"ထည့်စားလေ Hyung..."
Taeyong သူ့ရှေ့က ထမင်းကိုအားရပါးရ
စားနေသော ပေါက်စလေးကိုကြည့်ပြီး
သူ့ထမင်းသူ စားဖို့မေ့နေသည်အထိ..."အ!!"
ရုတ်တရက် ပွက်ပွက်ဆူနေသော
ကင်ချီကျီဂဲဟင်းရည်က ဟင်းရည်စက်ကသူ့
မျက်လုံးကိုလာစင်သည်...။"Hyung...ဘာဖြစ်တာလဲ..."
Minhyung ထမင်းစားနေရင်း အရှေ့က
Hyung က အလန့်တကြားမျက်နှာကိုအုပ်
လိုက်တာမို့ လန့်သွားရသည်..."မျက်လုံးကိုစင်သွားတာထင်တယ်...
ဟင်းရည်က...""ဗျာ!! Oh My God...တစ်ရှူးနဲ့သုတ်လိုက်
Hyung...ရော့...မဟုတ်သေးဘူး...ရေအေး
ထဲ တစ်ရှူးနှစ်လိုက်...မဟုတ်သေးဘူး...
ကျွန်တော်လာလုပ်ပေးမယ်..."ကပျာကယာပြောရင်း သူ့နား လာထိုင်သည့်
ကောင်လေး...Taeyong မျက်လုံးတစ်ဖက်ကို အုပ်ထား
သည့် လက်ကိုဖယ်ကာ...
တစ်ရှူးဖြင့်အသာအယာ သုတ်ပေးရင်း
အဆင်ပြေမပြေ ကြည့်နေသည့် မျက်ဝန်း
လေး တစ်စုံ...*လှရက်လိုက်တာ ကောင်လေးရာ...*
နှုတ်ခမ်းမှလဲ လေအချို့ မှုတ်ပေးနေရင်း....
"သက်သာလား hyung...စပ်နေလား
အဆင်မပြေရင် ဆေးခန်းဖြစ်ဖြစ်....""ရတယ်...နည်းနည်းစပ်နေသေးတာ...
မှုတ်ပေးလို့ရမလား...ခဏလောက်..""ဟုတ်...မသက်သာရင်ပြောနော်"
လှလွန်းသော မျက်ဝန်းလေးအစား...
အစားထိုးဝင်လာသည်က..နှုတ်ခမ်းပါးလေးဆေးဆိုးထားတာမဟုတ်ပဲနဲ့ ပန်းသွေး
ရောင်ပြေးနေကာ ရွှန်းစိုစိုလေးဖြစ်နေသည်
ဂျယ်လီလေးအတိုင်းပင်...ငုံထားရင်
အိကျိအိကျိလေးနေမှာ...*ဘာလို့ လူကိုယ်တိုင်ရော အစိတ်အပိုင်း
တွေအကုန်လုံးရော တစ်ခုချင်းစီကအစ
ချစ်ဖို့ကောင်းနေရတာလဲ ပေါက်စလေးရာ*"ရပြီလား hyung....!!!...."
Minhyung သူနဲ့နီးကပ်နေသော
မျက်နှာပိုင်ရှင်ကိုကြည့်ကာ လန့်သွားရ
သည်....ချောလိုက်တာ ဒီ hyung....
ပါးနှစ်ဖက်လုံးပူနွေးလာသလိုခံစားရသည်။
YOU ARE READING
CO-EXIST
Fanfictionကိုယ်ချစ်တဲ့သူက...ကိုယ်ဘယ်လောက် အနားရောက်အောင်သွားသွား...ကိုယ့်ကို အမြဲ...ငြင်းဆန်ခံရတဲ့ခံစားချက်ကို နားလည်လား...။ ကိုယ်ချစ်တဲ့သူက....အမျိုးမျိုးသော အကြောင်းအရာတွေကြောင့်...ဘယ်တော့မှ ကိုယ်နဲ့မတူညီနိုင်တဲ့အခါ...အဲ့လူကို အဝေးမှာပဲထားဖို့ကြိုးစားတော့...