အဘွားသည် လူကြီးလူကောင်းမဟာနွယ်အမျိုးသမီးဟန် မပျက်ပေ။ သိလိုစိတ်ရှိနေသောသားနှင့်ချွေးမ အား မသိချင်ယောင်ဆောင်လိုက်သည်။နှစ်ယောက်သားမှာလည်း ကြည်ညိုလေးစားရသော အကြီးအကဲသဖွယ် မိခင်ဖြစ်သည်မို့ မပြောပြလိုသည်ကိုအတင်းအကြပ်မေးရန် မစွမ်းသာ။အဘွားလီသည်အကြောင်းမဲ့ မပြောပြခြင်း မဟုတ်ကြောင်းလည်း သိကြသည်။မင်ထန်အမေသည် မိန်ဟော့မျက်နှာဘက်ကို အကဲခတ်ကြည့်လိုက်မိသည်။မထူးမခြား အေးဆေးစွာ ထမင်းပန်းကန်နားတေ့၍စားနေလေသည်။ဘေးကသူ့သားမှာခါတိုင်း ဟိုဟိုသည်သည်ပြောသလောက် မင်ထန်ထသွားပြီးမှ စားသောက်ဟန်မှာတည်ငြိမ်နေပေသည်။သူမသားအငယ်သည် serious caseဖြစ်ပြီဆိုလျှင်ယခုလိုရင့်ကျက်တည်ငြိမ်သောCEOတစ်ဖြစ်လည်း လူကြီးအသွင်ရှိတတ်မှန်း သူမသိသည်။မင်ကျိုးကား သူ့အကျင့်ဗီဇတို့ကို ကြာကြာဖုံးမထားနိုင်သော လူငယ်ဆန်သည့်ကောင်လေးမျိုး၊ ပေါက်ကွဲလွယ်ထိခိုက်လွယ်သည့်ကလေးမျိုးဖြစ်သည်။
မင်ထန်အမေသည် နှုတ်ခမ်းဖူးဖူးအား အသာလှုပ်ခတ်ပြုံးလိုက်ရင်း ထမင်းပြီးအောင်ဆက်စားနေသည်။လီသခင်ကြီးမှာတော့ မျက်နှာအတော်လေးမကောင်းပေ။အိမ်တော်သခင်မကြီး ထထွက်သွားပြီးနောက်မှာတော့ အားလုံးထထွက်လာကြသည်။
"မိန်ဟော့" သူ၏နောက်မှ လှမ်းခေါ်လာသူ မင်ထန်အမေသည် ငှက်သိုက်ပေါင်းကြွေအိုးအား သေချာကိုင်ထားသည်။မကြည်သောမျက်နှာသည်လည်း မင်ထန်အမေမို့လားမသိပေ။ အလွန်အရှိန်အဝါတောက်လွန်းသည့်မျက်နှာပင်။
လီသခင်မ:ရော့ ယူသွားလိုက်။မိန်ဟော့ကို သူမ ကိုယ်တိုင်ကိုယ်ကျ ထိတွေ့စကားပြောသည်မှာ အလွန်ပင်မရှိသလောက်ပင်။ဆူပူချိန်မှသာမိန်ဟော့အား ခေါ်တော်ဆင့်တတ်သူ သူမအား မိခင်မရှိခဲ့သူ မိန်ဟော့အဖို့ အပြစ်မမြင်နိုင်ခဲ့ပေ။သားကိုချစ်သောသူမနှင့် အချစ်ခံရသောမင်ထန်ကိုပင် အားကျခဲ့ရသည်။ယခုသူ့သားတော်စားမည့်ငှက်သိုက်ပေါင်းအား မိမိထံကမ်းပေးလာသည်။မိန်ဟော့သူမ မျက်ဝန်းထဲ ကြည့်လိုက်မိသည်။သူ့အား မနှစ်မြို့ဟန်မှာအထင်းသားပင်။သို့သော်ယခုလို တရေးတယူ လုပ်လာသည်ကပင် မင်ထန်ကိုချစ်ခင်တန်ဖိုးထားလေသော မိခင်အချစ်မျိုး ဖြစ်လောက်သည်။မိဘတိုင်းသည် သားသမီးအတွက်သာ အသက်ရှင်သန်တတ်ကြလေသည်။
YOU ARE READING
Smile But Cry [ Own Creation,BL Chinese Characters &Mpreg ]Zawgyiunicode
Randomပေးဆပ်ခြင်းအမုန်း ဥပေက္ခာပြုခြင်း။လူတစ်ယောက်ရဲ့ရင်ထဲမှာ အချစ်ဘယ်ကစတင်ဝင်ရောက်လာလဲအတိကျမပြောနိုင်ကြပေမဲ့ အပြုမူတွေက သက်သေပြနေလေရဲ့။နာကျင်ခြင်းတွေကို ရပ်တန့်ဖို့မတောင်းဆိုမိသလို သူချစ်လာမယ့်နေ့မတိုင်ခင်ထိ နာကျင်နေရမယ်ထင်ပါရဲ့လေ။