အခန်း၂- နော့က်စ် မက်က်စ် ဝဲလ်

16.4K 1.7K 28
                                    

Zawgyi

"နင်ဘာလုပ်မလို့လဲ...??"

မှော်အကာအကွယ်ခုံးကြီးထဲမှာတော့ ကလေးငယ်တစ်စုဟာ ကြောက်လန့်စိတ်တွေကြောင့် ပြွတ်သိပ်စုဝေးလို့နေလေတယ်... ဆယ်နှစ်အရွယ်ကလေးမလေးတစ်ဦးကသာ ဒီအကာအကွယ်ခုံးထဲမှာ မတ်တပ်ထရပ်လိုက်ရင်း ရှုပ်ထွေးနေတဲ့ အပြင်ဘက်ကိုကြည့်နေတာဖြစ်လေတယ်...

သူမရဲ့ ခံစားချက်မဲ့နေတဲ့ မျက်နှာပေါ်မှာဘယ်သူကမှ စိုးရိမ်ကြောက်လန့်စိတ်ကို မမြင်ကြလေဘူး... သူမဟာ အကာအကွယ်အ၀န်းပေါ်ကို လက်တင်လိုက်တဲ့အခါမှာတော့ ကလေးငယ်နှစ်ဦးဟာ သူမရဲ့လက်ကိုလာ ဆွဲလေတော့တယ်... ဒီကလေးနှစ်ဦးဟာ ဇာတ်လမ်းရဲ့အဓိက အမျိုးသမီးဇာတ်လိုက်ဖြစ်တဲ့ ဖရက်ဒါ လီလင်းနဲ့ Nubes မျိုးနွယ်စု ရဲ့တော်ဝင်မင်းသားငယ် ဟိုဆေးဆိုလို ကလွဲပြီး တခြားသူမဟုတ်လေဘူး...

"အန္တရာယ်ရှိတယ်..." ဖရက်ဒါလီလင်းဟာ ရတက်မအေးစွာ ဆိုလေတယ်...

"နင်လုပ်နိုင်တာ ဘာမှမရှိဘူး..." ဟိုဆေးဆိုလိုဟာ သူ့ရဲ့ ကြောက်ရွံ့စိတ်ကို ဖုံးကွယ်ရင်း ဆူပူလေတယ်...
"စစ်သည်တော်တွေကို မလိုအပ်တဲ့ ဒုက္ခတွေလျှောက်ပေးမနေနဲ့..."

မာဗီ ဂူသီယားရဲ့ စူးရှပြီး ကြည်လင်နေတဲ့ မျက်ဝန်းတွေဟာ ဖရက်ဒါ လီလင်းကို ကြည့်နေရာက သူမအရွယ် မင်းသားငယ်ဆီကို အကြည့်ရောက်လို့သွားလေတယ်... သူမ မျက်နှာမှာ ခံစားချက်တွေ ဖော်ပြချက်တွေ တစ်ခုမှ ရှိမနေတာကြောင့် ဖရက်ဒါ လီလင်းနဲ့ ဟိုဆေးဆိုလိုဟာ တုန်လှုပ်သွားကြလေတယ်... အထူးသဖြင့် ဟိုဆေးဆိုလို ဟာ ဒီမိန်းမငယ်လေးရဲ့ ဖတ်မရတဲ့ မျက်နှာအမူအရာမှာ စိုးရိမ်ကြောင့်ကြသွားလေတယ်...

မာဗီကိုယ်အတွင်းက စိတ်ဝိဥာဉ်ဟာတော့ စိတ်ထဲကနေသာ လှောင်ပြုံးပြုံးလိုက်နိုင်တော့တယ်... မူလ ဇာတ်ကြောင်းအရသာဆိုရင် မှော်အကာအကွယ်ခုံးကို စောင့်ရှောက်ပေးနေတဲ့ အမျိုးသမီးနှစ်ယောက်ကို Belua တွေဟာ သတ်ပြီး အထဲဝင်လာချိန်မှာ ဒီမင်းသားလေးပဲ သူမကိုတွန်းပို့ခဲ့တာမဟုတ်ပါလား... မူလ မာဗီဂူသီယားကို သေစေခဲ့တာဟာ ဒီမင်းသားလေးပဲဖြစ်ပြီး နောက်ပိုင်းက ခက်ခဲတဲ့ အဖြစ်အပျက်မှန်သမျှကို ဖြစ်စေခဲ့တဲ့သူဟာ သူပဲဖြစ်လေတယ်...

4. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-8 (နော့က်စ် မက်က်စ်ဝဲလ်)Donde viven las historias. Descúbrelo ahora