင်​မကြည်​ခဲ့တာ​တွေကို။လက်​စသတ်​​တော့geကအဲ့လိုဖြစ်​​နေခဲ့တာလား​။

မိန်​​ဟော့​:ဟဟ..။ဘာရယ်​မဟုတ်​ မိမိအဖြစ်​သည်​ နှစ်​အတန်​ကြာမှ အချစ်​ဦး၏အချစ်​ဦးဖြစ်​​နေခြင်းကို ကြိတ်​ရယ်​မိခြင်းသာ။

မင်​ထန်​: မယုံလို့လားဟင်​။ဘာလို့ရယ်​​နေတာလဲ မိန်​​ဟော့။မင်​ထန်​သည်​ ​ပြောရန်​ခက်​​သော ရင်​တွင်းစကားကို ကြိုးကြိုးစားစား​ပြောခဲ့​သော်​လည်း မိန်​​ဟော့က ပြက်​ရယ်​ပြုသည်​ဟုထင်​ကာ မ​ကျေနပ်​ချင်​​ပေ။သို့​သော်​ မိန်​​ဟော့သူ့အနားမှာရယ်​​နေ​သေးသည်​ဟူသည်​ကား တခြားအပိုအ​တွေး​တွေးခဲ့မှုတို့ကို စိတ်​​ဖျောက်​​စေနိုင်​သည်​။

Smile But Cry [ Own Creation,BL Chinese Characters &Mpreg ]ZawgyiunicodeWhere stories live. Discover now