"ဆိုလိုတဲ့သဘောက...မနေ့ကညီလေးက
မနေ့မနက်က မင်းကိုချေတဲ့ညီလေးပေါ့...
ဟုတ်လား....""အရူးရ...ညီလေးမဟုတ်ဘူး...စီနီယာလို့"
"အင်းပါ...Bro ပေါ့...
မင်းပြောသလောက်လဲမဟုတ်ပါဘူးကွာ..
အဲ့ broကကူညီတတ်ပါတယ်...""မင်းကဒီလောက်အချေခံရတာတောင်
မမှတ်ဘူးလား""ထားပါတော့...လာ...ကျောင်းသွား
ရမယ်...ဒီနေ့မေဂျာချိန်စမှာမလား...
မင်းတို့က...""အိုခေ...သွားကြစို့..."
Minhyung ချို င်းထောက်ကြီးမယူချင်
သော်ငြား...တစ်ယောက်ထဲလမ်းလျှောက်ဖို့က မဖြစ်နိုင်တာမို့...⌚🚶⌚🚶⌚🚶⌚🚶⌚🚶⌚🚶
locker ထဲသို့ စာအုပ်တွေ
ထည့်ပြီး အချို့ ကို ယူကာ မေဂျာချိန်
တက်ရမည့် စာသင်ခန်းသို့ ချို င်းထောက်
လေးတဒေါက်ဒေါက်ဖြင့် သွားရသည်...။
Lucas နဲ့ကလည်း...မေဂျာမတူ...။ရုတ်တရက်ကြီး သွက်သွက်လက်လက်မရှိ
တော့တာမို့ စိတ်ထဲမှာခုနေကာ...ဒေါသ
အနည်းငယ်ထွက်စပြုနေပြီဖြစ်သည်...။
မနက်ကတော့ Lucas စက်ဘီးနောက်
က လိုက်လာတာမို့လမ်းသိပ်မလျှောက်ရ...
ညနေ အချိန်ပိုင်းအလုပ်က mini mart cashier မို့သာတော်သေးသည်...။ထိုင်ပြီး
ငွေရှင်းပေးရုံ...။#Ding Ding Ding
Bell တီးတာနှင့် သူအခန်းရှေ့ရောက်တာ
အချိန်ကိုက်ဖြစ်သွားတာမို့...အခန်းထဲဝင်ရန်
ခြေလှမ်းပြင်လိုက်ချိန်မှာပဲ...တံခါးဖွင့်ကာ
ဝုန်းခနဲထွက်လာကြသော ကျောင်းသားတွေသူမေ့နေတာ...သူတို့အတန်းမတိုင်ခင်...
ပထမနှစ်တွေအတန်းရှိသေးတာကို...ဝုန်းးးး
"...အားးးး...သေပါပြီ..."
Minhyung ကိုအရှိန်နှင့်တိုက်မိသည့်
ပြေးထွက်လာပုံရသော ကျောင်းသားအုပ်စု
ကတော့ ထူပေးဖို့နေနေသာသာ...
အဆင်ပြေလားတောင်မေးမသွားကြ....။အနားကိုဝိုင်းအုံလာသောလူများ...
"အိုး...စီနီယာအဆင်ပြေရဲ့လား..."
"ဘယ်လိုလုပ်မလဲ...ခြေထောက်ကိုထိမိ
သွားတယ်ထင်တယ်...""ဆေးခန်းလိုက်ပို့ရမလား ရရဲ့လား....
Minhyung-shi...."
YOU ARE READING
CO-EXIST
Fanfictionကိုယ်ချစ်တဲ့သူက...ကိုယ်ဘယ်လောက် အနားရောက်အောင်သွားသွား...ကိုယ့်ကို အမြဲ...ငြင်းဆန်ခံရတဲ့ခံစားချက်ကို နားလည်လား...။ ကိုယ်ချစ်တဲ့သူက....အမျိုးမျိုးသော အကြောင်းအရာတွေကြောင့်...ဘယ်တော့မှ ကိုယ်နဲ့မတူညီနိုင်တဲ့အခါ...အဲ့လူကို အဝေးမှာပဲထားဖို့ကြိုးစားတော့...