အခန်း၆- နော့က်စ် မက်က်စ်ဝဲလ်

17.3K 1.6K 100
                                        

Zawgyi

မျိုးနွယ်စု သုံးစုကြားကမဟာမိတ်ဖွဲ့ခြင်းဟာ Mare နဲ့ Terra တွေ Nubes နယ်မြေကိုရောက်မလာခင် ကတည်းက ပြုလုပ်လိုခဲ့တာဖြစ်တယ်... ဒီမျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးမှုမှာ သဘောတူညီချက်ကို ရိုးရှင်းစွာ လက်ဆွဲနှုတ်ဆက်ခြင်းအားဖြင့် ကတိပြုကြတာဖြစ်လေတယ်... Mare နဲ့ Terra မှလာရောက်တဲ့ မင်းသားနှစ်ပါးဟာ သူတို့ မျိုးနွယ်စုကို ကိုယ်စားပြုတဲ့ သံတမန်တွေပါပဲ... အပြန်အလှန်အနေနဲ့ Nubes ခေါင်းဆောင်ဟာလည်း Mare နဲ့ Terra တွေကို ဧည့်သည်အဖြစ် ကြိုဆိုရတာပေါ့...

ဒါ့အပြင် တန်ဖိုးထားဆက်ဆံတာကိုပြသနိုင်ဖို့ရာ Nubes လူမျိုးခေါင်းဆောင်ဟာ ဧည့်သည်တွေကို ဂုဏ်ပြုဖို့ရာအတွက် ပွဲတော်ကို လေးရက်တိုင်တိုင်ပြုလုပ်စေလေတယ်... Nubes အဖွဲ့ဝင်အများစုမှာ ဒါကို မလိုလားဟန်ပြနေပေမယ့် ဘယ်သူကမှ ခေါင်းဆောင်ကိုဆန့်ကျင်ပြီး မပြောဆိုဝံ့ကြလေဘူး... ဒါကြောင့်ပါပဲ နောက်ရက်တွေမှာတော့ ပွဲတော်တွေ၊အခမ်းအနားတွေဟာ Nubes နယ်မြေမှာ ဧည့်သည်တွေကို ဧည့်ခံဖို့ရာ သူတို့လူမျိုးရဲ့ ရိုးရာအကနဲ့ တေးသီချင်းတွေကိုတီးမှုတ်ဖျော်ဖြေရင်း ဆင်နွဲရလေတော့တယ်...

ဒုတိယနေ့ပွဲတော်အပြီးမှာတော့ မာဗီဟာ တော်တော့ကိုပျင်းရိလို့နေပြီ... အရေးအကြီးဆုံးကတော့ ဒီဇာတ်လမ်းရဲ့ ဒုတိယဇာတ်လိုက်ဟာ အခုထက်ထိ ရုပ်လုံးလာမပြသေးတာပါပဲ... Nubes ခေါင်းဆောင်တောင်မှ Mare လူမျိုးသံတမန်တွေကို သူတို့ရဲ့မင်းသားဘယ်မှာလဲမေးခဲ့ပေမယ့် သူတို့ရဲ့အဖြေကတော့ ဒီလိုမျိုးခရီးရှည်ကြောင့် သူတို့မင်းသားဟာ ပင်ပန်းခဲ့ရတာမို့ နားနေတယ်လို့သာပြောဆိုကြလေတယ်... ဒီ Mare ကိုယ်စားလှယ်တွေရဲ့ အဖြေကိုကြားရချိန်မှာတော့ လူတိုင်းဟာ ဒီမင်းသားငယ်လေး အားနည်းတယ်ဆိုပြီး အလွယ်တကူ မှတ်ယူသွားကြလေတော့တယ်...

ဒုတိယနေ့မှာလည်း Mare ကိုယ်စားလှယ်တွေဟာ တူညီတဲ့အဖြေကို ပေးပြန်တာမို့ လူအုပ်ဆီက အထင်သေးရှုံ့ချသံတွေ အနည်းငယ်တောင်မှ ပေါ်ထွက်လာခဲ့တာဖြစ်တယ်... သို့သော်ငြား Mare လူမျိုး အမျိုးသား၊ အမျိုးသမီးတွေဟာတော့ လူတွေ သူတို့ မင်းသားအပေါ် အမြင်ကို ဘယ်လိုမှ အနှောင့်အယှက်ဖြစ်ပုံမပေါ်လေပဲ သူတို့ရဲ့လျစ်လျူရှုတဲ့ ဟန်ပန်နဲ့သာ ဆက်လက်နေကြလေတယ်...

4. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-8 (နော့က်စ် မက်က်စ်ဝဲလ်)Donde viven las historias. Descúbrelo ahora