Beginning of attention

254 18 3
                                    

" အားး "
Canteen ထဲကဆိုင်ငယ်တစ်ခုရှေ့တွင် ရပ်ရင်းစားစရာရွေးနေစဉ် ဘေးနား ကပ်ရပ် ရပ်နေသော မရင်းနှီးသည့် အခန်းဖော် ကောင်မလေးထံမှ အသံထွက်လာသည်မို့ ဘာစားရမလဲ စဉ်းစားနေခဲ့သော သူမ ရဲ့ အာရုံတို့ကို ထိုကောင်မလေးထံ ပြောင်းလိုက်မိသည်။ ရုတ်တရက် သူမ လက်ဖဝါးမှ ဆစ်ကနဲ စပ်သွားတာမို့ ကြည့်လိုက်မိတော့ မနက်က ကျောင်းမလာခင် အဆောင်မှာ စာကျက်စားပွဲအောက်မှထိုးထွက်နေသော သံချွန်နှင့် ခြစ်ခဲ့မိသည့် ဒဏ်ရာ အပေါ် coffee ဖိတ်ကျထားပါလား။ အို ငါလည်း coffee မသောက်ရပါဘဲနှင့်။ သူမကိုယ်တိုင်က အခြေအနေမှန်ကို သဘောမပေါက်ခင် သူမနားထဲဝင်လာသော အသံတစ်သံ
" နင်ဘယ်လိုလုပ်လိုက်တာလဲ ဂိုအွန်းဟာ "
" ဘာကိုလဲ "
" အာ တကယ်ဘဲ ဆယ်ယောင်း ကိုတောင်းပန်သင့်တာနင်မသိချင်ယောင်ဆောင်နေတာလား နင် coffee ခွက်ကို တိုက်ချခဲ့လို့ ဆယ်ယောင်း အပူလောင်သွားတာ နင်မမြင်ဘူးလား နင် ကိုယ်ချင်းမစာတတ်ဘူးလား ဆရာဝန်ဖြစ်လာမယ့်လူတစ်ယောက်က ... နင် စာအရမ်းတော်နေတာနဲ့ အရည်အသွေးပြည့်တဲ့ ဆရာဝန် ဖြစ်လာမယ် ထင်နေတာလား"

နားထဲတရစပ်ဝင်လာသော အသံတွေ။ဒီလို အပြောအဆိုခံရအောင် ငါ ဘာလုပ်မိခဲ့လို့လဲ။ကော်ဖီခွက်ကို တိုက်ချဖို့ မပြောနဲ့။ ဘေးနားမှာ ဘယ်သူ ရပ်နေမှန်းတောင် မသိလောက်အောင် ကိုယ့်အတွေးနဲ့ ကိုယ် ဖြစ်နေခဲ့တာ။ ဘေးကအော်သံကြားမှ ကိုယ့်လက်မှာရော ဘေးက တစ်ယောက် လက်မှာရော ကော်ဖီပူတွေ လောင်နေမှန်း သတိထားမိခဲ့တာ။ ဒါဆို ငါ အမှားမလုပ်ခဲ့ရင်...
သူမ အတွေးတွေ ဆုံးသွားတော့ ရလာတဲ့ အဖြေတစ်ခု

" ငါ အမှားမလုပ်ခဲ့ဘဲနဲ့ ငါကဘာလို့တောင်းပန်ရမှာလဲ။ သူ့လက်က ကော်ဖီခွက်ကို တိုက်ချရအောင်လည်း ငါက ငြိမ်ငြိမ်မနေဘဲရှပ်ပြာနေခဲ့တာမဟုတ်။ ကျောက်ရုပ်လိုမျိုး ငြိမ်ပြီး စဉ်းစားနေခဲ့တဲ့လူက ကော်ဖီခွက်ကို တမင်တိုက်ချပြီး အပူလောင်စေတဲ့တရားခံတဲ့လား။ အဟက် ဒီမှာ ဂျွန်းဂျုံးဂု နင်တက်နေတာ ဆေးတက္ကသိုလ်မလား စဉ်းစားဆင့်ချိန်နိုင်စွမ်းတော့ရှိရမှာပေါ့...ထားလိုက်တော့ ဆက်နေနေရင်ငါ ဘာဆက်လုပ်မိမယ်မှန်း အာမမခံ နိုင်တာမို့ ဒီလောက်နဲ့ဘဲ ရပ်ရအောင် အမှားမရှိဘဲ မတောင်းပန်နိုင်တာမို့"

