Author's Note

3.9K 55 0
                                    

တကယ်​​တော့ ဒီဝတ္ထု​လေးကို ​ကျွန်​​တော်​ စပြီး​ရေးဖြစ်​ခဲ့တာက အမုန်း​တွေရဲ့ တခြားတစ်​ဖက်​မှာ ဘာ​တွေ ရှိ​နေနိုင်​လဲ။ ဘာ​တွေဖြစ်​လာနိုင်​လဲဆိုတာကို ​ပြောချင်​တာ။ အစပိုင်းမှာ​တော့ ချစ်​သူ​တွေ ​ပျော်​​နေကြတယ်​။ ဒါ​ပေမယ့်​လည်း ကြာရှည်​​တော့ မ​ပျော်​ကြရပါဘူး။ အချစ်​စစ်​မှန်​ရင်​ အခက်​အခဲ​တွေ၊ အတားအဆီး​တွေ၊ အ​နှောင့်​အယှက်​​တွေ ရှိစမြဲ​လေ။ အချစ်​​ရေးကံမ​ကောင်းတဲ့ကျွန်​​တော့်​အတွက်​ Drama Fic ​တွေထဲမှာ ကံ​ကောင်းရလည်း မဆိုးဘူး​လေ။ Fic အားလုံးထဲက ဇာတ်​​ကောင်​ပုံစံ​တွေ Character ​တွေမှာ ကျွန်​​တော်​နဲ့တူတဲ့ အချက်​တစ်​ခုမဟုတ်​ တစ်​ခု​တော့ ပါတတ်​တယ်​....

သူ့ချစ်​သူ​ကောင်​မ​လေးတစ်​​ယောက်​ကလွဲရင်​ ဘယ်​လိုလူမျိုးကိုမှ မချစ်​တတ်​တဲ့ ​ကောင်​​လေးကို ချစ်​မိသွားတဲ့သူက သူတို့ချစ်​သူကြားကို ​နှောက်​ယှက်​ရာက​နေ အဲ့ဒီ​ကောင်​​လေးရဲ့ အမုန်း​တွေကို ရခဲ့တယ်​။ ​နောက်​မှာ​တော့ သူ့ရဲ့ချစ်​သူက သူ့ကွယ်​ရာမှာ တခြားတစ်​​ယောက်​နဲ့ ​ဖောက်​ပြန်​​နေတာကို သိသွားခဲ့တယ်​။ ဒါ​ပေမယ့်​လည်း သူက​တော့ ဆက်​ချစ်​​နေဆဲပါ...

လက်​မလွှတ်​နိင်​ရင်​ ခွင့်​လွှတ်​နိုင်​ရမယ်​မဟုတ်​လား။ သူမှလက်​မလွှတ်​​နိုင်​တာ ဒီ​တော့
ခွင့်​လွှတ်​​ပေးရုံကလွဲပြီး ဘာမှလုပ်​စရာမရှိဘူး​လေ။ သူ့ချစ်​သူကိုလည်း ​ပျော်​​စေချင်​တယ်​။

အဲ့ဒါကမှ တကယ့်​အချစ်​စစ်​....

ကိုယ်​ချစ်​တဲ့သူ​ပျော်​ရွှင်​ဖို့ နှလုံးသားကို
စ​တေးပြီး သူ့​ရှေ့မှာ အပြုံး​လေးနဲ့​နေ​ပေးရတာ ဘယ်​​လောက်​ခက်​ခဲလဲဆိုတာ ချစ်​ဖူးသူတိုင်းသိကြမှာပါ...

နောက်​ပိုင်း ​လေးပွင့်​ဆိုင်​ဇာတ်​လမ်း​လေးမှာ ဘာ​တွေဆက်​ဖြစ်​မလဲ။ သူတို့ရဲ့အချစ်​​တွေကို ဘယ်​လိုပုံ​ဖော်​ပြကြမလဲဆိုတာကို​တော့.....

အမုန်းနယ်​နိမိတ်​ကို လွန်​​သော်​.....(Completed)Where stories live. Discover now