အခန်း၁၇- နော့က်စ် မက်က်စ်ဝဲလ်

16.4K 1.5K 53
                                        

Bob: "ဒီတစ်ပွဲတော့မင်းနိုင်သွားပြီ... ကိုယ်မင်းကို ပိုက်ဆံလွှဲပေးလိုက်ပြီ..."

"ငါအဆုံးထိမကစားရသေးဘူး... ပြန်ပို့ပေး..."

Bob: "ဒါပေမယ့် မင်းနိုင်သွားခဲ့ပြီလေ... ပြန်သွားစရာ မလို..."

"ပြန်ပို့ပေးလေ... မာဗီမှမသေသေးတာ..."

Bob: "ဘာကြောင့် မင်းပြန်ချင်ရတာလဲ???..."

"..."

Bob: "မင်းသူ့ကို ချစ်လို့လား..."

"ကစားပွဲက မပြီးသေးလို့..."

Bob: "ကောင်းပြီ..." သြရှရှအသံဟာ ကယ်ရာမယ့်စွာ သက်ပြင်းချလိုက်လေတယ်... "သွား... သွား..."

________
Nubes မင်းသားဟာ သူ့ရဲ့ မျိုးနွယ်စုကို ဖျက်စီးပစ်ခဲ့ပြီး Mare နယ်မြေထဲကို ကျူးကျော်လာခဲ့တဲ့အချိန်ကနေရေရင် နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီးလေပြီ... ထို့နောက်မှာတော့ ဒီNubes မင်းသားဟာ ပင်လယ်ပြင်ရဲ့ အနက်ရှိုင်းအမှောင်မိုက်ဆုံး နေရာမှာ ချိန်းကြိုးနဲ့ နှောင်ဖွဲ့ ပိတ်လှောင်ထားခြင်းခံရလေရင်း- သူလုပ်ခံသမျှ မကောင်းမှုတစ်ခုခြင်းဆီကို အတွေးထဲမှာ ထပ်ကာထပ်ကာ ပေါ်စေရင်း သီးခြား ထားခံရလေတော့တယ်...

သူဟာ မာဗီ့အတွက် ငိုယိုအော်ဟစ်နေသော်ငြား ဘယ်သူကမှ သူ့ကို မကြားနိုင်လေဘူး... သူဟာ ရိုးရှင်းစွာပဲ တစ်ဦးတည်းသာ စွန့်ပစ်ခံခဲ့ရရင်း သေဆုံးသွားကာ မေ့လျော့ခံလိုက်ရတော့တယ်... ဒါဟာ သူ့အတွက်အကြီးမားဆုံး အပြစ်ဒဏ်ပါပဲ...

တစ်ချိန်တည်းမှာပဲ Nubes မင်းသားဝင်ရောက်နှောင့်ယှက်ပြီးသွားကတည်းက မာဗီဂူသီယားဟာ နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့တာဖြစ်တယ်... နော့က်စ်မက်က်စ်ဝဲလ်ဟာ နောက်ဆုံးလက်ကောက်ကို မာဗီ့လက်ထဲကို လွှဲအပ်လိုက်ရင်း ကွဲကြေနေတာကို နောက်ဆုံးမှာ တားဆီးနိုင်သွားခဲ့လေတယ်... ကံမကောင်းတာကတော့ ဒီလှပတဲ့ အမျိုးသမီးဟာ ကိုမာဝင်သွားခဲ့ပြီး အဲ့ဒီကတည်းက ပြန်လည်မနိုးထလာတော့တာဖြစ်တယ်...

မနက်တိုင်း... နေ့တိုင်း... ညတိုင်းမှာ နော့က်စ်မက်က်စ်ဝဲလ်ဟာ သူမကိုလာတွေ့ပြီး သူမရဲ့ အိပ်ပျော်နေတဲ့ မျက်နှာကို တယုတယ ပွတ်သပ်ပေးလေတယ်... အချိန်တိုင်းမှာပဲ သူမရဲ့ တောက်ပရွှမ်းလဲ့တဲ့ ဒီမျက်လုံးတွေ ပြန်ပွင့်လာရင်း သူ့ကိုကြည့်နိုင်ဖို့ရာ သူမျှော်လင့်လေတယ်- သို့သော်ငြား မာဗီဟာ မျက်လုံးတွေ တစ်ခါမှ ပွင့်မလာခဲ့ဘူး...

4. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-8 (နော့က်စ် မက်က်စ်ဝဲလ်)Donde viven las historias. Descúbrelo ahora