အခန်း၁၃- နော့က်စ် မက်က်စ်ဝဲလ်

17.3K 1.5K 20
                                        

Zawgyi

Mare မျိုးနွယ်ရဲ့ နယ်မြေဟာ အဆုံးမဲ့ပင်လယ်ရဲ့ အောက်ဆုံးမှာ ရှိနေခဲ့တာဖြစ်တယ်... ဒီစိမ်းပြာရောင် ကျောက်ခင်းလမ်းဟာ အဆုံးအဆမဲ့ကျယ်ပြန့်လေတယ်... Mare မင်းသားနဲ့ သူ့ရဲ့နောက်ပါတွေဟာ အောက်ဆင်းလာတိုင်းမှာ သူတို့အနောက်ပါးမှာ ကျန်ရစ်ခဲ့တဲ့ပင်လယ်နံရံဟာ ပြိုလဲပိတ်ကျသွားလေရင်း ကျူးကျော်သူတွေဝင်ရောက်လာခြင်းကို တားဆီးပေးထားလေတယ်... မကြာမီမှာတော့ မှော်စွမ်းအားနဲ့ ကာကွယ်ထားတဲ့ ကြီးမားလှတဲ့ ဂူဝင်ပေါက်ကို သူတို့ရောက်သွားလေတော့တယ်...

နော့က်စ်မက်က်စ်ဝဲလ်ဟာ ဒီအကာအရံပေါ်ကို လက်တင်ထားလိုက်ရင်း ၀င်ပေါက်ကို ပွင့်ဟစေတယ်... အထဲဝင်သွားတဲ့အခါမှာလည်း မာဗီဟာ အံ့အားသင့်ရပြန်တယ်...

ဒါဟာ ကမ္ဘာကြီးထဲက နောက်ထပ်ကမ္ဘာတစ်ခုကို ရောက်သွားရသလိုပါပဲ... ကျယ်ပြန်ပြီး တန်ဖိုးကြီးလှတဲ့နယ်မြေတွေ၊ စီးဆင်းနေတဲ့မြစ်တွေနဲ့ ကြီးမားလှတဲ့ သစ်ချပင်တွေလိုမျိုး တစ်ခုနဲ့တစ်ခုလိမ်ယှက်နေတဲ့ လှပတဲ့ ကျောက်သားတွေ... ဒါ့အပြင် လှပတဲ့ ရေသားကောင်းကင်ပေါ်မှာ ကူးလူးသွားလာနေတဲ့ ရောင်စုံလှပတဲ့ငါးတွေ...

သူတို့ရဲ့ကောင်းကင်ဟာ ပင်လယ်ရေရဲ့ အောက်ခြေမှရှိနေခဲ့တာဖြစ်လေတယ်... မာဗီဟာ ဒီကမ္ဘာသစ်ကိုဖြေးဖြေးချင်းကြည့်နေချိန်မှာတော့ နော့က်စ်မက်က်စ်ဝဲလ်ဟာ သူမကိုသာ ထိန်းကိုင်ထားရင်း မြင်းကို တောင်ထွပ်ဖျားမှာရှိနေတဲ့ ကြီးမားတဲ့ နန်းတော်ကြီးဆီသို့ ဦးတည်နှင်လေတော့တယ်...
______

"ဒီမိတ်ဖက်နှောင်ဖွဲ့မှုက မဖြစ်သင့်တာ!!!!..."

Mare မျိုးနွယ်တော်ဝင်နန်းတော်ထဲကို သူမကို ဒီအမျိုးသားခေါ်ဆောင်သွားချိန်မှာတော့ Mare မင်းသားရဲ့ မိသားစုဝင်တွေရဲ့ သဘောမတူညီမှုကို ကြားလိုက်ရခြင်းဟာ မာဗီ့ကို အံ့အားမသင့်စေလေဘူး...

ခေါင်းဆောင်ရဲ့ မျက်နှာပေါ်က တွန့်ချိုးနေတဲ့ မျက်ခုံး၊ ခေါင်းဆောင်ဇနီးသည်ရဲ့ ကျက်သရေရှိလှတဲ့ မျက်နှာပေါ်က အံ့အားသင့်နေမှုနဲ့ ခေါင်းဆောင်ရဲ့ လှပတဲ့သမီးတော်တွေဆီက ကြောက်စရာအကြည့်... ဒါတွေအားလုံးဟာ မာဗီ့ရဲ့ နော့က်စ်မက်က်စ်ဝဲလ်နဲ့ နှောင်ဖွဲ့လိုက်မှုကို သူတို့ဘယ်လိုခံစားနေရကြောင်း အလိုလိုပြောဆိုနေတာဖြစ်လေတယ်...

4. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-8 (နော့က်စ် မက်က်စ်ဝဲလ်)Where stories live. Discover now