43(Part1)

22.9K 1.8K 78
                                    

မင်​ထန်​;ကိုယ်​ မင်းကို မငို​စေရ​တော့ဘူးဆိုပြီး ငို​စေမိပြန်​ပြီ။မိန်​​ဟော့မငိုပဲ အမြဲပြုံး​နေ​အောင်​ ငါဘယ်​လိုလုပ်​ရမလဲ။

ရွှေမင်းသား​လေးသည်​ ​မင်းသမီး​လေးအပြုံးကို​မော်​ဖူးရန်​ ခက်​ခဲစွာကြိုးစားရသော ပုံပြင်​များကို မင်​ထန်​ကြားဖူး​သော်​ငြား မိန်​​ဟော့သည်​ မင်းသမီး​လေးမဟုတ်​​ပေ။ကနွဲ့ကလျ​ဖြစ်​လေ​သော ​ယောကျာ်းလည်းမဟုတ်​​သည့်​ မိန်းက​လေးများ​ရှေ့ကဟီးရိုးကြီးမိန်​​ဟော့ဟု မင်​ထန်​​တွေးမိ​လေ​လေ က​လေးလိုဆက်​ဆံရမည်​လား၊လူကြီးလို​ခေါင်း​ပေါ်ရွက်​ထားရမည်​လား ​မိမိအသက်​ရွယ်​နှင့်​မလိုက်​​အောင်​ မရင့်​မကျက်​​တွေး​ခေါ်မိသည်​။

မင်​ထန်​;မင်းစိတ်​ကိုကိုယ်​အမီလိုက်​ပြီး မင်းဆီက လည်​စဉ်းခံမှာ မိန်ဟော့။မင်​ထန်​condo ၏အ​ပေါ်ဆုံး​ခေါင်​မိုးထပ်​၌ ​နွေဦး​လေပြည်​ကိုကြို​နေရင်း ညဘက်​မီး​ရောင်​စုံတို့ကိုရှုကြည့်​​နေမိသည်​။

ထိုအထပ်အနိမ့်တို့ကားမတူညီပေမဲ့ လင်းထိန်နေသောမီးရောင်တို့သည် သူ့နေရာနှင့်သူ အလင်းပြိုင်အားကောင်းနေကြသည်။အထပ်နိမ့်တိုက်တို့က မြင့်မားသောTowerကြီးများကိုရင်သပ်ဖွယ်ငေးမောအားကျကြသကဲ့သို့ မင်ထန်တို့နေသောTowerမြင့်မြင့်ကြီးများကလည်း နိမ့်မြင့်မတူလေသော တိုက်လေးများကိုငေးမောအတွေးပိုကြရသည်။လောကီလူသားတို့လည်း ကိုယ့်နေရာမဟုတ်သောသူများကို အာရုံစိုက်ရင်းတစ်ခါတစ်ခါမိမိကိုယ်ကိုမေ့လျော့နေတတ်ကြသည်လေ။

သူတစ်​ပါးဇနီးမယားခင်​ပွန်းသည်​တို့မှာ စိတ်​ဆိုးစိတ်​​ကောက်​လျှင်​ မျက်​နှာအမူအရာ ​လေယူ​လေသိမ်းမှအစ သိသာသည်​။မိန်​​ဟော့၏စိတ်​​တိုဝမ်းနည်းပုံ မှာ အများနှင့်​မတူပေ။ အလွန်​ကိုမျိုသိပ်​ကြိတ်​မှိတ်​တတ်​မှန်း မင်​ထန်​သိသည်​။ထို့​ကြောင့်​ မိန်​​ဟော့၏ ဘယ်​အချိန်မှာပျော်နေလဲ၊ ဘာအတွက် စိတ်ညစ်နေလဲ သိရှိရန်​မှာ မင်​ထန်​အဖို့ခန့်မှန်းရန်​အခက်​ခဲဆုံးအလုပ်​တစ်​ခုဖြစ်​​လာသည်​။

Smile But Cry [ Own Creation,BL Chinese Characters &Mpreg ]ZawgyiunicodeWhere stories live. Discover now