"ကျွန်...ကျွန်တော့်ကိုမသတ်ပါနဲ့...."
Taeyong သူ့ကို မျက်ရည်တွေကြားထဲမှ
တောင်းပန်နေသောကောင်လေးကို တွေ့ပြီး ရင်ဘတ်တစ်ခုလုံးစုတ်ပြတ်သတ် သွားတဲ့
အထိ ခံစားရသည်...။တဆတ်ဆတ်တုန်နေသော ကောင်လေးကို
ဒူးထောက်ထိုင်ချကာ ပွေ့ပိုက်မိတော့...."မထိပါနဲ့...မထိပါနဲ့...တောင်းပန်ပါတယ်....
ကျွန်တော့်ကိုဖမ်းမသွားပါနဲ့...."Taeyong ရင်ဝကိုဆောင့်ကန်ခံလိုက်ရ
သလို ခံစားရသည်...။ကလေးရယ်....
"မဟုတ်ဘူး...Minhyung...ကို...ကိုရှင်းပြမယ်...."
သူ့စကားကိုမကြားချင်ဟန် နားကိုပိတ်ထား
ကာ ခေါင်းတွင်တွင်ခါရမ်းနေသော ကလေး"Minhyung...ကိုရှင်းပြပါ့မယ်...ကိုက..."
သူ့စကားမှမဆုံးသေး ဝုန်းခနဲထကာထွက်
ပြေးသွားသော ကလေးငယ်...."Minhyung!!...ကလေး!!..ခဏနေဦး..."
Taeyong ပြေးလိုက်ရင်း အော်ခေါ်နေမိ
သည်...ချော်လဲရင်အနာတရဖြစ်ဦးမယ်....
လိုက်နေရင်းမှ ဘယ်ရောက်သွားမှန်းမသိ
ပျောက်သွားသည့်ကလေးငယ်..."Kilo ရှာစမ်းကွာ...ဘယ်ရောက်သွားလဲ
မသိဘူး...ဒုက္ခပါပဲကွာ..."ကလေးရေ...ကိုတော့ရူးတော့မှာပဲ
"Taeyong...ဟိုမှာ...လမ်းကြားထဲမှာ..."
ငိုရင်းပြေးနေသည့် ကလေးငယ်နောက်
ပြေးလိုက်ရတာ သိပ်မကြာလိုက်...
ခဏလေးနှင့်မီသွားသည်..."ကလေး!!!"
Taeyong မှီသည်နှင့် ရင်ခွင်ထဲသို့
တင်းတင်းဆွဲကာဖက်ထားမိသည်..."လွှတ်...ကျွန်တော့်ကိုလွှတ်ပေး...."
"ကိုတောင်းပန်ပါတယ်...ကို့အမှားပါ...
ကိုက ကလေးကို အဲ့လိုလုပ်ရက်ပါ့မလား..
ကိုက...ကိုက...ဒါမလုပ်မဖြစ်မို့ပါ...ကို...
ရှင်းပြနိုင်ပါတယ်...ကိုရှင်းပြပါ့မယ်..."တင်းတင်းဖက်ထားရင်း တရစပ် ပြောတော့
မှ ရင်ခွင်မှာမျက်နှာအပ်ပြီး ငိုသော
ကလေးငယ်..."ဘာလို့လဲ...ဘာလို့အဲ့လိုလုပ်ရတာလဲ...
ကျွန်တော်သိတဲ့ LeeTaeyongမဟုတ်ဘူး
မလား...Taeyong hyung က အဲ့လို...
အဲ့လိုလုပ်မှာမဟုတ်ဘူး..."
ВЫ ЧИТАЕТЕ
CO-EXIST
Фанфикကိုယ်ချစ်တဲ့သူက...ကိုယ်ဘယ်လောက် အနားရောက်အောင်သွားသွား...ကိုယ့်ကို အမြဲ...ငြင်းဆန်ခံရတဲ့ခံစားချက်ကို နားလည်လား...။ ကိုယ်ချစ်တဲ့သူက....အမျိုးမျိုးသော အကြောင်းအရာတွေကြောင့်...ဘယ်တော့မှ ကိုယ်နဲ့မတူညီနိုင်တဲ့အခါ...အဲ့လူကို အဝေးမှာပဲထားဖို့ကြိုးစားတော့...