နှင်းတို့ခဲနေပြန်သော တရုတ်ပြည်မကြီး ပေကျင်းသည်ကား အပူချိန်အလွန်ကျဆင်းနေသောကြောင့် မြင်မြင်သမျှပတ်ဝန်းကျင်သည် နှင်းများခဲနေသလို ဖန်သားရေခဲပြင်တို့ လွှမ်းခြုံနေလေသည်။နှင်းလျှောစီးသူများ၊ ရေခဲပြင်စကိတ်စီးသူများ နှင့် နှင်းလူသားလုပ်သူများကြောင့် ဆောင်းရာသီအနှစ်သာရကို ပိုပြည့်စုံစေသည်။
လှုပ်လှုပ်ရှားရှားနှင့်ပျော်ရွှင်နေသော လူသားများအပြင် ဆေးရုံခန်းကျယ်ထဲ၌ သန့်ရှင်းဖြူစင်လွန်းသော နှင်းပွင့် ငယ်နှစ်ခုလည်း ခိုကပ်နေလေသည်။
နွေးထွေးနူးညံ့သော ပွတ်သပ်မှုအထိအတွေ့ကြောင့် ပန်းရောင်လွှမ်းခြုံနေသော ပါးပြင်ငယ်သည် ထိုလက်ဖဝါးသွယ်သွယ်ကြား၌ပျော်မွေ့နေသည်။
မင်ထန်;ဟက်.... ဆက်အိပ်နေမိန်ဟော့ရေ ။
မိမိမျက်နှာပေါ်ကမွှေးညှင်းနုနုတို့တစ်စုံတစ်ယောက်၏ပူနွေးညင်သာသောအသက်ရှူနှုန်းကြောင့်လှုပ်ခတ်သွားရသည်။ ကော့ညွှတ်သောမျက်တောင်ရှည်တို့ပွင့်လာသည်။
မိန်ဟော့ဘေးစောင်းလှဲနေသောရှေ့၌ အပြုံးရိပ်သန်းကာ ကြည့်နေသူသည် တင်းမာသောမျက်နှာဖုံးကိုခွာချထားလေသည်။ဟုတ်ပေသည်။မင်ထန်သည် သူ့အား ရယ်ပြုံးဖြီးသည်ထက် သာလှသော၊ အဓိပ္ပါယ်နက်နဲလှသော ဂရုဏာမျက်ဝန်းတို့ဖြင့် ထိုင်ကာကြည့်နေလေသည်။ထိုသူသည် တခြားသူတို့ကိုပြုံးလေ့ရှိသော အပြုံးမျိုးမပြသော်လည်း မိန်ဟော့အပေါ်အကြည့်နှင့် နှုတ်ခမ်းတင်းတင်းပိတ်ပိတ်တို့မှာ ယုတ်လျော့ ပြောင်းလဲနေသည်။ပြေးလမ်းမှန်ပေါ်ရောက်သွားသောလေယာဉ်တစ်စီးအလား ရင်ဘက်တစ်နေရာ၌ ဝန်ပိုတို့လျှော့ထားလေသည့် ပေါ့ပါးလွတ်လပ်မှုသည် ပျံသန်းတက်တော့မည့်အလား ခံစားနေရဟန်တူပေသည်။
YOU ARE READING
Smile But Cry [ Own Creation,BL Chinese Characters &Mpreg ]Zawgyiunicode
Randomပေးဆပ်ခြင်းအမုန်း ဥပေက္ခာပြုခြင်း။လူတစ်ယောက်ရဲ့ရင်ထဲမှာ အချစ်ဘယ်ကစတင်ဝင်ရောက်လာလဲအတိကျမပြောနိုင်ကြပေမဲ့ အပြုမူတွေက သက်သေပြနေလေရဲ့။နာကျင်ခြင်းတွေကို ရပ်တန့်ဖို့မတောင်းဆိုမိသလို သူချစ်လာမယ့်နေ့မတိုင်ခင်ထိ နာကျင်နေရမယ်ထင်ပါရဲ့လေ။