အပိုင်း(၁)

13.1K 782 105
                                    

(Zawgyi)

" Ji Ah မှာကိုယ်​နဲ့ရတဲ့​ကိုယ်​ဝန်​ရှိ​နေပြီ Baekhyun "

ရပ်​တန့်​မှုမရှိ​တဲ့အချိန်​ ၊ တခဏမျှရပ်​တန့်​သွားသလို...

အတည့်​တည်​ရှိ​နေ​သောကျွန်​​တော်​ရဲ့ကမ္ဘာသည်​လည်း 
ပြောင်းပြန်​အ​နေအထားဖြစ်​သွားခဲ့သလို...

ဟင်းရည်​ခတ်​​နေသည့်​ကျွန်​​တော်​ရဲ့လက်​သည်​လည်း
ကြားလိုက်​ရတဲ့ သူ့နှုတ်​က​ခြွေချလာ​သော စကား
တစ်​ခွန်း​ကြောင့်​ရုတ်​တရက်​ ရပ်​တန့်​သွားခဲ့ရ​ပေသည်​ ။

ဘယ်​​လောက်​ပဲမြိုချမြိုချလှိုက်​တက်​လာတဲ့ဝမ်းနည်းမှုတို့ကို
အထင်​သားမြင်​သာ​နေသည့်​မျက်​ဝန်းအိမ်​မှဝဲတက်​​နေ​သော
ပုလဲဥမျက်​ရည်​တို့သည့်​ ​​ငုံ့ေ​သာက်​​နေသည့်​ဟင်းရည်​ပန်းကန်
ထဲသို့ ​ပေါက်​ခနဲ ​ပေါက်​ခနဲနှင့်​ပင်​ ကျ​၍​နေ​လေသည်​ ။

ပုလဲမျက်​ရည်​တို့ဝဲတတ်​​နေသည့်​မျက်​ဝန်းတစ်​စုံဖြင့်
မျက်​နှာချင်းဆိုင်​ ထိုင်​​နေ​သော သူ့ရဲ့မျက်​နှာကို
လှမ်းကြည့်​လိုက်​​တော့ ​အေး​အေးလူလူပင်​သတင်းစာ
ဖတ်​​နေသည့်​သူ...

ကျွန်​တော်​​​ပြင်​​ပေးထားသည့်​ မနက်​စာဖြစ်​တဲ့​ကော်​ဖီနဲ့
ပေါင်​မုန်​ကြက်​ဥ​ကြော်​​လေးကိုစားပြီး အလုပ်​သွားဖို့
ဟန်​ပြင်​နေသည့်​ သူ့ရဲ့မျက်​နှာသည်​ ကျွန်​​တော်​မျက်​နှာ၏
ဖြစ်​ပျက်​​နေသည့်​ပုံနဲ့ဆန့်​ကျင်​ဘက်​ပင်​ ။

ကွယ်လွန်​​သွား​သောကျွန်​တော်​မိဘများနဲ့သူ့မိဘတို့ထားရှိ
ထား​ခဲ့ကြသောကတိတစ်​ခု​ကြောင့်​ လက်​ထပ်​ခဲ့ကြတဲ့
သူနဲ့ကျွန်​​တော်​...

မိဘ​တွေစိတ်​ချမ်းသာ​စေရန်​အတွက်​လက်​ထပ်
ထားကြ​သောလည်း သူရဲ့ဘက်​မှကျွန်​​တော်​အ​ပေါ်သို့
ထား​သောသံ​ယောဇဉ်​သည်​ကား၅၂၈ဆိုသည့်
ညီအစ်​ကိုသံ​ယောဇဉ်​ထပ်​မပိုခဲ့ ။

လက်​ထပ်​သည့်​​နေ့မှစ၍ယ​နေ့အချိန်​ထိ သူ့ရဲ့ချစ်​သူနဲ့​အဆက်​အသွယ်​မပြတ်​ခဲ့သလို သူ့ချစ်သူ​အထင်​လွဲမှားမည်​ကို​ကြောက်​သဖြင့်
တစ်​​ယောက်​တစ်​ခန်းသီးသန့်​စီ​နေကြသည်​ကိုပဲကြည့်​လျှင်
သူဘက်​မှကျွန်​​တော်​အ​ပေါ် စိတ်​မနည်းယိမ်းယိုင်​ခြင်းမရှိဘူး
ဆိုတာကိုသိနိုင်​​ပေသည်​ ။

|| LET ME LOVE YOU || 《COMPLETED》 Tempat cerita menjadi hidup. Temukan sekarang