ဖြတ်ကနဲ လှမ်းဆွဲလိုက်သည်မို့ နာကျင်သွားတဲ့ လက်ဖဝါးပေါ်ကဒဏ်ရာ
"ဂိုအွန်းဟာ"
ဆွဲထားတဲ့ ဂျုံးဂု ရဲ့ လက်ကို အတင်း ဖြုတ်လိုက်ပြီး လှည့်ထွက်လာမိသည်။ လက်က ဒဏ်ရာ ဘာဖြစ်နေမှန်းလည်း မသိနိုင်တော့။ လူက ဒေါသထွက်တာတွေရော မွန်းကျပ်တာတွေရော ရောနေပြီမို့။

"ဆယ်ယောင်းက သူ့ဘာသူ ကော်ဖီခွက်မှောက်တာ"
"ဟဲ့ ဂျုံးဂု က ဆယ်ယောင်း ကို ကြိုက်နေတာလား"
"ငါတော့အသည်းကွဲပါပြီဟာ "
"Wow ဂိုအွန်းဟာ က Daebak ဘဲ ငါထင်တောင်မထင်မိဘူး အဲလို တုံ့ ပြန်မယ်လို့"
"ဂိုအွန်းဟာ သနားပါတယ်"
"ဟန်ဆယ်ယောင်းက ဟာသ ဘဲ ငါမြင်တာတော့ အွန်းဟာအမှား မဟုတ်ဘူး"
" တွေ့တယ်မလား ဂိုအွန်းဟာ ထွက်သွားတုန်းက လက်မှာသွေးတွေ "

Canteen မှာ ရှိနေတဲ့ ကျောင်းသား ကျောင်းသူတွေကတော့ တစ်ယောက်တစ်မျိုး တီးတိုးတီးတိုး ကျန်ခဲ့သည်လေ။
ဂျုံးဂု တစ်ယောက်တော့ အံ့သြမှုတွေရော မရေရာမှုတွေ ရော ရောထွေးပြီး ကျန်ခဲ့လျက်။ ဖြစ်သင့်ပါသည်လေ။ သူတို့တွေသိထားတဲ့ ဂိုအွန်းဟာ ဆိုသည်မှာ စာတစ်ခုဘဲသိပြီး စကားနည်း အပြုံးအရယ်နည်း တဲ့ ခပ်အေးအေးကောင်မလေး တစ်ယောက် မဟုတ်လား။

ဆယ်ယောင်း သည်လည်း သူမမှန်းထားသည်နှင့် အနည်းငယ် လွဲချော်နေခဲ့သည့် အခြေအနေ ကြောင့် အပြစ်မရှိသည့် နှုတ်ခမ်း ကို သာ ဖိကိုက်လျက်။

ဂျုံးဂု အဖို့ ဆယ်ယောင်းကို လည်း အာရုံမစိုက်နိုင် Canteen ထဲက လူတွေကိုလည်း ဂရုမစိုက်နိုင်တော့။ သူ့လက်မှာပေနေတဲ့ ဂိုအွန်းဟာ ရဲ့ သွေး တွေကိုသာ ငုံ့ကြည့်ရင်း။

ဂိုအွန်းဟာ နင့်ရဲ့ ပုံစံ အစစ်အမှန်ကဘာလဲ...?

စာများလို့ စိတ်ဆင်းရဲပြီး Fic အသစ် လာတင်သွားသည် XD

Just Joke keke 😝

OBLIVIONWhere stories live. Discover now