အခန်း၁၆- နော့က်စ် မက်က်စ်ဝဲလ်

15.1K 1.5K 37
                                    

Zawgyi

မာဗီဟာ Mare မင်းသားနဲ့ သူမ ကလေးတွေနဲ့အတူနေထိုင်ခဲ့ရင်း ဘာကိုမှ ဂရုမစိုက်လာခဲ့တာ နှစ်ပေါင်းအတန်ကြာလာခဲ့ပြီ... Mare နယ်မြေပြင်ပက ဖြစ်ပျက်နေသမျှ ကြောက်စရာဖြစ်ရပ်တွေကို သူမ သတိမထားမိလေဘူး...

ကျန်ရှိနေတဲ့အနည်းငယ်မျှသော အရေအတွက်- ဒါဇင်ထက်နည်းတဲ့အရေအတွက်သော Nubes မျိုးနွယ်တွေဟာ ပင်လယ်ရဲ့ အစွန်းကိုရောက်လာတော့မှသာ မာဗီဟာ အဖြစ်မှန်ကို သိသွားခဲ့တော့တာဖြစ်လေတယ်...

ကံတရားလို့ပဲဆိုဆို ကံကောင်းမှု သို့မဟုတ် တိုက်ဆိုင်မှုလို့ပဲဆိုဆို. နော့က်စ်မက်က်စ်ဝဲလ်နဲ့ သူ့စစ်သည်တွေဟာ ပင်လယ်အစွန်းမှာ ကင်းလှည့်နေခဲ့တာကြောင့် ဒီအနှောင့်အယှက်ကို တွေ့သွားကြလေတယ်... ရာချီသော Belua တွေဟာ အနည်းငယ်သော Nubes မျိုးနွယ်စု နောက်ကို တောက်လျှောက်လိုက်နေခဲ့တာဖြစ်တယ်... နော့က်စ်မက်က်စ်ဝဲလ်ဟာ ဒီလူနည်းစုသော Nubes မျိုးနွယ်တွေကို ကူညီဖို့ရာ တုန့်ဆိုင်းမနေလေဘူး...

ဒီကျောက်သားလမ်းကြောင်းကနေ Nubes တွေကို ခေါ်သွားပေးဖို့ရာ သူ့စစ်သည်တွေကို ခိုင်းစေတဲ့တစ်ဖက်မှာ Mare မင်းသားဟာတော့ ကျန်ရှိနေသေးတဲ့ ဒါဇင်ချီတဲ့ Mare စစ်သည်တော်တွေနဲ့အတူ Belua အုပ်ကြီးကို တိုက်ခိုက်ဖို့ရာ ကျန်ရှိနေခဲ့တာဖြစ်တယ်...

"မာဗီ!!!!..."

Nubes မျိုးနွယ်အဖွဲ့ဝင်တွေ ရုတ်တရတ်ရောက်လာကြောင်း သတင်းပေးခံရချိန်မှာ မာဗီဟာ သူမကလေးတွေနဲ့အတူ ရှိနေခဲ့တာဖြစ်လေတယ်... သတင်းပေးသူမျက်နှာပေါ်က ကြောက်စရာအကြည့်ကို မရခင်အထိ သူမဟာ တောက်လျှောက်ပျော်ရွှင်နေခဲ့တာပါပဲ...

သူမ Mare နယ်မြေရဲ့ အ၀င်ဝကို ရောက်သွားချိန်မှာတော့ ဇက်ခီဂူသီယားဟာ သွေးတွေနဲ့ ဖုံးလွှမ်းလို့နေတာကို သူမတွေ့လိုက်ရတော့တယ်... သူ့ညာလက်ဟာလည်း မရှိတော့လေဘူး... သတိမေ့မျောနေတဲ့ သူမအစ်ကိုကြီးကို တွေ့မြင်လိုက်ရတဲ့ တခဏမှာတော့ နာကြင်မှုတွေနဲ့ ဒေါသတွေဟာ သူမ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတော့တယ်...

သူမကိုပိုပြီးနာကြင်စေတာကတော့ စိတ်ဓါတ်မာကြောလှတဲ့ ဖရက်ဒါလီလင်းဟာ ဇက်ခီကို ပွေ့ပိုက်ထားရင်း ငိုနေခြင်းပါပဲ... ဘာမှဆက်မတွေးနေတော့ပဲ မာဗီဟာ သူမရဲ့ ဘယ်ဘက်လက်ဆီက ကျောက်စိမ်းလက်ကောက် နှစ်ကွင်းထဲက တစ်ကွင်းကိုဖြုတ်ယူလိုက်ရင်း သူမအစ်ကိုနားကို လျင်မြန်စွာသွားလေတော့တယ်... ဇက်ခီ့ရင်ဘတ်ပေါ်မှာ ကျောက်စိမ်းလက်ကောက်ကို မတင်လိုက်မှီမှာပဲ ဖရက်ဒါလီလင်းဟာ သူမရဲ့ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားရင်း တားလေတယ်...

4. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-8 (နော့က်စ် မက်က်စ်ဝဲလ်)Where stories live. Discover now