Minhyung အိပ်ယာနိုးတော့ Lucas
ကအင်္ကျီတောင်လဲပြီးပြီ...."ဘယ်နှစ်နာရီလဲ..."
"မနေ့ညကဘယ်အချိန်မှပြန်လာတာလဲ"
Minhyung မေးတာမဖြေပဲ မေးခွန်းပြန်
ထုတ်လာသော Lucas..."အာ...အင်း...ငါနည်းနည်းနောက်ကျသွား
တယ်..."Minhyung မနေ့ညကအဖြစ်အပျက်တွေ
က ခေါင်းထဲ အစီအရီ ပြန်ပေါ်လာတာမို့
မျက်နှာနည်းနည်းပူသွားရသည်...။"မနက် ၁နာရီက နည်းနည်းနောက်ကျတာ
လား...မင်းမနေ့ညက ဘယ်ဝင်နေလို့လဲ.."Lucas သာသိရင် သူ့ကိုသတ်မလားမသိ..
နေပါဦး...သူကဘာမဟုတ်တာလုပ်လို့လဲ...
အဲ့ဒါက မတော်တဆနမ်းမိ...မဟုတ်ဘူး
နမ်းတာမှမဟုတ်တာ...ဘာလို့ဒီဘာမဟုတ်
တဲ့ဟာကိုပဲခေါင်းထဲထည့်နေရတာလဲ.."Yrrr ဘယ်ဝင်နေလဲမေးတာ အဲ့လောက်
စဉ်းစားစရာလိုလို့လား..."Minhyung အတွေးနွံထဲနစ်နေရာမှ
Lucas အော်သံကြောင့်လန့်သွားပြီး...."ဘာမှမဟုတ်ဘူး..နမ်းတာလဲမဟုတ်ဘူး"
သွားပြီ! Minhyung အိပ်ယာတွေကောက်
သိမ်းချင်ဟန်ဆောင်လိုက်သည်....။"ဘာကိုနမ်းတာလဲ...My Man မင်း ထူးဆန်းနေတယ်နော်..."
"ရုပ်ရှင်!...အဲ့ဒီ ဘာမှမဟုတ်ဘူး၊ နမ်းတာလဲမဟုတ်ဘူး ဆိုတဲ့ ရုပ်ရှင်ကို
ဆိုင်ကလူတွေနဲ့ထိုင်ကြည့်နေလို့ကြာသွား
တာ..."သူ့အပြောကို Lucas က အခုမှသဘော
ပေါက်သွားဟန်ဖြင်...."Ohhh ရုပ်ရှင်...ကြည့်နေတာလား...
မသိပါဘူး...ငါကမင်းဘယ်သူ့ကိုများနမ်းခဲ့
လို့လဲလို့....""မနမ်းပါဘူးဆိုနေ!! အဲ့ဒါ...ငါပြောချင်တာ
က...ရုပ်ရှင်ထဲမှာ နမ်းတဲ့အခန်းမပါဘူးလို့"Minhyung မဆီမဆိုင် အပြစ်လုပ်ထား
သလို ခံစားမိတာမို့..."ဒါနဲ့ မနက်စောစောစီးစီးကို နမ်းတဲ့ကိစ္စကြီး
ငါ့ကိုဘာလို့လာပြောနေရတာလဲ..."Lucas က သူ့ကို တအံ့တသြကြည့်လာကာ
"မင်းအရင်လာပြောတာလေ!!!...You
First...Me no guilty"
YOU ARE READING
CO-EXIST
Fanfictionကိုယ်ချစ်တဲ့သူက...ကိုယ်ဘယ်လောက် အနားရောက်အောင်သွားသွား...ကိုယ့်ကို အမြဲ...ငြင်းဆန်ခံရတဲ့ခံစားချက်ကို နားလည်လား...။ ကိုယ်ချစ်တဲ့သူက....အမျိုးမျိုးသော အကြောင်းအရာတွေကြောင့်...ဘယ်တော့မှ ကိုယ်နဲ့မတူညီနိုင်တဲ့အခါ...အဲ့လူကို အဝေးမှာပဲထားဖို့ကြိုးစားတော့...