အခန်း၁၉- နော့က်စ် မက်က်စ်ဝဲလ်

16.8K 1.4K 25
                                    

Bob: "နောက်ဆုံးတော့ ပြန်လာဖို့ ဆုံးဖြတ်ခဲ့တာကို ငါမြင်ရပြီပဲ..."

ငါ့ရဲ့ကိုယ်ပိုင်ခန္ဓာဆီကို ပြန်ရောက်တာနဲ့ ငါဟာ Bob ရဲ့ စနောက်သံပါတဲ့ အသံကိုကြားလိုက်ရတော့တယ်... သူ့ရဲ့ခနဲ့တဲ့စကားကို တုန့်ပြန်ရမယ့်အစား ငါဟာ ဖုန်းဆီသာ လက်လှမ်းလိုက်ရင်း အနိုင်ရတဲ့ ပိုက်ဆံကို စစ်ဖို့ ဆုံးဖြတ်လိုက်တော့တယ်...

Bob: "ငါမင်းကို ပိုက်ဆံလွှဲပြီးသားလေ... မမှတ်မိဘူးလား??? မင်းပဲ ပြန်ပို့ဖို့တောင်းဆိုခဲ့တာလေ... ဘာကြောင့်လဲဆိုတော့..."

"အာ Bob..." ငါဟာ ခေါင်းထဲက ရူးကြောင်ကြောင်အသံကို စကားဖြတ်လိုက်လေတယ်... "ငါ ထပ်နိုင်တဲ့ ပိုက်ဆံတွေရော????..."

Bob: "ဘာ????..."

"ဒီကစားပွဲမှာ... ရှင်ကျွန်မကိုနောက်ထပ် ဒေါ်လာ တစ်သိန်းပေးရမှာလေ..."

Bob "..."

"Bob..." ငါဟာ ခြိမ်းခြောက်တဲ့ လေသံနဲ့ စကားဆိုလိုက်တော့တယ်...

Bob: "နော့က်စ်မက်က်စ်ဝဲလ်အတွက် ဒေါ်လာတစ်သိန်းလွှဲပြီးသားကို ငါက ဘာကြောင့် နောက်ထပ် ၁သိန်းပေးဖို့ ကျန်သေးတာလဲ ရှင်းပြစမ်းပါဦး..."

"နောက် ၁သိန်းက နိုင်ရယ်လ်အတွက်လေ..." ငါဟာ နလပိန်းတုံး Bob ကိုရှင်းပြလိုက်တယ်...

Bob "အချစ်လေးရေ... မင်းဒီဂိမ်းရဲ့ အဓိက အချက်ကိုမေ့နေတာလား... သဘောတူထားတာက___..."

"ကလေးမွေးတဲ့အခါတိုင်း ရှင်ကျွန်မကို နစ်နာကြေးပေးရမှာလေ..."

Bob: "ဘာ????..."

"ကျွန်မ ကစားပွဲထဲရောက်နေတုန်း သတိမေ့အောင်လုပ်နိုင်တဲ့အစွမ်းရှင့်မှာ ရှိရဲ့သားနဲ့... ကျွန်မ နစ်နာကြေးတောင်းရမယ်... ဒါဟာ ရှင့်အနေနဲ့ ကလေးစောင့်ရှောက်စရိတ်လို့ပဲ မှတ်လိုက်..."

Bob: "..."

"ကျန်တဲ့ ကလေးလေးယောက်အတွက် စောင့်ရှောက်စရိတ်မတောင်းတာကိုပဲ ကျေးဇူးတင်လိုက်စမ်းပါ..." ငါဟာ Bob ကိုခြိမ်းခြောက်လိုက်တော့တယ်...

Bob: "သူတို့အဖေအထီးမကျန်အောင် သူတို့က တခြား မိတ်ဖက်ကို ရှာစေချင်ရုံသက်သက်လေးပါ... အပြစ်ကင်းကြပါတယ်..."
Bob ဟာ နှာခေါင်းရှုံ့သံနဲ့ဆိုတယ်...
"မင်းတော်တော် သဘောထားသေးတာပဲ..."

4. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-8 (နော့က်စ် မက်က်စ်ဝဲလ်)Nơi câu chuyện tồn tại. Hãy khám phá bây giờ