"Oh My God!!...နောက်ကျနေပြီ...
အာ...အဆူခံရတော့မှာပဲ....""စက်ဘီးဖြေးဖြေးစီးဦး My Man..."
Lucas အော်တာကို အိုခေဟု လက်သာ ထောင်ပြနိုင်တော့သည်....။
အခန်းထဲကနေစပြီး အော်ဟစ်လာသည်မှာ
လှေကားထစ်တွေလဲ တဖုန်းဖုန်းဖြင့်ပြေး
ဆင်းသည်အထိ...။
သူ့အချိန်ပိုင်းအလုပ်လေးနောက်ကျတော့
မယ်...။ လခကောင်းတဲ့ အားလပ်ရက်မှာ
လုပ်လို့ရတဲ့အလုပ်လေး...။Taeyong အိပ်နေရင်းမှ ဒေါသထွက်စွာ
ဖြင့် ထကာ ဝရန်တာတံခါးကို ဖွင့်ပြီး
ဆူညံသောင်းကျန်းတဲ့ တရားခံရှာဖို့...
အောက်ကိုလှမ်းကြည့်တော့...စက်ဘီးထုတ်နေတဲ့ Minhyung...
ကျောက်ပတ်တီးဖြည်ပြီးတာတစ်ပတ်
လောက်ပဲရှိဦးမှာကို....။ လှေကားထစ်ကိုပြေးဆင်းတာ သပ်သပ် shell ကျွတ်ဦးမယ်...။"အာကွာ...အိပ်လို့မရတော့ဘူးလေ..."
စိတ်ညစ်ညစ်နဲ့ အိပ်မရတော့မှာနဲ့အတူတူ
ရေမိုးချိုးပြီး မနက်စာစားဖို့ သူ့ရဲ့လောလော
လတ်လတ်ဝယ်ထားတဲ့ ပြိုင်ကားအဖြူ
လေးစီးပြီးထွက်လာလိုက်သည်...။
ကိုရီးယားနိုင်ငံရဲ့ ဆောင်းဦးမနက်ခင်းက
တကယ်လှသည်...။"ဘာအလိုရှိပါသလဲခင်ဗျ..."
Taeyong ဆိုင်မှာ တန်းစီပြီး စောင့်နေ
ရင်း...အရှေ့ကကြားလိုက်ရသောအသံ...
မဟုတ်မှလွဲရော...ကောင်လေး..?"ဟုတ်ကဲ့...အမေရိကာနို တစ်ခွက်...
ချိစ့်ကိတ် နှစ်ခု...လီမွန်ဖျော်ရည်
တစ်ခွက်နော်...16000W ကျပါတယ်...
ဟုတ်ကဲ့...ကျေးဇူးပါ...စားပွဲနံပါတ်လေး
ယူသွားပေးပါဗျ..."Minhyung...အမှာစာကို ချရေးပြီး တစ်ဖက်ကလူကိုလှမ်းပေးရသည်...။
"BananaMilk တစ်ခွက်...ချောကလက်
ကိတ်နှစ်ခု..မင်း...ဘာဖျော်ရည်ကြိုက်လဲ..."Minhyung မှာတဲ့လူကိုကြောင်တောင်
တောင်ဖြင့်ကြည့်နေမိသည်...ခပ်ပြုံးပြုံးဖြင့်
သူ့ကိုလာမှာနေတဲ့သူက Taeyong hyung?...အချေကလေ?" ကြားလား...ဘာဖျော်ရည်ကြိုက်လဲလို့
မေးနေတာ...ကော်ဖီကြိုက်တာလား..."Minhyung နားမလည်နိုင်စွာနဲ့ပဲ...
"BananaMilk ပါ...ဧည့်သည်အလိုရှိတာ
က...BananaMilk တစ်ခွက်...
ချောကလက်ကိတ်နှစ်ခုနော်..."

STAI LEGGENDO
CO-EXIST
Fanfictionကိုယ်ချစ်တဲ့သူက...ကိုယ်ဘယ်လောက် အနားရောက်အောင်သွားသွား...ကိုယ့်ကို အမြဲ...ငြင်းဆန်ခံရတဲ့ခံစားချက်ကို နားလည်လား...။ ကိုယ်ချစ်တဲ့သူက....အမျိုးမျိုးသော အကြောင်းအရာတွေကြောင့်...ဘယ်တော့မှ ကိုယ်နဲ့မတူညီနိုင်တဲ့အခါ...အဲ့လူကို အဝေးမှာပဲထားဖို့ကြိုးစားတော့...