အခန်း၁၈- နော့က်စ် မက်က်စ်ဝဲလ်

17K 1.6K 34
                                        

Zawgyi

မိသားစုနဲ့အတူ ညစာစားအပြီးမှာတော့ မာဗီဟာ အိပ်ယာထဲကို ပြန်သယ်ဆောင်လာခြင်းခံရလေတော့တယ်... ကလေးတွေဟာ သူတို့ရဲ့ မိဘနဲ့အတူရှိချင်ကြတာကြောင့် သူမနဲ့အတူလိုက်လာချင်ကြလေတယ်...

ပထမဆုံးအနေနဲ့ သူတို့ရဲ့ အဖေနဲ့အမေဟာ လက်တကမ်းမှာတင်ရှိနေခဲ့တာကြောင့် မင်းသားငယ်၊ မင်းသမီးငယ်လေးတွေအတွက် ဒါဟာ အပျော်ရဆုံးအချိန်လေးပါပဲ... သူတို့ရဲ့ မိဘအနားမှာ မရှိလိုက်တာနဲ့ ဒါဟာ အိမ်မက်တစ်ခုလိုဖြစ်သွားတော့မှာကို သူတို့စိုးရွံ့ကြလေတယ်...

"မင်းသမီး ကိတ်ဒ်လင်း..."
မာဗီဟာ မောလျစွာနဲ့ နော့က်စ်မက်က်စ်ဝဲလ်ရဲ့ ရင်ခွင်ထဲမှာသာ ခေါင်းအပ်ထားရင်း ဆိုလေတယ်... ထိုအမျိုးသားဟာ သူမကို အိပ်ဆောင်အထိလမ်းတစ်လျှောက်လုံး ပွေ့သယ်လာခဲ့တာ ဖြစ်လေတယ်...
"သူ့တို့ရဲ့ ဒေါ်ဒေါ်ကို ကလေးတွေ ဒီလောက်ချစ်နေမှတော့ သူတို့တွေကို ယောင်းမလေး အိမ်ဆောင်မှာပဲ ဒီရက်ပိုင်းနေခိုင်းရင်ဘယ်လိုလဲ... အခုထိ မာဗီ က နေကောင်းသေးတာမဟုတ်တော့... ဂရုစိုက်ပေးဖို့ကလဲ အကန့်အသတ်ဖြစ်နေမှာ..."

"မေမေ့..."
ကလေးငယ်လေးယောက်ဟာ မာဗီ့ကို အရည်ရွှမ်းလဲ့နေတဲ့ သနားစရာ မျက်ဝန်းတွေနဲ့ ကြည့်ကုန်ကြလေတယ်...

ထမင်းစားနေတဲ့ တလျှောက်လုံးမှာလည်း သူတို့ရဲ့ အကိုအကြီးဆုံးကိုသာ ဒီလှပတဲ့အမျိုးသမီးလေးဟာ လုံးလုံးလျားလျား ချစ်မြတ်နိုးပြနေခဲ့တာကို သူတို့ မနာလိုစွာကြည့်နေခဲ့ရပြီးပြီ... သူမ စီမံချက်ပြုတ်လာသမျှဟာလည်း နိုင်ရယ်လ်နဲ့ သူတို့ ဖခင်အကြိုက်တွေသာဖြစ်လေတယ်...

သူတို့ရဲ့ မိခင်ဟာ သူတို့ထက် တခြားတစ်ယောက်အပေါ်မှာသာ ပို၍ ချစ်မြတ်နိုးမှုနဲ့ ဂရုစိုက်မှုတွေ သွန်းဖြိုးနေတာမြင်ရတဲ့ ကလေးငယ်တွေအတွက်ကတော့ ခါးသီးစွာ ခံစားရမှာဟာ သဘာဝပါပဲ... သူတို့လေးတွေအတွက် ပိုပြီး ခါးသီးစရာက သူတို့မိခင်ဟာ သူတို့ကြောင့် မပျော်ရွှင်ခဲ့ရဘူးဆိုတဲ့အချက်ပါပဲ...

"မေမေ့..."
နိုင်ရယ်လ်လေးဟာ သူ့ညီငယ်၊ ညီမငယ်လေးတွေကို သနားတာကြောင့် သူ့မိခင်ရဲ့ လက်ကို ဆွဲလိုက်လေတယ်...
"ညီလေး၊ ညီမလေးတွေက မေမေနဲ့အတူ ဒီမှာနေချင်တာ..."

4. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-8 (နော့က်စ် မက်က်စ်ဝဲလ်)Место, где живут истории. Откройте их для себя