အခန်း၈- နော့က်စ် မက်က်စ်ဝဲလ်

16.6K 1.6K 32
                                    

Zawgyi

ဇက်ခီဂူသီယားဟာ သူ့ကိုယ်သူ ကျဉ်းထဲကျပ်ထဲ ရောက်နေမှန်း သတိထားမိလိုက်တော့တယ်... ကျောက်စိမ်းဖြူ လက်ကောက်ကို ပြန်ယူဆောင်ရတာဟာ သူထင်ထားသလိုမျိုး ရိုးရှင်းမနေဘူး... နော့က်စ်မက်က်စ်ဝဲလ်ဟာ လက်ကောက်ကို ပြန်ပေးဖို့ငြင်းဆိုရုံသာမက ဒီMare မင်းသားဟာတော့ သူ့ရဲ့ဘယ်ဘက်လက်မှာ ထိုလက်ကောက်ကို ၀တ်ဆင်လိုက်တော့တာဖြစ်လေတယ်... သူ့ညီမလေးအတွက် ဇက်ခီဟာ လက်ကောက်ကို ပြန်ယူပေးချင်ပေမယ့် ဒီ Mare မင်းသားကို ဇက်ခီဟာ မလေးမစား ရိုင်းပြမှုကို ပြုလို့မဖြစ်လေဘူး...

နော့က်စ်မက်က်စ်ဝဲလ် ဟာတကယ်ကတော့ သူ့ညီမလေး ဒီလက်ကောက်ရဲ့ စွမ်းအင်ကို အသုံးမပြုနိုင်လေအောင် တားပေးလိုက်တာပဲမဟုတ်ပါလား- ဒီလိုလုပ်ခြင်းအားဖြင့် သူမရဲ့ အသက်စွမ်းအား မှေးမှိန်လာခြင်းကို တားဆီးပေးခဲ့တာဖြစ်လေတယ်... ဒီထက်ပြောရရင် ဒီMare မျိုးနွယ် မင်းသားဟာ လက်တစ်ဖက်ထဲမှာ Belua တွေ ရုတ်တရတ် တိုက်ခိုက်လာခြင်းကို တားဆီးပေးခဲ့ပြီး အားလုံးကို ကယ်တင်ပေးခဲ့တာပဲ မဟုတ်ပါလား...

"မင်းသား မက်က်စ်ဝဲလ်နော့က်စ်... အဲ့ဒီ လက်ကောက်..." ဇက်ခီဟာ သူ့ထက်အရပ်မြင့်မားတဲ့ အမျိုးသားကို သူ့ညီမလေးအတွက်နဲ့ ရင်ဆိုင်နေရတာဖြစ်လေတယ်...

"အဲ့ဒီလက်ကောက်က ကျွန်တော့်ညီမလေး အပိုင်ပါ... အရှင်သာ ပြန်ပေးမယ်ဆိုရင် ကျွန်တော်တို့ တစ်သက်လုံး ကျေးဇူးတင်သွားမိမှာပါ..."

သူ့ကို စကားပြောနေတဲ့ အမျိုးသားကို ကြည့်ရမယ့်အစား နော့က်စ်မက်က်စ်ဝဲလ်ရဲ့ မျက်လုံးတွေဟာ ထိုသူ့နောက်မှာ ရပ်နေတဲ့ သနားစဖွယ် ချစ်စရာ အမျိုးသမီးငယ်လေးကိုသာ အာရုံစိုက်ကြည့်နေလေတယ်... မာဗီဟာ ဒီလူ့ဆီက ပြင်းပြစူးရှတဲ့ အကြည့်တွေကိုခံစားမိနေပေမယ့် မတုန့်ပြန်မိဖို့ရာ အတတ်နိုင်ဆုံး ထိန်းထားလေတယ်...

ကံကောင်းတာတစ်ခုက မာဗီ့ရဲ့ မွေးရာပဲ ခံစားချက်ကင်းမဲ့တဲ့ မျက်နှာဟာ သူမရဲ့ ခံစားချက်ကို တခြားသူတွေ ခန့်မှန်းရခက်လေအောင် ပြုလုပ်ထားပေလေတယ်... သို့ပေမယ့် ဒီမင်းသားဟာတော့ သူမရဲ့ တောက်ပပြီး လှပလွန်းတဲ့ မျက်ဝန်းတွေကနေ သူမခံစားချက်တွေကို မြင်နေနိုင်လေတယ်... အလိုလိုပါပဲ မာဗီဟာ အကြည့်လွှဲလိုက်လေပေမယ့် သူမ နှလုံးသားရဲ့ ပြင်းထန်စွာ လှုပ်ခတ်နေမှုကို စိတ်အနှောင့်အယှက် ဖြစ်လို့နေရတယ်... ရုတ်ချည်းဆိုသလို အဖြစ်အပျက်တွေဟာ သူမထိန်းချုပ်လို့မရနိုင်တော့သလို ခံစားမိလာတယ်... ဒီအတွေး သူမ ၀န်မခံချင်ပေမယ့် တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာပါပဲ...

4. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-8 (နော့က်စ် မက်က်စ်ဝဲလ်)Where stories live. Discover now