အခန်း၃- နော့က်စ် မက်က်စ်ဝဲလ်

16.4K 1.7K 19
                                        

Zawgyi

Nubes ရဲ့ခေါင်းဆောင်နဲ့ အကြီးပိုင်း မျိုးနွယ်စု အဖွဲ့ဝင်တွေကို ကိုင်တွယ်ဖို့ရာ မာဗီဟာ သူ့အကိုကိုသာ တာဝန်ပေးထားလိုက်တော့တယ်... သူမဟာ လက်ရှိမှာ ကလေးငယ်တစ်ဦးသာဖြစ်နေသေးတာကြောင့် သူမပိုင်ဆိုင်ထားတဲ့ စွမ်းအင်ကို မသိချင်ယောင်ဆောင်ပြီး သီးသန့်နေလိုက်ဖို့ရာကတော့ လက်ရှိမှာ သူမအတွက် အကောင်းဆုံးပါပဲ... ဒါ့အပြင် သူမရဲ့ အားကိုးစရာ အစ်ကိုဟာလည်း ဘယ်လိုစကားကိုသာ ပြောရမယ်ဆိုတာ သိလောက်အောင် စမတ်ကျသူတစ်ယောက်ဆိုတာ သူမယုံကြည်လေတယ်...

တကယ်ပါပဲ ဇက်ခီဂူသီယားဟာလည်း သူမကို စိတ်မပျက်စေခဲ့ဘူး... ဒီသမာသမတ်ကျတဲ့ လူငယ်လေးဟာ သူ့ညီမငယ်လေးကို ကာကွယ်ဖို့ရာ အဖြစ်မှန်တစ်ဝက်ကိုသာ ဒီလူကြီးတွေကို ပထမဆုံးအကြိမ် ထုတ်ပြောခဲ့လေတယ်... သူဟာ ဒီလက်ကောက်တွေရဲ့ စစ်မှန်တဲ့ စွမ်းအင်ကိုတော့ မှားယွင်းစွာပြောဆိုထားလေရင်း တဖက်မှာတော့ ဒီလက်ကောက်တွေဟာ မာဗီ့အသက်စွမ်းအားနဲ့ ဆက်စပ်နေတယ်ဆိုတာကိုတော့ အမှန်အတိုင်းပြောခဲ့လေတယ်...

ထိုအခါမှသာ Nubes ခေါင်းဆောင်နဲ့ လူကြီးပိုင်းတွေဟာ မာဗီဆီမှာ လက်ကောက်လေးကွင်းသာ ကျန်ရှိနေတာကြောင့် မာဗီ့အသက်အန္တရာယ်ကို မှန်းဆမိသွားလေတော့တယ်... တစ်ချိန်တည်းမှာပဲ ဒီNubes ခေါင်းဆောင်နဲ့ အကြီးပိုင်းတွေဟာ ဒီကလေးမလေးရဲ့ သူတို့ မျိုးနွယ်စုကို ကာကွယ်ပေးနိုင်မယ့် ကြီးမားလှတဲ့ စွမ်းအားကို စိတ်ထဲမှာတိတ်တဆိတ်သာ ကျေနပ်အားရနေကြလေတယ်...

ဒီနားလည်ပေးပုံ အပြည့်ပေးနေတဲ့ လူကြီးတွေဟာ မာဗီ့ကို ဘယ်သူကမှ အန္တရာယ်မပေးစေရဘူးလို့ ဇက်ခီ့ကို ကတိပေးကြလေတယ်... သို့သော်ငြား သူတို့ မျက်ဝန်းတွေထဲမှာ အတိုင်းသားမြင်နေရတဲ့ ကျေနပ်အားရစိတ်ဟာတော့ သူတို့ရဲ့ တကယ့်စိတ်ရင်းအမှန်ကို သစ္စာဖောက်လို့နေတယ်...

ဇက်ခီဟာ မသိချင်ယောင်သာဆောင်လိုက်ရင်း မာဗီ့ကို တိတ်ဆိတ်စွာပြုံးပြလိုက်လေတယ်... မာဗီဟာလည်း သူမမျက်နှာပေါ်မှာ ဘာခံစားချက်ကိုမှ မပြသနေပေမယ့် သူမလက်ကိုလာကာ ဖမ်းဆုပ်ထားတဲ့ ဇက်ခီ့ မျက်နှာပေါ်က ခက်ခဲနေတဲ့ စိတ်ခံစားချက်ကို ကောင်းကောင်းကြီး သတိထားမိလေတယ်... သူမဟာ ဒီ Nubes ခေါင်းဆောင်နဲ့ လူကြီးပိုင်းတွေက သူမကို ဘယ်လိုတွေးနေတယ်ဆိုတာ ကောင်းကောင်းကြီး သိနေတယ်... ဒီ မျိုးနွယ်စုတစ်ခုလုံးရဲ့ ဘေးကင်းမှုအတွက် ဒီလူကြီးတွေသာလျှင် မျိုးနွယ်စုထဲက လူအားလုံးကို ကယ်တင်ဖို့ရာ တစ်နေ့မှာ သူမကို မီးတင်ရှို့စတေးမယ်မှန်း မာဗီနားလည်လေတယ်...

4. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-8 (နော့က်စ် မက်က်စ်ဝဲလ်)Where stories live. Discover now