အခန်း၅- နော့က်စ် မက်က်စ်ဝဲလ်

17.3K 1.6K 23
                                        

Zawgyi

နှစ်အတန်ကြာလာချိန်မှာ အရင်လိုတူညီတဲ့ တောင်စွန်းလေးမှာရပ်နေသူဟာတော့ ငွေမှင်ရောင်ဆံနွယ်၊ လိမ္မော်နီရင့်ရောင် မျက်ဝန်းတွေနဲ့ ညာဘက်မျက်လုံးအောက်နားမှာ ပတ္တမြားနီရောင် အမှတ်ရှိတဲ့ အသက်၁၈နှစ်အရွယ် မိန်းမငယ်လေးတစ်ဦးဖြစ်လေတယ်... သူမဟာ ကြည်လင်နေတဲ့ ကောင်းကင်ကို မျက်နှာမော့နေချိန်မှာ သူမရဲ့ အဖြူရောင် ၀တ်ရုံရှည်ဟာတော့ လေပြေလေညှင်းနဲ့အတူ ခပ်သော့သော့လွှင့်မျောနေလေတယ်...

သူမရဲ့ဘယ်ဘက်လက်မှာတော့ အဖြူရောင် ကျောက်စိမ်းလက်ကောက် ၃ကွင်းရှိလို့နေလေတယ်... သူမဟာ လေပြေရဲ့တိုက်ခတ်မှုကို ခံစားဖို့ရာ လက်ကိုမြှောက်လိုက်ချိန်မှာတော့ ဒီကျောက်စိမ်းတွေဆီက သာယာတဲ့ ထိခတ်သံတစ်ခုဟာ ထွက်ပေါ်လို့လာတော့တယ်...

"မာဗီ..."

ရင်းနှီးနေကျအသံကို ကြားလိုက်ချိန်မှာတော့ မာဗီဟာ သူမရဲ့ ချောမောလှပတဲ့ အစ်ကိုကို လှည့်ကြည့်လိုက်တော့တယ်...

"ကိုကို..."

ဇက်ခီဟာ သူ့ညီမလေးအနားကို ပြုံးကာလျှောက်လာရင်း သူမဘေးနားမှာ လာရပ်လေတယ်... တောင်ထိပ်ဖျားမှာ ရပ်နေတဲ့ သူတို့ရဲ့ အနေအထားအရ သူတို့ဟာ အရှေ့ဘက်ကနေ ချီတက်လာတဲ့ အပြာတောက်ရောင် အလံတွေကို မြင်တွေ့နေရပြီး တစ်ဖက်မှာလည်း အနောက်အရပ်ကနေချီတက်လာတဲ့ အစိမ်းရင့်ရောင် အလံတွေကိုပါ မြင်တွေ့လိုက်ရလေတယ်...

"Mare နဲ့ Terra တွေနောက်ဆုံးတော့ ရောက်လာပုံပဲ..." ဇက်ခီရဲ့ အမူအရာမှာ ၀မ်းသာဟန်တစ်စက်မှ မရှိလေဘူး...

"မျိုးနွယ် ၃စု အားအင်စုပေါင်းဖို့ အချိန်ကျပြီလေ ကိုကိုရဲ့..." နှစ်သက်စရာ စကားတွေဖြစ်ပေမယ့် သူမရဲ့အသံအနေအထားဟာ မပြောင်းလဲလေဘူး...

"ညီမတို့ Nubes တွေ ကိုယ့်ဘာသာသီးခြားတိုက်ပွဲဝင်နေမယ်ဆိုရင် အားလုံး ပျောက်ကွယ်သွားလိမ့်မယ်..."

ဇက်ခီဟာ မျက်မှောင်သာကျုံ့လိုက်ပြီး မည်သည့်စကားကိုမှ မဆိုတော့လေဘူး... သူမရဲ့ အကိုဟာ အပြင်လူကို သူ့ရဲ့ နယ်မြေထဲ မကြိုဆိုလိုဘူးဆိုတာကို မာဗီ မြင်တွေ့နေရလေတယ်... ဇက်ခီသာမက Nubes မျိုးနွယ်စု တစ်ဝက်နီးပါးဟာလည်း ဒီလိုမျိုး အပြင်လူရဲ့အကူအညီကို ခေါ်ရလေခြင်းဆိုတဲ့ တူညီတဲ့ ခါးသီးမှုကို ခံစားနေရတာဖြစ်တယ်...

4. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-8 (နော့က်စ် မက်က်စ်ဝဲလ်)Место, где живут истории. Откройте их для себя