"Lucas-cas...My Man လေး....
Oppa ပြန်လာပြီ..."Minhyung အခန်းထဲဝင်တော့ သူ့ကို
ကုတင်ပေါ်ကနေစွေကြည့်နေသော
Lucas...."အဟဲဟဲ...ဒီမှာတော့ပုကီ..."
ကုတင်ပေါ်ကနေသူ့ကို ကြည့်နေရင်းမှ
ဝုန်းခနဲထပြေးလာတာမို့ လန့်သွား
ရသည်....။"ဒါ ဘယ်သူ့အင်္ကျီကြီးလဲ...Minhyung..."
Minhyung သူ့ကိုယ်သူပြန်ကြည့်တော့
OMG!...Taeyong hyung အက်ႌႀကီး....
ပြန်ပေးဖို့မေ့သွားတာ...။"ဟို...Taeyong hyung ဟာ...."
"ဘာ!!"
Minhyung လက်ထဲက တော့ပုကီ
အထုပ်ကလေးလွတ်ကျမတတ်ဖြစ်သွားရ
သည်။"ဟာ...လန့်လိုက်တာကွာ...ဘာလို့ထအော်
တာလဲ...""မင်းတို့ ၂ ယောက်တွဲနေကြတာလား...."
Lucas သူ့ကို မယုံသင်္ကာအကြည့်ဖြင့်
မေးလာသည်...."ဘာဆိုင်လို့လဲ...ငါမိန်းကလေးရည်းစား
မထားဖူးတာမှန်ပေမဲ့ ယောက်ျားလေး
တစ်ယောက်ကိုတွဲစရာလား.....""ဒါဆို ဘာလို့ သူ့အင်္ကျီဝတ်လာရတာလဲ..."
Minhyung မီးတောက်မတတ်မျက်လုံး
ဖြင့် Lucas ကိုကြည့်လိုက်ကာ...."သူဝတ်ပေးတာ...အေးနေလို့ဆိုပြီး....
အဲ့ဒါနဲ့ပဲတွဲနေတယ်ဖြစ်ရလား...မင်းကွာ..""Sorry My Man...ဒါပေမဲ့...ငါသေချာ
တယ် သူမင်းကိုစိတ်ဝင်စားနေတာ...."Minhyung တော့ပုကီထုပ်ကိုသာ
ပန်းကန်ထဲထည့် စားပွဲလေးခင်းပြီး"စဉ်းစားလေ အဲ့ဦးနှောက်ကြီးနဲ့...
အချင်းချင်း...အတူတူတွေကို ဘာကိစ္စနဲ့
ငါ့ကိုသူကစိတ်ဝင်စားမှာလဲ...""ဘယ်သိမလဲ...ငါကတော့ သူမင်းကိုကြိုက်
နေတယ်ထင်တာပဲ...အဲ့မျက်လုံးအကြည့်
တွေကို ငါမြင်နေရတယ်...."မျက်လုံးကိုမှေးကျဉ်းပြီး စဉ်းစဉ်းစားစား
ပြောနေပုံက နားဘန်ကျင်းပစ်ချင်စရာ"စားစား...တော့ပုကီသာကုန်အောင်စား....
ငါနဲ့မတွေ့ရတာနဲ့တင် အတွေးအခေါ်တွေ
မမှန်တော့ဘူး....""အေးပါ...နောက်မှ Lucas ရေ...ငါတို့
တွဲနေပြီဆိုတဲ့စကားတော့လာမပြောနဲ့..."
YOU ARE READING
CO-EXIST
Fanfictionကိုယ်ချစ်တဲ့သူက...ကိုယ်ဘယ်လောက် အနားရောက်အောင်သွားသွား...ကိုယ့်ကို အမြဲ...ငြင်းဆန်ခံရတဲ့ခံစားချက်ကို နားလည်လား...။ ကိုယ်ချစ်တဲ့သူက....အမျိုးမျိုးသော အကြောင်းအရာတွေကြောင့်...ဘယ်တော့မှ ကိုယ်နဲ့မတူညီနိုင်တဲ့အခါ...အဲ့လူကို အဝေးမှာပဲထားဖို့ကြိုးစားတော့...