Zawgyi
နော့က်စ်မက်စ်ဝဲလ် မာဗီ့ကို Nubes နယ်မြေထဲက ခေါ်ထုတ်သွားတဲ့နေ့မှာတော့ တော်တော်များများဟာ မနှစ်မြို့ကြပေမယ့် ဘယ်သူကမှ ဒီ Mare မင်းသားကို မတားနိုင်ကြလေဘူး... နော့က်စ်မက်က်ဝဲလ်ရဲ့ ရင်ဘတ်ပေါ်က အမှတ်နဲ့ မာဗီ့ မျက်လုံးအောက်နားက ပန်းရောင်အစက်လေးဟာ သူတို့ရဲ့ မိတ်ဖက်နှောင်ဖွဲ့မှုကို သေချာစေခဲ့ပြီးလေပြီ... လူတိုင်းအတွက် ငြင်းဆိုဖို့ရော နောင်တရဖို့ ပါ နောက်ကျလွန်းခဲ့လေပြီ...
Mare မင်းသားဟာ မာဗီကို လက်ထဲမှာ ပွေ့ထားရင်း သူ့စစ်သည်တော်တွေရဲ့ ရှေ့ဆုံးကနေ ဦးဆောင်ထွက်ခွာသွားချိန်မှာတော့ လူတိုင်းဟာ မတ်တပ်ရပ်ပြီး စောင့်ကြည့်နေရုံသာ တတ်နိုင်ကြလေတယ်... တဖက်မှာ မာဗီဟာ ဒီမဟာမိတ်သဘောတူညီချက်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်တယ်...
Mare မျိုးနွယ်စုနယ်မြေထဲကို သွားရဖို့အတွက် သူမ စိတ်မပူနေလေဘူး... သူမဟာနော့က်စ်မက်က်စ်ဝဲလ်နဲ့ မိတ်ဖက်နှောင်ဖွဲ့ခြင်းအပေါ် Mare မျိုးနွယ်စုတွေ ဘယ်လိုတုန့်ပြန်လာမယ်ဆိုတာကိုပါ စိတ်မပူလေတာဖြစ်လေတယ်...
Mare မျိုးနွယ်အမျိုးသမီးထုကြီးဟာတော့ သူတို့ရဲ့ မင်းသားနောက်ပါးကနေ အေးစက်စက်နဲ့ စိတ်အနှောင့်အယှက်ဖြစ်နေကြပုံပေါ်စွာလိုက်ပါလာတာကို မြင်ရုံနဲ့တင် Mare မျိုးနွယ် နယ်မြေကို သူမ၀င်ရောက်သွားတာနဲ့ ဘယ်လိုကြိုဆိုမှုမျိုးကို ရတော့မယ်ဆိုတာကို မာဗီ ခန့်မှန်းမိလေတယ်...
သို့သော်ငြား မာဗီဘာကိုမှ ဂရုမစိုက်လေဘူး... သူမ ဂရုစိုက်တာတစ်ခုကတော့ Nubes နယ်မြေဖြစ်တဲ့ တောင်တန်းနယ်မြေကနေ Mare နယ်မြေဖြစ်တဲ့ ပင်လယ်ကမ်းစပ်ဆီသို့ ဦးတည်ခရီးနှင်ရမယ့် ရှည်လျား ပင်ပန်းလေတော့မယ့် ခရီးကြမ်းကိုပါပဲ...
Mystic Orbis ဟာ စွမ်းအင်တွေ မှော်အတတ်တွေနဲ့ ပြည့်နေတဲ့ ကမ္ဘာတစ်ခုဖြစ်လေတယ်...
ဒါဆို ဘာကြောင့်များ လျှင်မြန်တဲ့ လမ်းပန်းဆက်သွယ်ရေး မရှိရတာလဲ???
ရှေးခေတ်လိုမျိုး ခြေလျင်တပ်၊ မြင်းတပ်တွေနဲ့ သာသွားလာရတဲ့ နည်းလမ်းကို မာဗီဟာ ခါးသီးစွာသာ သည်းညည်းခံရလေတော့တယ်... သူမစီးနင်းဖို့ရာ မှော်ကော်ဇောပျံရှိနေသင့်တာမဟုတ်ပါလား???
ကံမကောင်းတာက Mystic Orbis ဟာ မှော်ကော်ဇောပျံရှိနေတဲ့ ကမ္ဘာမဟုတ်လေတာပါပဲ... မာဗီဟာ မြင်းကိုသာ စီးရင်း သည်းခံနေရတော့တယ်...
ESTÁS LEYENDO
4. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-8 (နော့က်စ် မက်က်စ်ဝဲလ်)
Fantasíaကြိုးပမ်းပြီးမရရှိနိုင်တဲ့အချစ်ကို ငါဟာ မနားလည်နိုင်ဘူး... တစ်စုံတစ်ယောက်ကို ဘ၀ကြီးအပ်နှင်းပြီး မေတ္တာမျှဖို့ဆိုတာ ရူးနမ်းနေကြတဲ့ လူတွေရဲ့အလုပ်ပဲ... မင်းရဲ့တည်ရှိမှုကို သိတောင်မသိတဲ့သူတစ်ယောက်ကို ပေးဆပ်ခြင်းဆိုတာ ရကောက် နှချောင်းငင် ၀စ်ဆံနှစ်လုံးပေါ...