အခန်း၇- နော့က်စ် မက်က်စ်ဝဲလ်

18K 1.8K 49
                                        

Zawgyi

ပွဲတော်ရဲ့ တတိယမြောက်ရက်မှာတော့ Terra မျိုးနွယ်စုရဲ့ မင်းသား ကော့လ်ဒ်ဘားနဲစ် ဟာရှေ့ထွက်လာပြီး လွန်ခဲ့တဲ့နှစ်ရက်အတွင်းက Nubes မျိုးနွယ်စုတွေရဲ့ အကနဲ့ သီဆိုမှုကို ချီးမွှမ်းဂုဏ်ပြုလေတယ်... ထပ်မံပြီး Terra မျိုးနွယ်စုရဲ့ မင်းသားဟာ Nubes မျိုးနွယ်စုခေါင်းဆောင်ကို Terra ကိုယ်စားလှယ်တွေဘက်ကနေလည်း အပြန်အလှန်အားဖြင့် ဖျော်ဖြေခွင့်ပြုပါရန် တောင်းဆိုလေတော့တယ်...

သူတို့ရဲ့ ဖျော်ဖြေမှုက???

ရင်းနှီးမှုကို ဖလှယ်ဖို့ရာ တိုက်ခိုက်ရေး ပြိုင်ပွဲတစ်ခုပါပဲ... ဆယ်ယောက်သော Terra စစ်သည်တွေဟာ ဘယ်သူမဆို စိန်ခေါ်လာတာကို လက်ခံမှာဖြစ်ပြီး ဒီTerra စစ်သည်တွေကို အနိုင်ယူနိုင်တဲ့ မည်သူ့ကိုမဆို ဆုချီးမြှင့်မှာဖြစ်လေတယ်...

ဆုကြေးက???

Terra နယ်မြေထဲမှာသာ ရနိုင်တဲ့ ရှားပါးလှတဲ့ မှော်အသုံးအဆောင်တွေပါပဲ... ဒီ ရင်းနှီးဖလှယ် တယ်ဆိုတဲ့ယှဉ်ပြိုင်ပွဲဟာ Terra မျိုးနွယ်စုတွေက သူတို့ မဟာမိတ်တွေရဲ့ အင်အားကို စမ်းသပ်ဖို့ရာ ပြုလုပ်လိုက်တဲ့ ပရိယာယ်တစ်ခုပါပဲ... သို့သော်ငြား ဆုကြေးတွေဟာ ကြီးမားလှတာမို့ Nubes ခေါင်းဆောင်ဟာ ဒီ Terra မင်းသားရဲ့ တောင်းဆိုချက်ကို လက်ခံလိုက်လေတယ်...

ဒါကြောင့်ပါပဲ Nubes နယ်မြေထဲက စစ်သည်တော်တစ်ဦးဟာ ပထမဆုံးစိန်ခေါ်သူအဖြစ် ရှေ့ထွက်လာရင်း ပြိုင်ပွဲကို အစပျိုးလိုက်လေတော့တယ်... လေးခုသော စိန်ခေါ်မှုဟာ ဆက်လက်ဖြစ်ပွားခဲ့ရင်း လေးယောက်သော Nubes စစ်သည်တော်တွေအားလုံးဟာ ရှုံးနိမ့်ခဲ့ရလေတယ်...

Nubes ခေါင်းဆောင်ဟာ ပြုံးလျက်သာနေပေမယ့် မာဗီဟာ ထိုသူ့ နှဖူးပေါ်မှာ ထောင်ထနေတဲ့ အကြောတွေကို မြင်နိုင်လို့နေတယ်... ကော့လ်ဒ်ဘားနဲစ် နဲ့ သူ့သံတမန်တွေထိုင်နေတဲ့ ဘက်ကိုကြည့်လိုက်ချိန်မှာလည်း ထိုသူတွေကတော့ အရင်အတိုင်း တုံနိဘာဝေ ဟန်ပန်ကိုသာ ဆက်ထိန်းထားတာကို မြင်လိုက်ရလေပြန်တယ်... Terra မင်းသားရဲ့ အတွေးတွေကို ထွင်းဖောက်မြင်ရဖို့ရာ အားလုံးအတွက်ခက်ခဲနေပေမယ့် မာဗီ့ကိုယ်ထဲက ၀ိဥာဉ်ဟာတော့ ဒီသူရဲကောင်းဟာ စိတ်ရွှင်ရွှင်နဲ့ ကျီစယ်နေမှန်းပြောနိုင်လေတယ်...

4. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-8 (နော့က်စ် မက်က်စ်ဝဲလ်)Место, где живут истории. Откройте их для себя