Zawgyi
နေ၀င်သွားချိန်မှာတော့ နော့က်စ်မက်က်စ်ဝဲလ်ဟာ မာဗီ့ကို ဂူထဲကနေ ပွေ့ကာခေါ်ထုတ်လာတော့တယ်... သူတို့ရဲ့ မိတ်ပြုတဲ့ဖြစ်စဉ်ဟာ လုံးဝပြီးမြောက်သွားပြီဖြစ်တာမို့ သူဟာ သူမကို ပြီးပြည့်စုံစွာ ကာကွယ်ပြီး ဂရုစိုက်နိုင်မယ့် Mare နယ်မြေကို မာဗီ့ကိုခေါ်သွားဖို့ရည်ရွယ်လေတယ်...
ဆိုလိုတာက သူဟာ သူမရဲ့ မွေးဖွားကြီးပြင်းလာခဲ့တဲ့ မွေးရပ်မြေကနေ အဝေးကိုခေါ်ထုတ်သွားတော့မှာ ဖြစ်တာမို့ ဒီအမျိုးသမီးလေးဟာ သူမရဲ့အစ်ကိုကို နှုတ်ဆက်စကားဆိုဖို့လိုအပ်မယ်ဆိုတာ နော့က်စ်မက်က်စ်ဝဲလ်ကောင်းစွာ သိလေတယ်...
"မာဗီ!!!!..."
ဇက်ခီဂူသီယား ဟာ တွေးထင်တားသလိုပါပဲ ထိတ်ထိတ်ပျာပျာဖြစ်လှစွာ သူ့ညီမငယ် အခန်းထဲကပျောက်သွားခဲ့တဲ့ အချိန်ကစပြီး ရှာနေခဲ့တာပဲပေါ့... တစ်နေ့လုံး သူဟာ ဖရက်ဒါလီလင်းအပါအ၀င် အခြား စစ်သည်တော်တွေကိုပါ ခေါ်ရင်း ပျောက်နေတဲ့ အမျိုးသမီးလေးကို ရှာဖို့ထွက်လာပေမယ့် သူမကို ခြေရာခံစရာ တစ်ခုတစ်လေတောင် မရှိလေဘူး...
အခုတော့ ရုတ်ချည်းဆိုသလို Mare မင်းသားလေးဟာ သူ့လက်မောင်းတွေထဲမှာ မာဗီ့ကိုပွေ့ထားရင်း ပေါ်လာခဲ့တာမို့ စိတ်ပူနေတဲ့ ဇက်ခီဟာ စိတ်သက်သာရရသွားရမယ့် အစား ဒေါသတကြီးဖြစ်လာတော့တယ်...
"မင်း... လူယုတ်မာ..."
မာဗီဂူသီယားရဲ့မျက်နှာပေါ်က ပတ္တမြားနီရောင် အမှတ်ဟာ အခုမှာတော့ ပန်းဖျော့ရောင်ပြောင်းလို့နေတာကို အားလုံး မြင်တွေ့ကုန်ကြလေတော့တယ်... နော့က်စ်မက်က်စ်ဝဲလ်ရဲ့ ရင်ဘတ်ပေါ်က ဇီးပန်းပွင့်ပုံ လတ်လတ်ဆတ်ဆတ် အမှတ်အသားကိုလည်း သူတို့မြင်တွေ့နေကြပြန်တယ်... ဒီ Mare မင်းသားနဲ့ မာဗီဟာ အခုဆိုရင် မိတ်ဖက်စုံတွဲဖြစ်လို့ သွားခဲ့လေပေမယ့် ဘယ်သူကမှ ဒီနှောင်ဖွဲ့မှုအတွက် ၀မ်းမြောက်မနေလေဘူး...
သူ့ညီမငယ်လေးရဲ့ မျက်နှာပေါ်က ပန်းရောင်အမှတ်ကိုသာမက လည်ပင်းတလျှောက်က အနီကွက်တွေကို မြင်ရချိန်မှာတော့ ဇက်ခီဟာ ရူးသွပ်လုနီးနီးဖြစ်လို့နေပြီ...
ဒီ Mare မင်းသားဟာ သူ့ရင်ခွင်ထဲက အမျိုးသမီးလေးကို ဘယ်လောက်အတိုင်းအတာအထိ ချစ်ရည်လူးခဲ့တယ်ဆိုတာ သိသာလွန်းနေတယ်မဟုတ်ပါလား...
CITEȘTI
4. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-8 (နော့က်စ် မက်က်စ်ဝဲလ်)
Fantezieကြိုးပမ်းပြီးမရရှိနိုင်တဲ့အချစ်ကို ငါဟာ မနားလည်နိုင်ဘူး... တစ်စုံတစ်ယောက်ကို ဘ၀ကြီးအပ်နှင်းပြီး မေတ္တာမျှဖို့ဆိုတာ ရူးနမ်းနေကြတဲ့ လူတွေရဲ့အလုပ်ပဲ... မင်းရဲ့တည်ရှိမှုကို သိတောင်မသိတဲ့သူတစ်ယောက်ကို ပေးဆပ်ခြင်းဆိုတာ ရကောက် နှချောင်းငင် ၀စ်ဆံနှစ်လုံးပေါ...
